30 November 2021
နိုဝင်ဘာ ၁၆ ရက် ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ်အစပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ဖမ်းဆီးခံရသည့် PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများ
By ဧရာဝတီ
စစ်ကိုင်းတိုင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွင် ဆေးတပ်ဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေစဉ် ဖမ်းဆီးခံရ သည့် ချင်းတိုင်းရင်းသူ ၉ ဦးအား ကလေးမြို့ အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း သတင်းရသည်။
ယခုလ နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ်အစပ်တွင် ဒေသကာ ကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြားဖြစ်ခဲ့သည့် တိုက်ပွဲတွင် အဆိုပါ ဆေးတပ်ဖွဲ့ဝင်များမှာ စစ်ကောင်စီ၏ ဖမ်းဆီးခံ ရခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ မိသားစုများနှင့် တွေ့ ခွင့်မရဘဲ ၎င်းတို့၏ ကျန်းမာရေး အခြေအနေကိုလည်း သိခွင့်မရကြောင်း ကလေး PDF မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“ကလေးမြို့ အကျဉ်းထောင်ကို ရောက်နေတယ်လို့ ကြားတယ်။ တွေ့ခွင့်တော့ မရှိဘူး။ ပစ္စည်းတွေတော့ ပို့လို့ရတယ် လို့ ပြောတယ်။ စားနပ်ရိက္ခာတွေပေါ့။ ကျန်းမာရေး အခြေအနေလည်း မကြားရပါဘူး။ ထောင်ထဲ ရောက်သွားတယ်။ ဒီလောက်ပဲ သိရတယ်” ဟု ၎င်းက ဆိုသည်။
၎င်းတို့ ၉ ဦးအား ကလေးအကျဉ်းထောင်သို့ ပို့လိုက်ပြီဟုသာ သိရပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုထားသည် ကိုမူ မသိရှိရသေးကြောင်း၊ ၉ ဦးအနက် ၆ ဦးမှာ ကလေးမြို့ အကျဉ်းထောင်သို့ နိုဝင်ဘာ ၂၄ ရက်တွင် ပို့ခံရပြီး ကျန် ၃ ဦးမှာ နိုဝင်ဘာ ၂၈ ရက်တွင် ပို့ဆောင်ခံရခြင်း ဖြစ်ကြောင်း ကလေး PDF မှ တာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာ ၁၆ ရက် ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ်အစပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ဖမ်းဆီးခံရသည့် PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများ သတင်း
ဖမ်းဆီးခံထားရသည့် ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးများထဲမှ အသက် ၂၀ နှစ်အရွယ် လားမွန်ကိမ်းမီး၏ အစ်မဖြစ်သူက “ထောင်ထဲမှာပဲ ရောက်နေပြီ ဆိုတာကို ကျမတို့ရပ်ရွာက လူကြီးတွေ လာပြောမှပဲ သိရတာ။ ပြီးခဲ့တဲ့ စနေနေ့တုန်းက သွားတွေ့တယ်။ သူ့အတွက် အဝတ်အစား၊ အသုံးအဆောင်ရယ် စားစရာက မုန့်ခြောက်နဲ့ နှစ်ပြန်ကြော်လေးတွေ သွားပေးတယ်။ အကျဉ်းထောင်က လူတွေဆီပဲ ပေးလိုက်ရတယ်။ သူ့မှာ ဒဏ်ရာတွေနဲ့ ဆိုတော့ စိုးရိမ်တယ်” ဟု ပြော သည်။
နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ်အစပ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတို့အကြား ၂ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားရာ ယင်းတိုက်ပွဲအတွင်း ကလေး PDF တပ်ရင်း (၃) အောက်ရှိ တပ်ရင်းစခန်းတခု သိမ်းပိုက်ခံရသည့် အချိန်တွင် စခန်းအတွင်း ရှိနေသော အမျိုးသမီး ဆေး တပ်ဖွဲ့ဝင် ၁၀ ဦး အပါအဝင် အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ကျန်ရှိသည့် ဖမ်းဆီးခံ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် စစ်ကြောရေး ပြုလုပ်ခဲ့ပြီးနောက် ကလေးမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ဆေးတပ်ဖွဲ့ဝင်များမှာ အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ကြသည့် လားမွန်ကိမ်းမီး၊ လား သလန်းလူးအီး၊ မားဆောမ်ဒေါင်းငီး၊ လားလွန်ဆန်းအီး၊ မန်းလမ့်ဒိမ်၊ ဇမ်ဇိုးဇမ်၊ ညောင်ဒွန့်ကျင်း၊ လားပြန့်ဖဲလ်အီးနှင့် ဒေစီတို့ ဖြစ်ကြသည်။
Original Post: The Irrawaddy
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.