26 December 2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်
၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းက အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။ ဤရက်စက် ကြမ်းကြုတ်သော နိုင်ငံတကာရာဇဝတ်မှုအပေါ် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှ အရေးပေါ် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂။ ၂၀၂၁ ခုနှစ် မေလ (၂၀) ရက်နေ့မှစတင်၍ ကရင်နီပြည်တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်ဖြိုခွင်းမှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုမြောက်သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်၏ လူဦးရေထက်ဝက်မျှဖြစ်သော လူပေါင်း (၁၅၀,၀၀၀) ကျော်ခန့်ကို နေရပ်စွန့်စွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအဖြစ်သို့ ရောက်ရှိစေခဲ့သည့်အပြင် နေအိမ်နှင့် အဆောက်အဦး (၆၅၂) လုံးကျော်ခန့်လည်း ဖျက်ဆီးခံခဲ့ရပြီး အပြစ်မဲ့ပြည်သူလူထုများ ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။
၃။ ကရင်နီပြည်တွင် အကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်သော နိုင်ငံတကာ ရာဇဝတ်မှုမြောက် လုပ်ရပ်အပေါ် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး တရားမျှတမှု ရရှိရန်အတွက် ကရင်နီပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ်သည် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့အရပ်သား ၁၁ ဦးတို့ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသည့်။ ထိုမတိုင်ခင် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကနီမြို့နယ်တွင် စုစုပေါင်း အနည်းဆုံးပြည်သူ ၄၀ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသော ဖြစ်ရပ်သုံးခုကို အကြမ်းဖက်စစ်အုပ်စုမှ လူမဆန်စွာ လုပ်ဆောင်ခဲ့သည်။ သို့ဖြင့် ဤကဲ့သို့သော လူမဆန်သည့် ဖြစ်ရပ်များ ထပ်မံဖြစ်ပွားမည်ကို မိမိတို့မှ အထူးစိုးရိမ်ပူပန်ပါသည်။
၄။ ကရင်နီပြည်ဘက်တွင် လူမဆန်သော ဤဖြစ်ရပ် ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းတွင် အကြမ်းဖက် စစ်အုပ်စုသည် ကရင်ပြည်နယ်ရှိ လေးကေကော်ဒေသနှင့် ထိုဒေသအနီးတဝိုက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ကာ နောက်ပိုင်းတွင် ဗုံးကြဲလေယာဥ်များဖြင့် ပရမ်းပတာ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ကြရပြီး ထိုလူဦးရေ၏ တစ်ဝက်ခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်။ အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်သော လက်နက်ကြီးတချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ အိုးအိမ်တချို့ ပျက်စီးသဖြင့် ထိုင်းပြည်သူတချို့သည် လုံခြုံရေးအတွက် တခြားနေရာသို့ တိမ်းရှောင်နေကြရသည်။
၅။ အကြမ်းဖက်စစ်အုပ်စုမှ ယခုကဲ့သို့ ကရင်နီပြည်နှင့် ကရင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူများအပေါ် လူမဆန်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့် တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများကို လွန်စွာဒုက္ခရောက်စေပြီး ပြည်သူများ၏ လူသားလုံခြုံမှုကို ကင်းမဲ့စေသည်။
၆။ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုအား အောက်ပါအတိုင်း ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေးအတွက် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ကြရန် မိမိတို့မှ တောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
လက်မှတ်ရေးထိုးသော အရပ်ဘက်လူထုအဖွဲ့အစည်းများ
PDF ဖိုင်များဖြင့် ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.