ဒေါက်တာဇော်မြင့်မောင်၏ ဇနီးနှင့်သမီး ဖမ်းဆီးထိန်းသိမ်းခံရ

ဒေါက်တာဇော်မြင့်မောင်၏ ဇနီးနှင့်သမီး ဖမ်းဆီးထိန်းသိမ်းခံရ

ဒေါက်တာဇော်မြင့်မောင်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေ နှင့် သမီးဖြစ်သူ မစုဝေပုံ (ဘယ်အစွန်)။ (ဓာတ်ပုံ-ပေးပို့)

ရှေ့နေဒေါ်ရွက်နုအောင် အဖမ်းခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်၏ ဇနီးနှင့်သမီးမှာ ယခုလပထမပတ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။   

By Myanmar Now

ဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေနှင့် သမီးဖြစ်သူ မစုဝေပုံကို စစ်ကောင်စီက လွန်ခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ဒေါက်တာဇော်မြင့်မောင်၏ မန္တလေးအိုးဘိုထောင်တွ

ဒေါက်တာဇော်မြင့်မောင်ကို အမှုပေါင်း ၁၀ မှုဖြင့် တရားစွဲဆိုထားသည့် အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထား သည်။

ကြီးလေးသော ပုဒ်မများ အပါအဝင် အမှုအများအပြားဖြင့် တရားစွဲဆိုခံထားရသူ အသက် ၇၀ ကျော် အရွယ် ဒေါက်တာဇော်မြင့်မောင်မှာ သွေးကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်း ပြီး ရက်ပိုင်းကတည်းက မန္တလေးအိုးဘိုထောင်တွင် ထိန်းသိမ်းခံထားရသူဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသည့်အမှုများအနက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပါ ပုဒ်မနှစ်ခု၊ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ထားပြီးဖြစ်ကာ အဂတိလိုက်စားမှုတိုက်ရေး ဥပဒေဖြင့် ငါးမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် နှစ်မှုကို ဆက်လက်ရင်ဆိုင်နေရသည်။

၎င်း၏ ဇနီးနှင့် သမီးဖမ်းဆီးခံရသည့်အတွက် ဒေါက်တာဇော်မြင့်မောင်အတွက်လိုအပ်သော ဆေးဝါးနှင့် အစားအသောက်များကို ပို့ပေးရန်အခက်အခဲများရှိနေသည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉၀၀၀ ကျော်ရှိသည့်အနက် NLD ပါတီဝင် ၉၁၇ ဦး ပါဝင်ကာ ပြန်လည်လွတ်မြောက်လာသူ ၂၁၆ ဦးရှိသည်ဟု NLD ပါတီ ဗဟိုကော်မတီက မေ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်းခေါင်းဆောင်များအပါအဝင် ပါတီဝင် ၇၀၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု သိရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူ ဒေါက်တာဇော်မြင့် မောင်မှာ NLD ပါတီကိုယ်စားပြု၍ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက် အနိုင်ရခဲ့သူဖြစ်သည်။

၎င်းသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ပုဒ်မ ၁၂၂ (၁) အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်တွင် ၁၉ နှစ် နေထိုင်ခဲ့ရကာ ၂၀၀၉ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။​

င်း တရားရုံးချိန်းမှအပြန် ၎င်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် မန္တလေးတွင် နေထိုင်သော ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များမှာ ထွက်ပြေးတိမ်းရှောင်ရသည်ဟု ကနဦး သတင်းများ ရရှိသည်။

ဒေါက်တာဇော်မြင့်မောင်၏ ဇနီး ဒေါ်ယုယုမေနှင့် သမီးဖြစ်သူ မစုဝေပုံကို လွန်ခဲ့သည့်အပတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

တစ်ပတ်နှစ်ကြိမ်ပြုလုပ်သည့် အိုးဘိုထောင်ပရဝုဏ်အတွင်းကျင်းပသော တရားရုံးချိန်းများတွင် ဒေါက်တာဇော်မြင့်မောင်အတွက် အစားအသောက်နှင့် ဆေးဝါးများပေးရန် ဒေါ်ယုယုမေ ပုံမှန်လာရောက်သည်ဟု သိရသည်။

ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရုံးချိန်းသည် ဒေါ်ယုယုမေ နောက်ဆုံးရောက်ရှိခဲ့သော ရုံးချိန်းဖြစ်ပြီး၊ မေလ ပထမပတ်ရုံးချိန်းတွင် ၎င်းလာရောက်သည်ကို မတွေ့ရတော့ကြောင်း တရားရုံးအသိုင်းအဝန်းနှင့် နီးစပ်သူတစ်ဦးကလည်း Myanmar Now ကိုပြောကြားသည်။

“ဒေါ်ရွက်နုအောင် အဖမ်းခံရပြီးတဲ့နောက်ထိ သူ့ကို အဆက်အသွယ် လုပ်လို့ရသေးတယ်။ အဲဒီနောက် ရုံး ချိန်းခေါ်တယ်။ ဒါပြီးတော့ ဆက်သွယ်လို့ မရတော့ဘူး။ အဲဒါ နောက်ဆုံး အဆက်အသွယ်ရတာပဲ။ အဲဒီ နောက်တော့ မဆက်ဖြစ်တော့ဘူး” ဟု ထိုနီးစပ်သူက ပြောသည်။

English version.


Original Post: Myanmar Now

 

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia