21 April 2022
ဧပြီလ ၂၁ ရက်နေ့၊ ၂၀၂၂ ခုနှစ်
ယနေ့ ဧပြီလ ၂၁ ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-နာယက၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တာ ၈နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။
မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေးအတွက် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် ဆရာကြီးအား စစ်အာဏာရှင်တို့က မတရားအမှုဆင်ကာ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။ ဆရာကြီးသည် အကျဉ်းထောင်တွင်း နေထိုင်စဉ် ကာလတလျှောက်တွင်လည်း အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများ တောက်လျှောက်ခံခဲ့ရသည်။ အိမ်ခန်းက ဖယ်ပေးခဲ့ရ သည်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးခဲ့ရသည်။ ထောက်လှမ်းစစ်ကြောရေးလက်ချက်ဖြင့် သွားများ အားလုံး ပြောင်သလင်းခါခဲ့ရသည်။ ထောင်ဆန်ကြမ်းထမင်းနှင့် ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနှင့်မြုံခဲ့ရသည်။ အစာအိမ်ရောဂါစွဲခဲ့ရသည်။ အူကျရောဂါကို ငါးနှစ်တိတိ ကုသခွင့်မပေး၊ နှလုံးရောဂါ ကို ကုသခွင့်မပေးသည့်အတွက် သေရာပါ နာတာရှည်ဖြစ်သွားခဲ့ရသည်။ နှစ်နှစ်ဆယ်နီးနီး မည်သူနှင့်မျှ ဆက်သွယ်ခွင့်မရဘဲ တစ်ဉီးတည်း တိုက်ပိတ်ခံရသည်ကို ဆရာကြီး ကိုယ်တိုင်ရေးသားထားသည့် ဘာလဲဟဲ့ လူ့ငရဲစာအုပ်တွင် ဖေါ်ပြထားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ဆိုးရွားလှသော ငရဲခန်းကို မကြောက်မရွံ့ ရဲရင့်စွာ ကျော်ဖြတ်ခဲ့သည်ကိုလည်း ထိုစာအုပ်တွင် လေ့လာကြရမည်ဖြစ်သည်။
ဆရာကြီးသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုတစ်ခုအနေဖြင့် အကျဉ်းထောင် ဝတ်စုံဖြစ်သည့် အပြာရောင်အင်္ကျီနှင့် ပုဆိုးကို ကွယ်လွန် သည်အထိ ဝတ်ဆင်သွားခဲ့သည်။
ပြည်တွင်း၊ပြည်ပရှိ မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးသူများအနေနှင့်လည်း နှစ်စဉ် ဧပြီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အပြာရောင် အင်္ကျီများ ဝတ်ဆင်ခြင်း သင်္ကေတပြုကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုမှ အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာလုခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယနေ့တွင် အာဏာလုမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသဖြင့် အကျဉ်းထောင် အသီးသီး၌ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း အနည်းဆုံး (ထောင်ဒဏ်ချမှတ်ပြီး ၉၉၆ ဦး + ထောင်တွင်းမှတရားရင်ဆိုင်နေရသူ ၉၂၇၅ ဦး) (၁၀၂၇၁)ဦး ရှိနေပြီဖြစ်သည်။
အကြမ်းဖက်အာဏာလုစစ်အုပ်စုက ၎င်းတို့အာဏာတည်မြဲရေး အတွက် ဆန့်ကျင်တော်လှန်သူမှန်သမျှကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကာ အကျဉ်းထောင်တွင်း၌ ချုပ်နှောင်ထားလျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည် ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် အကြမ်းဖက် အာဏာလု စစ်အုပ်စုအပေါ် လုံလောက်သော ဖိအားပေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ယန္တရားများက အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို နည်းမျိုးစုံသုံးကာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်လျက်ရှိသည်ကို သတိမူပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့မိသားစုများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ပေးဆပ်မှုများကို မမေ့လျော့ဘဲ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးပါရန် တောင်းဆိုအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားအားလုံးချက်ချင်းလွှတ်
#BlueShirt4Burma #BlueShirtDay
အရေးတော်ပုံအောင်ရမည်…..
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.