04 May 2022
ရက်စွဲ။ ။ ၂၀၂၂ ခုနှစ် မေ (၄)ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် တနင်္သာရီတိုင်းဒေသကြီးတွင် COVID-19 ကပ်ရောဂါကို စစ်ကောင်စီမှ အလွဲသုံးစားလုပ်သည့်အပြင် လက်နက်သဖွယ် အသုံးချမှုကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းများက အနီးကပ်စောင့်ကြည့်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ၊ (၄)လ တာကာလတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 တုံ့ပြန်မှုဆိုင်ရာ သုတေသနပဏာမခြေလှမ်းကို တနင်္သာရီတိုင်းလူထုအသံ (TPV)မှ သုတေသန ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းလူထုအသံသည် တိုင်းအတွင်းရှိ ကဏ္ဍအသီးသီးတွင် လှုပ်ရှားဆောင်ရွက် နေသော ဒေသခံအရပ်ဘက်အဖွဲ့အစည်းပေါင်း (၃၀) ကျော်ပါ၀င်သည့် ကွန်ရက်ကြီးတစ်ခုဖြစ်သည်။ တိုင်းအတွင်းရှိ မြို့နယ် (၁၀) ခုတွင် တနင်္သာရီတိုင်းလူထုအသံမှ အဖွဲ့ဝင် (၃၂) ဦးမှ တွေ့ဆုံမေးမြန်းမှု စစ်တမ်းများ ကောက်ယူခဲ့ပြီး စစ်ကောင်စီမှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် နက်နက်ရှိုင်းရှိုင်း အင်တာဗျူး (case study) ၁၀ ခု ကိုလည်းထပ်မံ ပြုစုခဲ့သည်။ တနင်္သာရီတိုင်းလူထုအသံမှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် စုစုပေါင်း လူ (၂၆၀) ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
တနင်္သာရီတိုင်းလူထုအသံ(TPV)၏ သုတေသနက တနင်္သာရီတိုင်းဒေသကြီးတွင် စစ်အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အဓိကကျသော သက်ရောက်မှု (၈) ခုကို တွေ့ရှိခဲ့ပါသည်။
1) စစ်အုပ်စု၏ ထိန်းသိမ်းမှုအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ သေဆုံးမှုများအတွက် ကိုဗစ်-၁၉ ကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။
2) နိုင်ငံရေးအကျဉ်းသားများအား သီးခြားခွဲထားခြင်းအတွက် ကိုဗစ်-၁၉ ကို ကျိုးကြောင်းဆီလျော်မှု ပြသချက်အဖြစ် အသုံးပြုခဲ့သည်။
3) စစ်အုပ်စုက ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် လုံခြုံမှုမရှိဟု ပြည်သူများ က ခံစားရပြီး ထိုနေရာများတွင် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ကြသည်။
4) ကျန်းမာရေးစံချိန်စံညွှန်း အားနည်းခြင်းနှင့် စစ်အုပ်စု၏ ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ခွဲခြားဆက်ဆံမှုများ တွေ့ရှိရသည်။
5) လွတ်လပ်စွာသွားလာခွင့်ကို စစ်အုပ်စုက ကန့်သတ်ရန်အတွက် ကိုဗစ်-၁၉ အား အကြောင်းပြချက် အဖြစ် အသုံးပြုသည်ကို တွေ့ရှိရသည်။
6) စစ်အုပ်စုက နှာခေါင်းစည်းမတပ်ဖို့ အမိန့်ပေးခြင်းသည် ကိုဗစ် -၁၉ ကာကွယ်ရေး စံချိန်စံညွှန်းများကို ချိုးဖောက်ခဲ့သည်ဟု တွေ့ရှိရသည်။
7) စစ်အုပ်စုက လုံခြုံရေးကို အကြောင်းပြပြီး ညအချိန် နေအိမ်များသို့ ဝင်ရောက်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ၎င်းတို့က မကာကွယ်သည့်အပြင် ပြည်သူလူထု ချိုးဖောက်ခြင်းကို တွေ့ရှိပါက ဖမ်းဆီးခြင်း ဒဏ်ရိုက်ခြင်းများကို တွေ့ရှိရသည်။
8) လူထုကဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်ရေးအစပျိုးမှုများနှင့် တု့န်ပြန်ဆောင်ရွက်မှုများကို စစ်အုပ်စုက ဖျက်ဆီးနှောက်ယှက်ခြင်းများ တွေ့ရှိရသည်။
တနင်္သာရီလူထုအသံ(TPV)သည် ဤတင်ပြချက်တွင်ဖော်ပြထားသည့် တွေ့ရှိချက်များမှာ မြန်မာစစ်အုပ်စု၏ ကိုဗစ်-၁၉ အခြေအနေကို သံသယရှိစရာမရှိပဲ ပိုမိုဆိုးရွားအောင် လုပ်ဆောင်လျက်ရှိပြီး ယုံကြည်စိတ်ချနိုင်လောက်သော ကျန်းမာရေးစောင့်ရှောက်သူမဟုတ်ဟူသည့် ကြီးထွားလာနေသော အထောက်အထားကို ပိုမို ခိုင်မာစေလိမ့်မည်ဟု ယုံကြည်သည်။ သို့ဖြစ်ရာ မြန်မာပြည်သူများအား ကိုဗစ်-၁၉ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့သော နိုင်ငံတကာသက်ဆိုင်သူများအတွက် ယုံကြည်စိတ်ချရသော လုပ်ဖော်ကိုင်ဖက် အဖြစ် မြန်မာစစ်အုပ်စုကို ထည့်သွင်း မစဉ်းစားသင့်ပေ။
ဤအစီရင်ခံစာပါ တွေ့ရှိချက်များကိုအခြေခံ၍ တနင်္သာရီတိုင်းလူထုအသံ(TPV)က ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းသို့ အောက်ပါ အကြံပြုချက်များ ပေးပို့ပါသည်။
အသေးစိတ် သုတေသန တွေ့ရှိချက်များအတွက် ပူးတွဲပါ အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုပါ။
ဆက်သွယ်ရန်
PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.