23 July 2021
We are aware that detainees in Yangon’s Insein Prison staged a protest in part to raise awareness about the inadequate handling of the current COVID-19 outbreak in the facility. We urge the relevant authorities to resolve the situation peacefully and respect the basic right to proper healthcare for all those detained inside this and other prisons. We are following the situation closely as it continues to evolve.
Signed by the Ambassadors, Chargés d’Affaires, and Heads of Mission from Australia, Canada, the Delegation of the EU and European Union Member States with presence in Myanmar: Czech Republic, Denmark, Finland, France, Germany, Italy, Netherlands, Spain, and Sweden; as well as Switzerland, Norway, the United Kingdom; and the United States.
ထောင်အတွင်းလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ရန်ကုန်အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများက ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်းမိမိတို့သိရှိရပါသည်။ ဤအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန်၊ ယင်းထောင်နှင့် အခြားထောင်များအတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထား
ရသူအားလုံးအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို မိမိတို့တိုက်တွန်းပါသည်။ ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေသောအခြအနေကို မိမိတို့အနီးကပ်စောင့်ကြည့်နေပါသည်။
ဤကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏သံရုံးများဖြစ်ကြသော – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။
Download PDF for English version.
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.