26 October 2021
အောက်တိုဘာလ (၁၉)ရက်နေ့၊ ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က)ဖြင့် အကျဉ်းကျခံရသူ (၂၄)၊ (ကျား ၂၀ နှင့် မ ၄) ဦးအား အောက်တိုဘာလ (၁၉)ရက်နေ့ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ကြပါသည်။ သို့သော်ငြားလည်း အမျိုးသားနှစ်ဦးမှာ လွတ်မြောက်လာခြင်းမှာပင် အခြားအမှုအတွက် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။
ပြီးခဲ့သည့် သတင်းနှစ်ပတ်တွင် တိုက်ပွဲသည် ဖရူဆိုကနေ ဘောလခဲ လမ်းတလျှောက် တောင်ဘက်သို့ တိုက်ပွဲများဖြစ်ပွားလာကာ စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ် တောင်ဘက်တွင် ဗျူဟာကျသော ထိုလမ်းအား ထိန်းချုပ်နိုင်ရန်အတွက် ကြိုးစားကာ တပ်အင်အားများ ပြန်လည် ဖြည့်တင်းလာခြင်းများ ပြုလုပ်ခဲ့သည်။
အောက်တိုဘာလ (၁၁) ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသူ မနန်းပန်းစိန်နှင့် NLD ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းမာန်ထွန်း တို့၏နေအိမ်အား ညသန်းခေါင်ဝန်းကျင်အချိန်တွင် ကြံ့ခိုင်ရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖျက်ဆီးသွားခဲ့သည်။
အောက်တိုဘာလ (၉ – ၁၂)ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးမှာ အနည်းဆုံး တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ ကားတစီး ပျက်စီးကြောင်း (KNDF) က သတင်းထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားနေသော ထားလဲကျေးရွာတွင် စစ်ကောင်စီတပ်မှ ရွာအတွင်းဝင်ရောက်ကာ ပြည်သူများ၏ စပါးကျီအား မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲ၊နွားတိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည်။
အောက်တိုဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်ရှိ ကက်သလစ်ဘုရားရှိခိုကျောင်းနှင့် လူနေအိမ် အချို့ပျက်စီးခဲ့ရသည်။
အောက်တိုဘာလ (၁၃)ရက်နေ့၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာမှာ စစ်ကောင်စီ ထောင်ထားသောမိုင်း နှင်းမိသောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
အောက်တိုဘာလ(၁၄)ရက်နေ့၊ ဒီမောဆိုမြို့နယ်၊ ဒေါခလိုက်လင်းရွာမှ ပြည်သူအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ တစ်ရက်တည်းတွင်ပင် ဒီမောဆိုမြို့နယ်၊ (၆)မိုင်၊ ဘက်သလင် နှင့် ၀မ်လထွား ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၃)ဦး သေဆုံးကာ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဖားဆောင်းမြို့နယ်၊ နန်းမကုနှင့် ပန်ပုကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် KNPPတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီမှ မီးရှို့ဖျက်စီးသည့် အိမ် ဒီးမော့ဆို
လွိုင်ကော် ကုန်းသာကျေးရွာတွင် မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများ
အောက်တိုဘာလ (၁၉)ရက်နေ့တွင် ဒီမောဆိုမြို့နယ်၊ (၆)မိုင်အုပ်စု၊ ဘက်သလင်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် KNDF တပ်တို့ မနက် (၁၀:၃၀) မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး ကျဆုံးခဲ့သည်။
အောက်တိုဘာလ (၂၁)ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးတွင် (KA)၊ KNDF) ပူးပေါင်းတပ်မှ စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခြင်း (၃)ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ စစ်ကားအချို့ပျက်စီးခဲ့ပြီး၊ ထိခိုက်ြဖြဖြသေဆုံးမှုရှိကြောင်း KNDF မှ သတင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ (၂၁)ရက်နေ၊ ည ၈ နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့မ ရဲစခန်းအနောက်ဖက် ဘုန်းကြီးကျောင်းဝိုင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဒီးမော့ဆိုမြို့မှ တပ်စွဲထားသည့် စစ်ကောင်စီတပ် သည်နောက်နေ့ထိ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှု ပြုလုပ်ပြီး လူထုနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ခြိမ်းခြောက်ခဲ့်သည်။
အောက်တိုဘာလ (၂၂) ရက်နေ့၊ ဖယ်ခုံမြို့အခြေစိုက် ခမရ ၃၃၆တပ်ကို ဖယ်ခုံ PDF မှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ၅ ဦသေပြီး လက်နက် ၅ လက် ရရှိခဲ့ကြောင်း ဖယ်ခုံ PDF မှ ထုတ်ပြန်ထားသည်။
အောက်တိုဘာလ (၂၄) ရက်နေ့၊ လွိုင်ကော်မှ ဖယ်ခုံကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲ PDF နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၀)ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု အချို့ရှိခဲ့သည်။ နံနက် ၇ နာရီခွဲ ဝန်းကျင်အချိန်တွင် မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းမှ မိုးဗြဲမြို့အတွင်းရှိ လူနေရပ်ကွက်ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၄၄ နှစ် ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မယ်တော်ဘုရားရှိခိုးကျောင်း
ထိခိုက်ပျက်စီ ဖရူဆို
စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရ ဖယ်ခုံ
အောက်တိုဘာလ (၁၂)ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးမှာ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာ (၈)ရွာက ဒေသခံပြည်သူများသည် တိုက်ပွဲကြောင့် တိမ်းရှောင်ရတဲ့ စစ်ရှောင် တစ်ထောင်ကျော် ရှိနေပြီဖြစ်သည်။
အောက်တိုဘာလ (၂၃) ရက်နေ့၊ ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း လမစေ့ဘဲ မီးဖွားခဲ့ရပြီး ကလေးသေဆုံးခဲ့သည်။ ထိုအမျိုးသမီးသည် တောထဲတောင်ထဲ ပြေးရပြီး စစ်ဘေးရှောင်စခန်းများတွင် အစာအဟာရချိုးတဲ့ခြင်းကြောင့် သွေးအားနည်းသည့် ဝေသနာခံစားနေရသည်။
ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)
ယခုဖော်ပြထားသော ကူးစက်မှုများသည် ကရင်နီပြည်နယ် တခုလုံးအား လွှမ်းခြုံထားခြင်းမဟုတ်ပေ။ ယခုဖော်ပြထားသော ကိန်းဂဏန်းသည် အိုင်ဒီပီ စခန်းများ၏ အရေအတွက်အား ထည့်သွင်းထားခြင်း မရှိပါ။ လက်ရှိအိုင်ဒီပီစခန်းများတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် ဆေးဝါးများနှင့် စမ်းသပ်ကိရိယာများ လိုအပ်နေသည်။
Contact persons:
Khu Ko Reh Tel: +668 2196 2258
Ruby Tel: +666 3184 2980
Website : www.karennicsn.org
Facebook: Karenni Csn
Email: [email protected]
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.