25 October 2021
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိကျင်းပမှာပါ။ ဒီအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံပဋိဉာဉ်နဲ့အညီ မဟုတ်ဘူးလို့ စစ်ကောင်စီက အာဆီယံကို ကန့်ကွက်ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက် ပြင်ဆင်နိုင်မလားဆိုတာ မေးစရာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအရေးကို အာဆီယံနိုင်ငံတွေကအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ရှေ့ပြေးအသံ Progressive Voice အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကတော့ စစ်ကောင်စီခေါင်းဆောင် ဟာ ပြီးခဲ့တဲ့ ဧပြီလ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် သဘောတူထားတာကို လိုက်နာမှုမရှိတာကြောင့် အာဆီယံက ခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အာဆီယံအနေနဲ့ ခုလိုမျိုးနိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ကိစ္စကို သူတို့လွယ်လွယ်ကူကူ ဆုံးဖြတ်ထား တာ မဟုတ်ပါဘူး၊ တဘက်ကလည်း စစ်ကောင်စီဘက်က နားလည်ရမှာက စစ်ကောင်စီဥက္ကဋ္ဌ သွားတက် ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တဲ့ သဘောတူညီချက် ငါးချက်ကို သူကိုယ်တိုင်ပါ ဝင်ပြီး ဆုံးဖြတ်ခဲ့တာလေ၊ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖေါ်ဖို့ကျတော့ အလေးမထားဘူး။ လိုက်နာဆောင်ရွက်မှုလည်းမရှိဘူး၊ သူတို့ကိုယ်တိုင်ကတိပေးပြီး သူတို့မလုပ်တဲ့ကိစ္စအတွက်တော့ အာဆီယံက သူတို့မပါဘဲနဲ့ ကိုးနိုင်ငံထဲနဲ့ ဒီလိုဆုံးဖြတ်ချက်ကိုချဖို့ အနေအထားရောက်သွားတာပေါ့နော်”
အမေရိကန်နိုင်ငံ၊ မီနီဆိုးတာပြည်နယ် ကာလီတန်ကောလိပ်က နိုင်ငံရေးသိပ္ပံဌာန တွဲဘက်ပါမောက္ခ ဒေါက်တာထွန်းမြင့်ကလည်း စစ်ကောင်စီဟာ အာဆီယံသဘောတူညီချက်တစ်ခုထဲတင်မက သူချိုးဖေါက် ထားတဲ့ ဥပဒေတွေ အများကြီးရှိနေတယ်လို့ ပြောပါတယ်။
“ဒီမြန်မာစစ်တပ်က သူတို့ကိုယ်တိုင်ရေးထားတဲ့ဥပဒေနဲ့လည်း မညီ၊ နိုင်ငံတကာဥပဒေပေါင်းစုံ War crimes တို့ Crimes against humanity တို့ကိုလည်း ချိုးဖေါက်၊ နောက်တစ်ခုက UN ချာတာပါ အချုပ်အခြာအာဏာကို စောင့်ရှောက်ရမယ့် အဖွဲ့အစည်းကနေ သိက္ခာရှိရှိမလုပ်ဘဲ သူတို့ကနေပြန်ပြီး ငြင်းဆိုနေတာကတော့ ရယ်စရာကြီးဖြစ်နေပါတယ်။”
အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပေးဖို့ မြန်မာမပါဘဲ ကိုးနိုင်ငံ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အာဆီယံ ၁၀ နိုင်ငံအတွင်း အနည်းဆုံး လေးနိုင်ငံလောက်ဟာ စစ်ကောင် စီနဲ့ အပေးအယူရှိတာကြောင့် ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆွေးနွေးပြီး ပြတ်ပြတ်သား သား ဆောင်ရွက်နိုင်မလားဆိုတာက နောက်ထပ်မေးရမယ့်မေးခွန်းပါ။ ဒေါက်တာထွန်းမြင့်ကတော့ အာဆီယံ ဟာ သူတို့ထုံးစံအတိုင်း ဖိအားပေးလိုက်၊ လျော့ပေးလိုက် လုပ်နိုင်တယ်လို့ ပြောပါတယ်။
“နိုင်ငံတကာ သံတမန်အခင်းအကျင်းဘောင်အရ ပြောရရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် အနှိပ်သည်က အနှိပ်ပေးနေတဲ့ပုံစံမျိုး တင်းလိုက်လျော့လိုက် တင်းလိုက်လျော့လိုက် ကစားကွက်ပါ။”
ဒါပေမဲ့ လက်ရှိမှာ မြန်မာ့အရေးဟာ ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက အာဆီယံကို တာဝန်ပေးထားတာကြောင့် သူ့အနေနဲ့ မျက်နှာလွဲခဲပစ်လုပ်လို့ မရနိုင်ဘူးလို့ သုံးသပ်သူတွေလည်းရှိပါတယ်။
“အာဆီယံမှာက ဘာအခက်အခဲရှိသွားပြီလဲဆိုတော့ သူတို့က အရင်တုန်းကလို မျက်နှာလွဲခဲပစ်လုပ်လို့ မရတော့ဘူး။ အရင်တုန်းက တစ်ခုခုပြောလိုက်၊ စစ်တပ်ဘက်ကလာပြီး အပျော့ဆွဲရင်၊ လာပြောလာရင် ပြန်ပြီးပြောင်းသွားလိုက်လုပ်တာမျိုး။ သူတို့ အဲဒီအဆင့်ကိုကျော်သွားပြီ။ သူတို့က နိုင်ငံတကာမျက်နှာစာ မှာ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်ပြီးတော့၊ ဒီထက်ပိုပြီထိုးကျမသွားအောင် အရေးတကြီးလုပ်နေရတဲ့အချိန် လည်း ဖြစ်ပါတယ်။”
အာဆီယံနိုင်ငံများအရေး အာဆီယံကို အမြဲဖိအားပေးနေတဲ့ အာဆီယံစင်ပြိုင်အဖွဲ့ ALTSEAN အဖွဲ့က Debbie Stothard ကတော့ လက်ရှိမြန်မာနိုင်ငံပြဿနာဟာ အာဆီယံကိုလည်း ထိခိုက်လာနေသလို အာဆီယံတစ်ဦး တည်း ဆောင်ရွက်လို့လည်း မရနိုင်တဲ့အတွက် မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ လုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံက ပြဿနာနဲ့ ပတ်သက်ပြီး ဒေသတွင်းလုံခြုံရေးအတွက် အာဆီယံမိတ်ဖက်နိုင်ငံတွေက စိုးရိမ်နေပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးကို ကုလလုံခြုံရေးကောင်စီနဲ့ လက်တွဲဆောင်ရွက်ဖို့ လိုလားနေကြပါတယ်။ လက်ရှိအခြေအနေမှာပဲ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ ပွင့်လင်းရာသီ ထိုးစစ်တွေ အရှိန်မြှင့်လာနေသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကွယ်ရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီးဖြစ်တာကြောင့် မြန်မာ့ပြဿနာဟာ ဒေသတစ်ခုလုံး ခံစားရမှာဖြစ်သလို မြန်မာပြည်သူတွေလည်း ခံစားရမှာပါ။”
ဒါပေမဲ့ အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့ပြဿနာအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု မချနိုင်ဘဲ၊ စောင့်ကြည့်ဖို့သာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် နောက်သုံးလအကြာမှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို ရယူမယ့်သူက ကမ္ဘောဒီယားဖြစ်ပြီး ကမ္ဘောဒီယားကပဲ မြန်မာ့ပြဿနာကို ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်မယ်ဆိုရင် စစ်ကောင်စီအတွက် အသာစီးရရှိသွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.