29 August 2021
By ဧရာဝတီ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ PDF ဟု စွပ်စွဲခံထားရသူ ၄၁ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးထား ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ယနေ့ထုတ် သတင်းစာများတွင် ကြေညာထားသည်။
၎င်းတို့ကို သြဂုတ် ၉ ရက်မှ ၂၅ရက်အတွင်း ဖမ်းမိခြင်းဖြစ်ပြီး၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စေခိုင်းသူများမှာ NLD ပါတီ၏ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုမြတ်မင်းသူ၊ NLD ပါတီမှ ဇမ္ဗူ သီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ NUG မှ မကေတို့ ဖြစ်ကြောင်း လည်း စွပ်စွဲထားသည်။
ဖမ်းဆီးရမိသူများမှာ သင်္ဃန်းကျွန်းမြို့နယ်မှ ၃ ဦး၊ စမ်းချောင်း/ လှိုင်မြို့နယ်မှ ၆ ဦး၊ လှိုင်သာယာမြို့နယ်မှ ၁၁ ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မှ ၃ ဦး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၇ ဦး၊ ထန်းတပင် မှ ၅ ဦး၊ ကွမ်းခြံ ကုန်းမြို့နယ်မှ ၆ ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“အခု ဖမ်းဆီးရမိတဲ့သူတွေအထဲမှာ PDF မဟုတ်တဲ့သူတွေလည်း ပါနေပါတယ်။ တချို့ဆို ဆန္ဒပြတဲ့သူတွေ၊ သပိတ် ခေါင်း ဆောင်တွေ ပါတယ်။ သူတို့က အကုန် ရမ်းပြီး PDF လို့ စွဲထားတာ။ တချို့ကတော့ PDF တယောက်ကို ဖမ်းမိရင်း အဆက် ဆက်နဲ့ မိကုန်တာတွေလည်း ပါပါတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတချို့က ပြောသည်။
စစ်ကောင်စီ၏ ပြောဆိုချက်တွင် အဆိုပါသူများက ရန်ကုန်မြို့တွင်း၌ ဖောက်ခွဲရေး လုပ်ရပ်များကို ၁၉ ကြိမ် လုပ်ဆောင်ခဲ့ ကြောင်း၊ ၎င်းတို့ကို ပွိုင့် ၂၂ သေ နတ် ၁ လက်၊ ပစ္စတို ၄ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၃၂၉ တောင့်၊ လက်လုပ် သေနတ် ၁ လက်၊ ပြုလုပ်ဆဲ လက် လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၈၁ လုံး၊ အသံဗုံး ၁၁ လုံး တို့နှင့်အတူ ဖမ်းဆီးရမိထား ကြောင်းနှင့် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းကို သတင်းပေးပါ က ထိုက်တန်စွာ လျှို့ဝှက်ဆု ငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခု သြဂုတ်လအတွင်း၌ ရန်ကုန်မြို့ရှိ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာ၊ အစရှိသည့် မြို့နယ်များတွင် ညစဉ်ဆိုသလို အင်အား အများအပြားဖြင့် ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဖမ်းဆီးရာတွင် ပစ်ခတ်ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည့်အတွက် သြဂုတ်လ ၂၄ ရက် ညနေပိုင်းတွင် သာကေတရှိ လူငယ်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံး ဗုံးပေါက်မှု ဖြစ်ပွားပြီးနောက် သြဂုတ် ၂၂ ရက်တွင် ကောင်းမှုဆောင် ပရတိတ အသင်းရုံးခန်းသို့ စစ်ကောင်စီတပ်သားများ လာရောက်ကြကာ အသက် ၁၉ နှစ် လူငယ်တဦးအား ဗုံးပေါက်ကွဲမှု သံသ ယမှုဖြင့် ဖမ်းဆီးသွားပြီးနောက် သြဂုတ်လ ၂၅ ရက်ညနေတွင် မိသားစုထံ ၎င်း သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ရုပ်အ လောင်းကို ငွေကျပ် ၁၀ သိန်းဖြင့် လာရောက် ရွေးယူရန်လည်း အကြောင်းကြားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လ ၂၈ ရက်ထိ ဖမ်းဆီးခံထားရသူ ဦးရေမှာ ၆၀၀၆ ဦးရှိပြီး သေဆုံးသူ ၁၀၂၆ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူ ထားသည့် စာရင်းများ အရ သိရသည်။
Original Post: The Irrawaddy
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.