လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုနေသော မြန်မာနိုင်ငံအတွက် အာဆီယံက အရေးအကြီး ဖြေရှင်းရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

04 August 2021

လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုနေသော မြန်မာနိုင်ငံအတွက် အာဆီယံက အရေးအကြီး ဖြေရှင်းရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

ကိုဗစ်အကြပ်အတည်း နှင့် ရေးကြီးရေလျှံမှုဘေး အကြပ်အတည်းကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီးလိုအပ်နေသော မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှအသင်းကြီး (ASEAN) က အရေးတကြီးဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းလိုက်သည်။

သည့်အပြင် အာဏာသိမ်းစစ်တပ်ကို တရားဝင် အသိအမှတ်မပြုရန်လည်း ထိုအဖွဲ့တွေက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်သည့် အစည်းအဝေးတွင် မြန်မာနှင့်ပတ်သက်သည့် သဘောတူညီမှုကိုလည်း အာဆီယံအနေဖြင့် လုပ်ဆောင်နိုင်မှုမှာ “တိုးတက်မှုအနည်းငယ်သာ” ရှိခဲ့ကြောင်း FORUM-ASIA နှင့် Progressive Voice အဖွဲ့တို့က ယနေ့ ဩဂုတ်လ ၄ရက်တွင် ပူးတွဲကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်အရ ရန်လို တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ ဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်တဦးခန့်အပ်ရန်၊ အာဆီယံက လူသားချင်းစာနာသည့် ပူးပေါင်းညှိနှိုင်းရေးရုံးမှတဆင့် လူသားချင်းစာနာသည့်အကူအညီများပေးအပ်ရန် တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ယခုအခါ ၆ လရှိခဲ့ပြီဖြစ်သည်။ ရွေးကောက်ခံလွှတ်တော်အမတ်များက အစိုးရသစ်ဖွဲ့စည်းမည်ကို တားဆီးရန်အတွက် ထိုသို့အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင်အများအပြားကို ဖမ်းဆီးထားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကမူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပြီး လွတ်လပ်သော ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်တွင်ကျင်းပပေးမည်ဟု ကတိပြုခဲ့သည်။ ယင်းနေ့ရက်သည် သူအာဏာသိမ်းစဉ်ကပြော ကြားခဲ့သည့်နေ့ရက်ထက်နောက်ကျနေသည်။ ထိုလုပ်ရပ်သည် တိုင်းပြည်ကို ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်မှုသို့ပြန်သွားရေးကို တန့်သွားအောင်လုပ်သည့် နည်းပရိယယ်တရပ်သာဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာ့အရပ်သားနိုင်ငံရေးသမားများက ချက်ချင်းပင် ရှုတ်ချပြောဆိုခဲ့ကြသည်။

စစ်အာဏာသိမ်းမှုအပြီးဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အရပ်သားအများစုဖြစ်သည့် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၇၀၀၀ ကျော်အဖမ်းခံခဲ့ရသည်၊ လူပေါင်း ၅၀၀၀ နီးပါးထိန်းသိမ်းခံခဲ့ကြရသည်ဟု နိုင်ငံရေးသမားများကူညီစောင့်ရှောင်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ စစ်တပ်နှင့် တိုင်းရင်းသားသူပုန်အဖွဲ့များအကြား ပဋိပက္ခမှာလည်း ပိုမိုဆိုးရွားသွားခဲ့ရသည်။ တိုက်ပွဲအသစ်များဖြစ်ပွားလာခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၃၀,၀၀၀ မိမိတို့နေ အိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ကြရသည်။

ထိုသို့နိုင်ငံရေးအကြပ်အတည်းများ နက်ရှိုင်းစွာဖြစ်ပွားနေစဉ်မှာပင် ဒဲလ်တာမျိုးကွဲဗိုင်းရပ်စ် ပိုးကြောင့်ပေါ် ပေါက်လာခဲ့သည့် ကျန်းမာရေးအရေးပေါ်အခြေအနေတရပ် ဖြစ်ပေါ်လျက်ရှိသည်။ ထိုဗိုင်းရပ်စ်မျိုး ကွဲသစ်ကြောင့် ကိုဗစ်ရောဂါဖြစ်ပွားမှုတရှိန်ထိုးမြင့်မားလာခဲ့ပြီး သေဆုံးမှုများလည်းများပြားလာခဲ့ကာ တိုင်းပြည်၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိစီးမှုများဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံမှထုတ်ပြန်သည့်တရားဝင်စာရင်းဇယားများအရ ကိုဗစ်ဖြစ်ပွားသူ ၃၀၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူမှာ ၁၀,၀၀၀ ကျော်ရှိသည်။ သို့သော် အမှန်တကယ်သေဆုံးမှုနှင့်ဖြစ်ပွားမှုမှာ ထို့ထက်အဆမတန် များပြားလိမ့်မည်ဟု ပရိဟိတအသင်းများ၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်နိုင်ငံများကို ‘အကြီးအကျယ် ရောဂါဖြန့်ဖြူးသည့်’ နိုင်ငံဖြစ်လာနိုင်သည်ဟု သတိပေးမှုများလည်း ပေါ်ထွက်လာသည်။

မြန်မာနိုင်ငံ၏ ကိုဗစ် ၁၉ ရောဂါအကြပ်အတည်းသည် ‘အဆိုးဆုံးအခြေအနေသို့ရောက်လာတော့မည်’ ဟု မြန်မာနိုင်ငံ၏အတိုက်အခံ (NUG) အစိုးရ နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ဒေါ်ဇင်မာအောင်က တနင်္ဂနွေနေ့ က သတိပေးပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုး မင်း ကလည်း “အာဆီယံအဖွဲ့ကြီးကဘာအရေးယူဆောင်ရွက်မှုမှမလုပ်နိုင်တဲ့တရက်ပြီးသွားတိုင်း ကျနော် တို့မှာ အသက်တွေအများကြီးဆုံးရှုံးသွားခဲ့ရတယ်။ အာဆီယံကအရေးယူဆောင်ရွက်မှုလုပ်မှဖြစ်မယ်။ ခုချက်ချင်းလည်းလုပ်ရမယ်” ဟုပြောကြားသွားခဲ့သည်။

ယခင်ရက်သတ္တပတ်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်ကို အချိန်ဆွဲနေသည် ဟု စွပ်စွဲပြောကြားလိုက်သည်။ အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံရေးကသောင်းကနင်းဖြစ် မှုများကို အရှိန်မြှင့်ဖြေရှင်းဆောင်ရွက်ပါရန် အာဆီယံအဖွဲ့ကြီးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တို နီဘလင်ကန် (Antony Blinken) ကတိုက်တွန်းပြောကြားခဲ့သည်။

နေစိမ့်တဲ့ကုလအဖွဲ့ကြီး

ပေါ်ပေါက်လာနေသောပြဿနာမျာကိုဖြေရှင်းခြင်းမပြုဘဲ နေစိမ့်သည့် ကုလလုံခြုံရေးကောင်စီအဖွဲ့ကြီးကို လည်း FORUM-ASIA နှင့် Progressive Voice တို့ကပြစ်တင်ပြောကြားလိုက်သည်။ သူတို့အနေဖြင့်ဘာမှမ လုပ်ဘဲ အာဆီယံအဖွဲ့ကြီးကိုသာအပြစ်တင်နေကြသည်ဟု သူတို့ကပြောကြားလိုက်ကြသည်။ အာဆီယံအဖွဲ့ ကြီးသည် မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင်ဝင်ရောက်ခဲ့သည့် ၁၀ နိုင်ငံပါဒေသတွင်းအဖွဲ့ကြီးဖြစ်သည်။

မြန်မာစစ်တပ်နှင့်သာပူးပေါင်းအလုပ်လုပ်နေမည့်အစား ‘နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့်’ အတိုက်အခံ NUG အစိုးရ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ ဒေသခံလူသားချင်းစာနာသည့် အကူ အညီအထောက်အပံ့များပေးသည့် ကွန်ရက်များနှင့် ပူးပေါင်းကာ အရေးတကြီးအကူအညီများပေးအပ်သင့် သည်ဟု အဆိုပါလူ့အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်များကပြောဆိုလိုက်သည်။ ဧပြီလ က မင်းအောင်လှိုင် နှင့်တွေ့ဆုံခဲ့သည့် ထိပ်သီးအစည်းအဝေးသို့ အတိုက်အခံ NUG အစိုးရကို အာဆီယံအဖွဲ့ကြီးကဖိတ်ကြားခြင်း မပြုခဲ့ပါ။

မြန်မာနိုင်ငံကအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သည့် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ကြီး၏ နိုင်ငံခြားရေးဝန်ကြီးများက ဒေသတွင်းကိစ္စရပ်များကိုဆွေးနွေးရန် အစည်းအဝေးတရပ်ကို ယခုအပတ်အတွင်းကပြုလုပ်ခဲ့ကြသည်။ အာဆီယံအဖွဲ့ကြီး၏လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံ၏သံတမန်တဦးဖြစ်သည့် အာဝင်ယူ ဆွပ် (Erywan Yusof) ကိုအထူးသံအဖြစ် ဗုဒ္ဓဟူးနေ့ကခန့်အပ်ခဲ့ကြသည်။ သူသည်ဇွန်လအတွင်းက အာဆီ ယံအထွေထွေအတွင်းရေးမှူးချုပ် လင်ဂျုပ်ဟွိုင် (Lim Jock Hoi) နှင့်အတူ နေပြည်တော်သို့သွားရောက်ကာ မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့လူသားချင်းစာနာသည့်အကူအညီပေးအပ်မှုကို အာဆီယံအဖွဲ့ကြီး၏ သဘာဝ ဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာသည့်အကူအညီပေးအပ်ရေးအာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA) မှ တဆင့်ပြုလုပ်ရန်စီစဉ်ထားသည်။

သို့သော် အဆိုပါ AHA ဗဟိုဌာန၏ အုပ်ချုပ်ရေးအဖွဲ့တွင် စစ်အစိုးရကိုယ်စားလှယ်များပါဝင်နေသည်ဟုဆို ကာ အရပ်ဖက်အဖွဲ့အစည်းများနှင့်လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်နေကြသည်။

ယခင်ကလည်း ၂၀၁၇ ရိုဟင်ဂျာလူသားအခွင့်အရေးဆိုင်ရာအကြပ်အတည်းတွင်ဖြေရှင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ AHA Centre သည်ပြစ်တင်ဝေဖန်ခံခဲ့ရဖူးသည်။

“AHA Centre ကမြန်မာစစ်တပ်ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဝန်ခံအသိအမှတ်ပြုဘို့ပျက်ကွက် ခဲ့တယ်။ သူတို့ရဲ့လျစ်လျူရှုမျက်ကွယ်ပြုမှုတွေကြောင့် ရိုဟင်ဂျာတွေအပေါ်အသားအရောင်ခွဲခြားဆက်ဆံ တာတွေ ပိုမိုခိုင်မာလာပြီး ဒီနေ့အထိဆက်လက်ခံစားနေကြရတာဖြစ်တယ်” ဟု Progressive Voice မှ ခင်ဥမ္မာ ကပြောသည်။

“စစ်အစိုးရကိုနိုင်ငံရေးနဲ့နည်းပရိယာယ်အရ အသာစီးမရစေတဲ့နည်းနဲ့ မြန်မာလူထုထံ အကူအညီတွေ ရောက်ရှိစေဘို့  AHA Centre မှာ အခွင့်အာဏာလည်းမရှိ အရည်အချင်းလည်းမရှိဘူး” ဟု ခင်ဥမ္မာက ဆက် လက်ပြောဆိုသည်။

(လူသားချင်းစာနာတဲ့အကူအညီတွေကို လက်နက်အဖြစ်သုံးစွဲတဲ့နေရာမှာ မြန်မာစစ်တပ်သည် ရှည်ကြာသည့် သမိုင်းကြောင်းအစဉ်အလာရှိသည်ဟု NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ ကိုဗစ် အကြပ်အတည်းတွင်လည်းမထူးပါဟု သူကပြောသည်။ (Myanmar News Agency လက်ကမ်း စာစောင်။ ပုံကို AFP မှတဆင့်ရသည်။)

AHA Centre က လူသားချင်းစာနာသည့်အကူအညီတွေပေးရာမှာ မြန်မာစစ်တပ်က ‘စည်းကမ်းတွေသတ် မှတ်လာနိုင်သည်’ ဟု ခင်ဥမ္မာ ကပြောသည်။

မြန်မာစစ်တပ်သည် လူသားချင်းစာနာသည့်အကူအညီအထောက်အပံ့များကို သူ့နိုင်ငံရေးအကျိုးအမြတ်ရ ဘို့အတွက် လက်နက်သဖွယ်သုံးသည့် ရှည်ကြာသည့်သမိုင်းကြောင်းရှိသည်ဟု  ဦးအောင်မျိုးမင်းက ဗုဒ္ဓဟူး နေ့ကထောက်ပြပြောဆိုခဲ့သည်။ ကိုဗစ် ၁၉ ရောဂါအတွက်အကူအညီများပေးရာတွင်လည်း ထူးမည်မဟုတ် ဟု သူကပြောသည်။

စစ်အစိုးရကိုဆန့်ကျင်သည့် အွန်လိုင်းလှုပ်ရှားမှုများပြုလုပ်နေသည့် Milk Tea Alliance မှ မီမီခန့်ကမူ အကူ အညီများပေးအပ်ရာတွင် လူသားချင်းစာနာသည့်အဖွဲ့များအနေနှင့် ‘အာဆီယံအဖွဲ့ကြီးကိုကျော်ပြီးကြည့်ဘို့ လိုသည်’ ဟု ပြောသည်။

“အကူအညီတွေကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရကတဆင့်ကျမတို့မပေးနိုင်ဘူး” ဟု သူက ဗုဒ္ဓဟူးနေ့ ကပြောခဲ့သည်။

“အာဏာသာမသိမ်းခဲ့ရင် ကျမတို့ဒီနေရာရောက်နေမှာမဟုတ်ဘူး။ ခုတော့ ထောင်ပေါင်းများစွာသေနေကြ ပြီ” ဟု သူကပြောသည်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia