19 August 2021
ဆန္ဒပြပွဲများတွင် အမြဲပါဝင်လေ့ရှိသူ သာထက်အောင်ကို မန္တလေးမြို့ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)
အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် အမြဲပါဝင်တတ်သည့် လူငယ်သည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်
By Myanmar Now
မန္တလေးတပ်ပေါင်းစုစစ်ကြောင်းအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းအများအပြားတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ လူငယ်တစ်ဦး ယနေ့ (ဩဂုတ် ၁၉) ညနေ ၅ နာရီခန့်က နေအိမ်တွင် အဖမ်းခံရသည်။
စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်နေအိမ်သို့ ကား ၂ စီးဖြင့် ရောက်လာကြသည်ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“လာဖမ်းတဲ့အချိန် သူက အိမ်အနောက်ဖက်ကို ခုန်ချထွက်ပြေးတယ်။ ဒါပေမယ့် မလွတ်ခဲ့ပါဘူး။ စစ်သားတွေက သေနတ်တွေလည်း ပစ်တယ်။ ပြေးလမ်းတွေလည်း ပိတ်ထားတယ်” ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူ သာထက်အောင်သည် လာမည့်ဒီဇင်ဘာတွင် အသက် ၁၈ နှစ်ပြည့်မည်ဟု ၎င်း၏ သူငယ်ချင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီအတွင်း လမ်းပေါ်ထွက် ဆန္ဒပြမှုများကြောင့် အဖမ်းခံရပြီး အသက်မပြည့်သေးသည့်အတွက် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။
ဆန္ဒပြလှုပ်ရှားမှုများတွင် ဆက်လက်ပါ၀င်စဉ် စစ်ကောင်စီက သူ့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
မန္တလေးသည် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ဒေသတစ်ခုဖြစ်သည်။ မန္တလေး၏ လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်မှုသည်လည်း အကြမ်းဖက်ဖြိုခွင်းခံနေရသည်။
မတ် ၇ ကလည်း မန္တလေးမြို့ ၂၂ လမ်းနှင့် ၈၉ လမ်းတွင် ဆေးနှင့် နှီးနှောအဖွဲ့များ၊ အင်ဂျင်နီယာများ၊ တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းသားသမဂ္ဂများအပါအဝင် ပြည်သူသောင်းချီခန့်သည် ထိုင်သပိတ်ပြုလုပ်နေစဉ် စစ်တပ်နှင့် ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ၉၂ ဦး အဖမ်းခံရပြီး ၈၄ ဦးကို စစ်ကောင်စီက ၅၀၅-က ဖြင့် တရားစွဲဆိုအမှုဖွင့်၍ အသက်မပြည့်သေးသူ ၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ညနေတွင် တပ်ပေါင်းစုစစ်ကြောင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၂၀ ကျော်အရွယ် ကိုကျော်သီဟကို မန္တလေးတက္ကသိုလ်အနီး လမ်းမပေါ်တွင် စစ်ကောင်စီတပ်သားတချို့က ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးသွားပြီး နောက်ထပ်တစ်ဦး အဖမ်းခံရခြင်းဖြစ်သည်။
တပ်ပေါင်းစုစစ်ကြောင်းသည် မကြာခဏ ဖြိုခွင်းခံရသော စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းအများအပြား ပူးပေါင်းကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြနေကြခြင်း ဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.