ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG), လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့သည် ဒေသခံအမျိုးသမီးအဖွဲ့အစည်းတခုမှ ပေးပို့သည့် သတင်းအချက်အလက်များ ပေါင်းစပ်၍ “ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်သည်။ ကရင်နီ (ကယား) ပြည် နယ်တွင် စစ်အာဏာရှင်တို့မှ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန် ချိုးဖောက်သည့် အထောက်အထားများကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သား ပြည်သူ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ များပြားလာခြင်းကို ရှုံ့ချပြီး အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုသည်။
၂၀၂၁ ခုနှစ် မေလမှစပြီး ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်။ မြန်မာ ပြည်ရှိ အသေးငယ်ဆုံး ပြည်နယ်လေးတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အထီးကျန်ဖြစ်ကာ လူဦးရေ လေးပုံတပုံမှာ လုံခြုံစိတ်ချရာ နေရာများသို့ မဖြစ်မနေ ထွက်ပြေး ရွှေ့ပြောင်းကြရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ “ခရစ်စမတ်အကြိုနေ့ တိုက်ခိုက်မှု” တွင် ရွာသား ၄၀ ခန့်အား ဖမ်းဆီး၍ မော်တော်ယာဥ်များပေါ်တွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် ထိတ်လန့်တုန် လှုပ်ဖွယ် လုပ်ရပ်အား လက်မရွံ့ဘဲ ကျူးလွန်တတ်သည့် စစ်အာဏာရှင်တို့၏ အစစ်အမှန် ပုံစံအား ဖော်ထုတ် ပြသခဲ့သည်။ စစ်တပ်မှ ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် တရားဥပဒေနှင့် ဆန့်ကျင်၍ အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေခြင်းကို ကမ္ဘာ့ ပြည်သူတို့အ နေဖြင့် သိရှိရန် လိုအပ်ပါသည်။
“စစ်သားတွေရဲ့လုပ်က ဘာနဲ့မှ နိုင်းလို့မရဘူး။ လူစိတ်မရှိတော့ဘူး။ နှိုင်းစရာ စကားလုံးတောင် မရှိတော့ ဘူး။ သူတို့လုပ်ရပ်က ဥပဒေနဲ့မညီဘူး။ နိုင်ငံကတာက ကူညီပေးကြပါ။ မြန်မာပြည်ကြီးကို ကယ်တင် ပေးပါ။ ကျွန်မတို့ ကယားပြည်နယ်ကို ကယ်တင်ကြပါ။ သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်ကို တစ်ခြားသူတွေ သိအောင်ပြောပေးကြပါ” ဟု ခရစ်စမတ်အကြိုနေ့ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု တွင် ပါဝင်သွားသူ၏ အမမှ ND-Burma နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုသည်။
အရပ်သားပြည်သူများမှာ ၎င်းတို့ရပ်ရွာများတွင် ကျူးလွန်နေသည့် ကြောက်မက်ဖွယ် အခြေအနေများ ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် လက်ငုပ်လက်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း များကိုလည်း လက်လွှတ်ဆုံးရှုံးကြရသည်။ ထောင်သောင်းချီသည့် ပြည်သူများမှာ စစ်ပြေးဒုက္ခသည် များအဖြစ် ထွက်ပြေး ရွှေ့ပြောင်းနေကြရပြီး လူသားချင်းစာနာသည့် အကူအညီများ အရေးပေါ် လိုအပ် နေသည်။ ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့်အစား စစ်အာဏာရှင်များက ဒုက္ခသည်စခန်းများကို လေကြောင်းမှ တိုက်ခိုက်ပြီး ထပ်မံခြိမ်းခြောက် နေသည်။ စစ်အာဏာရှင်တို့မှ ကျူးလွန် ချိုးဖောက်မှုများက တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှု အရေးမစိုက်ကြောင်း ပေါ်ပေါ်ထင်ထင် ပြသနေ ခြင်းဖြစ်သည်။
စစ်အာဏာရှင်တို့အား ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံစေရန် နိုင် ငံတကာအသိုင်းအဝိုင်းမှ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ ကြီးမားပြင်းထန်သည့် လုပ်ရပ်များ အပေါ် တုန့်ပြန်ရန် ပျက်ကွက်ခြင်းသည် စစ်အာဏာရှင်တို့အား မည်သူမျှ ဖိအားပေးနိုင်ခြင်း မရှိ ကြောင်း အချက်ပြနေသကဲ့သို့ ဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်မှစပြီး စစ်အာဏာသိမ်းခြင်းဖြင့် အာဏာကို ဆုပ်ကိုင်ထားသည့် စစ်အာဏာရှင်များက ၎င်းတို့အနေဖြင့် ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ထိန်းသိမ်း တန်ဖိုးထားရန် ဆန္ဒမရှိကြောင်း အတိအလင်း ပြသနေသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ကြီးလေးသည့် ရာဇဝတ်မှုများကို ကျူးလွန်သည့် စစ်ရာဇဝတ်သားဖြစ်သည်။ ၎င်းနှင့် စစ်အရာရှိကြီးများအား အ မြင့်ဆုံး တရားခုံရုံးများတွင် တရားစွဲဆို၍ “ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး တာဝန်ယူ တာဝန်ခံရမည်”ဆိုသည့် ပြင်းထန်သော သတင်းစကား ပေးရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)
[email protected]
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG)
[email protected]
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) သည် ကရင်နီပြည်နယ်အတွင်းရှိ လက်ရှိ အခြေအနေများနှင့် မြန်မာစစ်အာဏာရှင်တို့ ကျူးလွန်ချိုးဖောက်နေသည့် လူ့အခွင့်အရေး အခြေအနေများကို အစီရင်ခံ တင်ပြနေသည်။
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၄။ အနာဂါတ်အလင်းတန်းဆုံမှတ်
၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း
၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့
၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ
ဆက်စပ်အဖွဲ့ဝင်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့
၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၃။ ပအိုဝ်းလူငယ်များအစည်းအရုံး
၄။ ရှေ့ပြေးအသံ
“ကမ္ဘာကြီး သိပါစေ” အစီရင်ခံစာရယူရန်
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.