27 January 2022
ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ချခံရသူ ၇ ဦးအနက်မှ မဝင်းထက်မာ၊ ကိုကျော်ဇင်လင်း၊ ကိုဖြိုးဟိန်းကျော်နှင့် ကိုသူရအောင်။ (ဓာတ်ပုံ – Supplied)
အာဏာသိမ်းမှု ဆန့်ကျင်သည့် လူငယ်များကို ရန်ကုန် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှု ကျူးလွန်သည်ဟူသော စွဲချက်နှင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့သည်
By Myanmar Now
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက လူငယ် ၇ ဦးကို ဘဏ်ဓားပြတိုက်မှုစွဲချက်ဖြင့် ယနေ့ (ဇန်နဝါရီ ၂၇) နံနက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌဟောင်း မဝင်းထက်မာ (ခ) အမာ၊ ကိုကျော်ဇင်လင်း၊ ကိုသူရအောင်၊ ကိုဝင်းထိုက်ကိုကို၊ ကိုမင်းဟိန်းသူ၊ ကိုဖြိုးဟိန်းကျော်၊ အငှားယာဉ်မောင်း ကိုလင်းလင်းထိုက်တို့ကို ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ် ၁၈၅ သိန်း ဓားပြတိုက်မှု ကျူးလွန်သည်ဆိုကာ ဖမ်းဆီးပြီး ၄ လအကြာတွင် ယင်းသို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“ရာဇသတ်ကြီးပုဒ်မ ၃၉၅ အရ ချလိုက်တာပေါ့။ ၇ ဦးစလုံးကို ၁၀ နှစ်စီ ချလိုက်တာ။ Taxi ယာဉ်မောင်းကျတော့ သူက အမှုကျူးလွန်ရာမှာ ကျန်ခဲ့တဲ့အဝတ်အစားတွေ ပစ္စည်းတွေကို အချိန်မီမအပ်တဲ့အတွက် သူ့ကိုပါ ချလိုက်တာ ”ဟု ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။
၇ ဦးအနက်မှ ၅ ဦးသည် အခြားတရားရုံးတစ်ခုတွင်လည်း ရာဇသတ်ကြီး ပုဒ်မ ၃၉၅ အရ ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ရှေ့နေက ဆက်ပြောသည်။
“နောက်တစ်မှုကကျတော့ အနောက်ပိုင်းခရိုင်တရားရုံးမှာ စွဲထားတာ။ အဲဒီအမှုက မစစ်ရသေးဘူး။ နောက်ထပ် ဝရမ်းထုတ်ခံရတာက တစ်ဦးကျန်တယ်”ဟု ဆိုသည်။
ယမန်နှစ် စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်း မဝင်းထက်မာကို ၎င်းနေထိုင်ရာ တာမွေမြို့နယ်၊ ၁၅၂ လမ်း နေအိမ်၌ စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ယင်းမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ ဗကသကျောင်းသား ကိုကျော်ဇင်လင်းကို ဖမ်းဆီးခဲ့သည်ဟု နီးစပ်သည့်နိုင်ငံရေးလှုပ်ရှားသူများက ဆိုသည်။
၎င်းတို့အနက်မှ ၅ ဦးကို ပုဒ်မ ၃၉၅ ဖြင့် စွဲဆိုထားသည့် နောက်တစ်မှုမှာ ကမ္ဘာ့ရတနာဘဏ်ခွဲနောက်တစ်ခုကို ဓားပြတိုက်မှုပင် ဖြစ်သည်။
၂၀၂၁ ဩဂုတ်လကုန်တွင်လည်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် သမိုင်းမြို့ဟောင်း (၈) လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ်ခွဲ(၂) ကိုလည်း ၁၁၇၉ သိန်း ဓားပြတိုက်ခဲ့ကြောင်း၊ စစ်ကောင်စီပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.