30 January 2022
ယခု နွေဦးတော်လှန်ရေးနှစ်ပတ်လည်၊ ဖေဖော်ဝါရီ (၁) ရက်နေ့အတွက် ပြည်သူတွေ တိုက်တွန်းနှိုးဆော်ထားကြတဲ့ “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (အသံတိတ်သပိတ်) ဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲမှာ မိမိတို့ ပြည်သူတွေ သွေးမအေးကြောင်း၊ သွေးမကြောင်ကြောင်းကို ရှင်းရှင်းဘွင်းဘွင်း ဖော်ထုတ်ပြသနိုင်တဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကြီးမှာ ပြည်သူတရပ်လုံးက တညီတညွတ်တည်း “ပါးပါးနပ်နပ်၊ ပညာသား ပါပါနဲ့” ပါဝင်ဆင်နွှဲကြမယ်လို့လည်း အပြည့်အဝ ယုံကြည်ပြီး ဖြစ်ပါတယ်။ အသံတိတ်သပိတ်ဆိုတာက အဲ့ဒီနေ့အဲ့ဒီအချိန်အတွင်းမှာ မြို့ထဲရွာထဲ ရပ်ကွက်ထဲမှာ၊ လမ်းမများထက်မှာ လူသူကင်းမဲ့၊ ခြောက်သွေ့၊ တိတ်ဆိတ်ငြိမ်သက်နေရေးက ပဓာန ဖြစ်ပါတယ်။ အသံတိတ်သပိတ် အောင်မြင်စွာ ပြီးဆုံးတဲ့အချိန် ညနေ (၄) နာရီတိတိမှာတော့ လက်ခုပ်တီးသပိတ်အပါအဝင် အခြားသော အသံထွက်လှုပ်ရှားမှုသပိတ်များကို ဆောင်ရွက်ကြဖို့လည်း ရှိပါမယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ကျနော်တို့ ပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုနဲ့ စုပေါင်းအင်အားအပေါ် အတော်ကို တုန်လှုပ်ခြောက်ခြားနေတာ သိသာထင်ရှားလှပါတယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲကြတဲ့ “အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး” ကို သူတို့ အလွန် သွေးပျက်နေတာမို့ ပုံစံမျိုးစုံက ဖိနှိပ်နှောက်ယှက်မှာပါပဲ။
ဒီလိုအခြေအနေမျိုး၊ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မို့ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ “Freedom is not Free” “လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး”။
ကျနော်တို့ ဒီနှစ်သစ်မှာ မျှော်ရည်ရာ ပန်းတိုင်ကို ရောက်ဖို့၊ အောင်ပွဲဆင်ဖို့ “ပြည်တော်ဝင်” ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ကျနော်တို့ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်
၃၀ ဇန်နဝါရီ ၂၀၂၂
Original Post: Dr. Tayzar San
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.