ဒီပဲယင်းရှိ ရွာပေါင်း ၁၀ ရွာ စစ်ကောင်စီ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးနေရပြန်

ဒီပဲယင်းရှိ ရွာပေါင်း ၁၀ ရွာ စစ်ကောင်စီ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးနေရပြန်

စစ်ကောင်စီတပ်များ ကျေးရွာများအတွင်း ဝင်ရောက် ဖျက်ဆီးသွားမှုမျာ

By ဧရာဝတီ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၂ ရက် ဆက်တိုက် ဝင်ရောက် စီးနင်းမှု ကြောင့် ရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရ သည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ နများ၊ မရကန်၊ ယဉ်ကျေး၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ မြို့ကြီး၊ မစိုးရိမ်၊ ကြူတော၊ ညောင်လှနှင့် ဝဲကြီးရွာများက ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် မူးမြစ်ရေ မြင့်တက်နေသည့် အတွက်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတဦးက ပြောသည်။

ဒေသခံတဦးက “သူတို့ ဝင်စီးနေတဲ့ ရွာ မလှမ်းမကမ်းမှာ မူးမြစ် ရှိနေတယ်။ မူးမြစ်က ရေးကြီးနေတာ။ ခါတိုင်းဆိုရင်တော့ မူးမြစ်ထဲ ဆင်း ပြီးတော့ မြို့တဖက်ကမ်းကို ပြေးလို့ ရသေးတယ်။ အခုက အဲဒီလိုကို ပြေးလို့ မရဘူး။ တောလည်း မရှိဘူး၊ လယ်ကွင်း တွေပဲ ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များ ကျေးရွာများအတွင်း ဝင်ရောက် ဖျက်ဆီးသွားမှုများ (ဓာတ်ပုံ- CJ)

ယမန်နေ့ (သြဂုတ် ၈ ရက်) တွင် ညောင်လှရွာနှင့် ဝဲကြီးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စတင်ဝင်ရောက်ပြီး ဒေသခံ အချို့ ကို ဖမ်းဆီးခြင်း၊ ရွာအတွင်းရှိ ဖုန်းဆိုင်၊ ကုန်စုံဆိုင်တို့ကို ဖျက်ဆီးခြင်းနှင့် ဆိုင်ကယ် အစီး ၂၀ ကျော် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ညောင်လှရွာ ဒေသခံတဦးက “NLD အမာခံအိမ်တွေကို အကုန်လုံး ဖျက်ဆီးသွားတယ်။ ကျနော်တို့ ဘေးရွာတွေမှာပဲ ရှိ သေးတာ အချိန်မရွေး ပြန်ဝင်လာနိုင်လို့ ရှောင်နေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လမ်းကြောင်း ၂ ကြောင်း ခွဲကာ နများရွာတွင် တဖွဲ့ မရကန်ရွာတွင် တဖွဲ့ ဝင်ရောက် စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး မရကန်တွင် ဆီဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးမှုရှိကြောင်း ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ရွာများကို ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် ပစ်ခြင်း၊ သေနတ်များ ပစ်ဖောက်ခြင်း ပြုလုပ်သည့်အပြင် ယမန့်နေ့က ညောင်လှရွာတွင် ဆိုင်ကယ်စီးနင်းလာသူ ဒေသခံတဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “သူတို့က ဘယ်နေရာရောက်ရောက် လက်နက်ကြီး ခွဲတယ်။ သေနတ် မိုးပေါ်ထောင်ပစ်တယ်။ ရွာတိုင်း ကို လုပ်နေကျ၊ ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ပစ်တယ်ပေါ့။ တရွာဝင် တရွာထွက် လုပ်နေတာ အင်အား ၁၆၀ လောက်ရှိတယ်။ အရပ်ဝတ်တွေ များပြီးတော့ တချို့စစ်သား မဟုတ်ဖို့ များတယ်။ ဘယ်က လူတွေ ခေါ်လာလဲတော့ မသိဘူး။ မင်းသေနတ် က ကျည်ထွက်လား၊ ငါ့သေနတ်ကတော့ ကျည်ထွက်တယ်။ ဒီလို ပုံစံမျိုး သေနတ်တောင် မကိုင်ဖူးတဲ့ လူတွေ ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ဘုန်းကြီးတွေကို ငေါက်ငမ်းတာမျိုး ရိုင်းရိုင်းစိုင်းစိုင်း လူတွေပါတယ်” ဟု ဆို သည်။

ထိုကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမှုတွင် မရကန်ရွာမှ ရွာခံ ၂ ဦး၊ ညောင်လှမှ ၁ ဦး၊ ဝဲကြီးမှ ၃ ဦး ၊ မိုးခ တွင်းမှ ၇ ဦးအပြင် ပျံကျရွာတွင်လည်း NLD စည်းရုံးရေးမှူးနှင့် မိသားစုဝင် ၃ ဦး အပါအဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၇ ရက်က ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာနှင့် ကြည်ရွာအနီးတွင် စစ်ကောင်စီ ယာဉ်တန်းအား ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာများကို စစ်ကောင်စီက ဝင်ရောက် စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဇွန်လအတွင်းကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး ရွာများ အတွင်းသို့ စစ်ကောင်စီက ဝင်ရောက် စီးနင်းမှုများ ရှိခဲ့ခြင်းကြောင့် ရွာပေါင်း ၂၀ နီးပါးက ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့ပြင် ဇူလိုင်လတွင် ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ များသာမက စစ်ရှောင်ပြည်သူများကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကာကွယ်ရေး အဖွဲ့ ဝင်များအပြင် ပြည်သူများပါ သေဆုံးသူ ၃၀ ကျော် အထိရှိခဲ့သည်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia