ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း

ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း

မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ပုံကို ပြစ်တင်ရှုံ့ချထားသော“ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း” ဖော်ပြထားသည့်စာတန်းငယ်တစောင် ကို လူ့အခွင့်အရေးမှတ် တမ်းကွန်ရက် (မြန်မာနိုင်ငံ), (ND-Burma) မှ ထုတ်ပြန်သည်။

 ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစပြီး တိုင်းပြည် မတည်ငြိမ်မှုနှင့် ပရမ်းပ တာ ဖြစ်နေချိန်တွင် ပြည်သူလူထုသည် မိမိတို့ဘာသာ မိမိတို့ ကာကွယ်နေရသည်။ ကိုဗစ်-၁၉ ကပ် ရောဂါသည် ပြည်သူများ နောက်ဆုံးတိုက်ပွဲဝင်နေရသည့် ရောဂါဖြစ်သည်။ “ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း” အသစ်ထုတ်ပြန်သည့်  စာတန်းငယ်တွင် စစ်အာဏာရှင်တို့သည် ကိုဗစ်-၁၉ အား ထိရောက်စွာ တုန့်ပြန်မှု မရှိကြောင်းနှင့် အရေးပေါ်ကာလအတွင်း ထိရောက်စွာကု သပေးရန် ကျိန်းသေစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို မည်သို့ချိုး ဖောက်နေကြောင်းကို ND-Burma မှ တင်ပြထားသည်။ စစ်အာဏာရှင်များအနေဖြင့် ပြည်သူလူ ထုအား ကျန်းမာရေးအတွက် အရင်းအမြစ်နှင့် ငွေကြေးခွဲဝေပေးမည်မှာ ယုံကြည်စရာ မဟုတ်ပေ။

နေအိမ်များနှင့် လူနာများပြွတ်ကြပ်နေသည့် ဆေးရုံများတွင် သေလုမြောပါး ခံစားနေရသော ထောင်နှင့်ချီသည့် ကိုဗစ်-၁၉ လူနာများ၏ လိုအပ်ချက်နှင့်အညီ ကုသပေးရမည့်အစား စစ်အာဏာ ရှင်များသည် ဆရာဝန်နှင့် ကျန်းမာရေးလုပ်သားများအား ဖမ်းဆီးထိန်းသိမ်းနေပြီး မြို့ပြနှင့် ကျေး လက်များသို့ အသက်ကယ်ပစ္စည်းများ ပေးဝေရန် ငြင်းပယ်နေသည်။ အပစ်အခတ်ရပ်စဲရေး မှာလည်း ချိုးဖောက်ခံနေရပြီး အရေးပေါ်အကူအညီများမှာလည်း စစ်အာဏာရှင် တပ်များ၏ ကြားဖြတ် လုယူခံနေရသည်။ ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်သည်ဆိုသည့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူများကို စစ်အာဏာရှင်များ၏ အပြုအမူတို့က တိုက်ရိုက် ချိုးဖောက်နေသည်။ လူသားခြင်း စာနာထောက်ထားခြင်းခွဲခြားမှု မရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း စသည့် လူသားချင်းစာနာထောက်ထားသည့် အခြေခံမူများကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ခြင်းဖြင့် လူထုအပေါ် ပျက်ကွက်နေသည်။

စစ်အာဏာရှင်များအနေဖြင့် တရားမဝင် အာဏာရရယူထားမှုကို စွန့်လွှတ်ရန် ND-Burma မှ တောင်းဆိုသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းနှင့် လူထုအတွက် ဆောင်ရွက်ပေးလိုစိတ် မရှိခြင်းတို့ ပေါင်းစပ်ထားခြင်းဖြင့် စစ်အာဏာရှင်တို့သည် ပြည့်စုံကုံလုံသည့် လူသားချင်းစာနာမှု ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းမရှိသည်ကို ပြသနေသည်။

လူ့အသက်များ ကယ်ဆယ်ရေးမှာ သေရေးရှင်ရေးတမျှ အရေးကြီးနေပေရာ ထိခိုက်နစ်နာ အလွယ်ဆုံးသူများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျန်းမာရေးလုပ်သားများ ကုသရေးလုပ်ငန်းများကို လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နိုင်ရန်  နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလျင်အမြန် ကြားဝင်ဆောင်ရွက်ရမည် ဖြစ်သည်။

ဆက်သွယ်ရန်

၁. မမွန်းနေလီ

[email protected]

English version.


View the original.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia