ထားဝယ်မြို့ကတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ကိုဟိန်းမင်းကိုကို ခေါ် ကိုဟိန်းလွင်ထူး
By BBC
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ထားဝယ်မှာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၀၀ ကျော်အထိရှိလာ
တနင်္သာရီတိုင်း၊ထားဝယ်မြို့ကတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ကိုဟိန်းမင်းကိုကို ခေါ် ကိုဟိန်းလွင်ထူးကိုထားဝယ်ထောင်တွင်းတရားရုံးက ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ထောင်ဒဏ် ၂၈ ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။
အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလထဲမှာ ထားဝယ်မြို့ဘုမ္မော်ရပ်ကွက်က သပိတ်စစ်ကြောင်းတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ လက်မောင်းနဲ့ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ကိုဟိန်းမင်းကိုကို ကို ပုဒ်မ ၅၀၅ (က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃ အတွက် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃/၆ အတွက်၁၂နှစ် နဲ့ ပေါက်ကွဲပုဒ်မ ၃/၅ အတွက် ၁၂နှစ် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။
အခုချမှတ်တဲ့ထောင်ဒဏ် ၂၈နှစ်ဟာ ထားဝယ်နိုင်ငံရေးအကျဉ်းသားတွေအမိန့်ချခံရမှုတွေထဲမှာ အမြင့်ဆုံးထောင်ဒဏ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထားဝယ်မြို့မှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းခဲ့သလို အာဏာသိမ်းမှုကိုပုံစံမျိုးစုံနဲ့ ဆန့်ကျင်တာတွေရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး လက်ရှိမှာတော့ ထောင်ဒဏ်ချမှတ်ခံထားသူပေါင်း ၂၁၃ ယောက်ရှိနေပြီလို့ ထားဝယ်နိုင်ငံကျေးအကျဉ်းသားများကွန်ရက်က ၂၀၂၂ ခုနှစ် မတ်လ ၆ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ စာရင်းတွေကိုထုတ်ပြန်ထားပါတယ်။
အခုလိုထောင်ဒဏ်ချမှတ်ခံထားရသူတွေမှာတော့ အမျိုးသမီး ၃၈ ယောက်နဲ့အမျိုးသား ၁၇၅ ဦးပါဝင်ပြီး ထောင်ဒဏ် ၂ နှစ်ကစလို့ ၇နှစ်၊ ၉ နှစ် ၊ ၁၄ နှစ်စတဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ပါဝင်နေတယ်လို့ထားဝယ်နိုင်ကျဉ်းရဲ့မှတ်တမ်းတင်ထားတဲ့စာရင်းတွေအရသိရပါတယ်။
ဓါတ်ပုံ- Dawei Political Prisoners Network
ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-60389755
Original Post: BBC
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.