လူသားချင်းစာနာမှုအကူအညီ ဖြန့်ဝေခွင့် စစ်ကောင်စီကိုပေးအပ်မှု အရပ်ဘက်အဖွဲ့ ၇ဝဝ ကျော်ကန့်ကွက်

11 May 2022

လူသားချင်းစာနာမှုအကူအညီ ဖြန့်ဝေခွင့် စစ်ကောင်စီကိုပေးအပ်မှု အရပ်ဘက်အဖွဲ့ ၇ဝဝ ကျော်ကန့်ကွက်

အာဆီယံကနေ စစ်ကောင်စီကို လူသားချင်း စာနာမှုအကူအညီတွေ ဖြန့်ဝေခွင့်ပေးခဲ့တဲ့အပေါ် မြန်မာနဲ့ နိုင်ငံတကာက အဖွဲ့အစည်းပေါင်း ၇၆၅ ဖွဲ့ကနေ လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အာဆီယံရဲ့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုအကူအညီတွေ လက်နက်လိုအသုံးချခွင့် ပေးလိုက်တဲ့သဘောပဲလို့လည်း မေလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောဆိုထားတာပါ။

ဒါကြောင့် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲအတွက် ကြိုတင် ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်ထဲမှာ အချက် ၅ ချက်ကို အဓိကထားပါတယ်။

အာဆီယံရဲ့ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်စဉ်းစားသုံးသပ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေနဲ့ အာဆီယံက အမြန်ဆုံး တွေ့ဆုံဖို့၊ မြန်မာနိုင်ငံပြဿနာဖြေရှင်းနိုင်ရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးဖို့၊ မြန်မာနိုင်ငံအတွက် အာဆီယံ အထူးကိုယ်စားလှယ် ထားရှိမှုပုံစံနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ပြန်သုံးသပ် ပြင်ဆင်ဖို့၊ အာဆီယံကို စတင်ထူထောင်ခဲ့တဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ကနေ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်ပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့တွေကို အဓိက တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ – သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သဘောတူချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း အကူအညီတွေအားလုံးရောက်ရှိအောင် လုပ်သွားမယ်လို့ မကြာသေးခင်က ပြောဆိုထားတာပါ။

မလေးရှားနိုင်ငံကတော့ – အာဆီယံအနေနဲ့ မြန်မာနိုင်ငံအခြေအနေ တိုးတက်လာစေရေး NUG နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်မယ့်လမ်းကြောင်းကို ဖွင့်ထားသင့်တဲ့အကြောင်း တင်ပြဖို့ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြန်ကြားရေးအရာရှိက Benar သတင်းဋ္ဌာနကို တနင်္လာနေ့က ပြောဆိုထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia