By Myanmar Now
၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးအခင်းမှာ စစ်တပ်အကြီးအကဲတွေက အောက်ခြေစစ်သားတွေကို အကြမ်းဖက်မှုမျိုးစုံ လုပ်ခွင့်ပေးပြီး ရိုဟင်ဂျာနှိမ်နင်းရေးကို စနစ်တကျ လုပ်ခိုင်းခဲ့တာလို့ အဲ့ဒီအရေးအခင်းကာလမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ ဗိုလ်ကြီးတစ်ဦးက Myanmar Now ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး CDM ဝင်လာတဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၅၁က ဗိုလ်ကြီးနေမျိုးသက်ဟာ စစ်မှုထမ်းသက် ၁၃နှစ်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၇နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
စစ်သားတွေက ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီး၊ ရသမျှပစ္စည်းကိုယူပြီး လူတွေကိုသတ်တဲ့ အဲ့ဒီဖြစ်ရပ်မှာ ဘာသဲလွန်စမှ မကျန်ရလေအောင် စစ်တပ်အကြီးအကဲတွေက အပြောင်ရှင်းခိုင်းတဲ့အကြောင်းတွေကို “ဇွဲမာန်ဟုန်’ လို့အမည်ပေးထားတဲ့ အဲ့ဒီစစ်ဆင်ရေးမှာ ထောက်ပို့အရာရှိအဖြစ်ပါဝင်ခဲ့တဲ့ ဗိုလ်ကြီးနေမျိုးသက် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
Original Post: Myanmar Now