01 May 2022
လွတ်မြောက်ရေးနှင့်အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ (Freedom and Labor Action Group-FLAG)မှ အာဏာသိမ်းမှုအောက် မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်းကြား အလုပ်သမားများ၏ ဘဝဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်ရပ်ကို ပြုစုထုတ်ပြန်လိုက်ကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။
ဤအစီရင်ခံစာသည် COVID-19 တတိယလှိုင်းနှင့် အာဏာသိမ်းကာလ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း အလုပ်သမားများကို ရှင်းလင်းစွာသိမြင်နိုင်ရန် ထင်ဟပ်ဖော်ပြပါသည်။
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်နေ့မှစပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူမှု၏ အကျိုးဆက်များ ကို ကြုံတွေ့လျှက်ရှိပါသည်။ စစ်ကောင်စီသည် အလုပ်သမားသမဂ္ဂများ နှင့် အလုပ်သမားခေါင်းဆောင် အများအ ပြားကို ဖမ်းဆီးခြင်းအပြင် အလုပ်သမားသမဂ္ဂများ လုခြုံစွာစည်းရုံးဆောင်ရွက်ခြင်းမပြုလုပ်စေရန် ဟန့်တားပိတ်ပင်မှုအမျိုးမျိုးကို ဖိနှိပ်ဆောင်ရွတ်လျက်ရှိသည်။ထို့ကြောင့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံမှု၊ လုပ်ငန်းခွင်လုံခြုံမှု၊ သမဂ္ဂများ ကောင်းမွန်စွာရှင်သန်ရေးနှင့် အလုပ်သမားအခွင့်အရေးများ ထိခိုက်ဆုံးရှုံးရလျက် ရှိသည်။
ထို့အပြင် COVID-19တတိယလှိုင်းသည်လည်း အလုပ်သမားများ၏ဝမ်းစာရေးနှင့် အသက်မွေး ဝမ်းကြောင်းမှုတွင် ထိခိုက်စေသည့် အဓိကအခန်းဏ္ဍတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းမှု၏ ဆိုးကျိုးများနှင့် COVID-19 တတိယလှိုင်းတို့ကြောင့် မြန်မာနိုင်ငံရှိ အလုပ်သမားများ အခြေအနေကို မြန်မာပြည်သူများနှင့်နိုင်ငံတကာမှ သိရှိစေရန်အတွက် ဤအစီရင်ခံစာကို စူးစမ်းလေ့လာ ပြုစုထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်မှ စတင်ကာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများ၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများအတွက် အခွင့်အလမ်းမြင့်တက်လာခဲ့ပြီး နိုးကြား တက်ကြွသော အလုပ်သမားထုတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့ပါသည်။ ထို့အလုပ်သမားများအနေဖြင့် မျှတသော လုပ်ခလစာအပြင် ပိုမိုကောင်းမွန်သော အလုပ်ချိန်များ၊ ရသင့်သော အလုပ်သမားအခွင့်အရေးများ အတွက် တောင်းဆိုမှုများကို တောင်းဆိုရုန်းကန်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် ခေတ်ပြောင်းတော်လှန်ရေး လှုပ်ရှားမှုများမှသည် ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအထိ အလုပ်သမားထုကြီးသည် ထိပ်ဆုံးမှ ပါဝင်ခဲ့ကြသည်။
၂၀၂၀-၂၀၂၁ခုနှစ် ကာလများတွင် COVID-19 နောက်ဆက်တွဲ သက်ရောက်မှုများ နှင့် စစ်အာဏာသိမ်း လုပ်ဆောင်မှုများ၏ အထွေထွေမတည်ငြိမ်မှု သက်ရောက်ခြင်းများကြောင့် စက်ရုံများပိတ်သိမ်းကြသဖြင့် သိန်းချီသော အလုပ်လက်မဲ့များ ပေါ်ပေါက်ခဲ့ရသည်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့် မတရား အနိုင်ကျင့်ခွင့်ရနေသော အခြေအနေများကြောင့် အလုပ်သမားများအပေါ် ကျွန်သဖွယ် ပြုမှုဆက်ဆံနေကြသလို စုစည်းမှုဖြင့် ကာကွယ်ပေးရန် ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂများကိုလည်း နည်းအမျိုးမျိုးဖြင့် ဖြိုခွဲဖျက်ဆီးလျက်ရှိသည်။ ဤအခြေအနေ ဖြစ်ရပ်မှန်များနှင့် အကြောင်းအရင်းများကို သိစေရန်၊ အလုပ်သမားများ၏ဘဝကို တထောင့်တနေရာမှ ကာကွယ်မြှင့်တင်နိုင်ရန် ရည်စူး၍ ဤအစီရင်ခံစာကို ပြုစုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ဤအစီရင်ခံစာတွင် အလုပ်သမားများ၏ ဘဝမြင့်မားရေးအတွက် သက်ဆိုင်သူအသီးသီးထံသို့ အကြံပြုချက်များအားလည်း စုဆောင်းဖော်ပြထားပါသည်။ ဤအစီရင်ခံစာအားလည်း အသုံးပြု ဆောင်ရွတ် ပေးကြရန်လည်း တိုက်တွန်းနှိုး ဆော်အပ်ပါသည်။ ဤအစီရင်ခံစာ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိကြောင်း ဖော်ပြအပ် ပါသည်။
ရက်စွဲ။ ။၂၀၂၂ခုနှစ်၊ မေလ ၊ ၁ ရက်နေ့
လွတ်မြောက်ရေးနှင့် အလုပ်သမားရေး လှုပ်ရှားသူဆောင်ရွက်သူများအဖွဲ့ (FLAG)
ဆက်သွယ်ရန်။ ။ ကိုထွန်: +95 9 986 194485 (Signal)
ကိုမာ +959788440776 (Signal)
ကိုဇော်ရဲ +95 9 772 634911 (Signal)
သတင်းထုတ်ပြန်ချက် ဒေါင်းလုတ်ယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.