ကလေးမြို့ အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်စီးပြီး မိသားစုဝင် ၄ ဦးကို ပစ်သတ်ကာ ရွှေငွေများ ယူဆောင်သွား၊ PDF က လုပ်သည့်ပုံစံဖြစ်စေရန် အကွက်ကျကျ စီစဉ်ဟု NLD အမတ်ပြော

20 June 2021

U Win Zaw Oo, Daw San San Maw, Ko Zaw Zaw and Ko Thiha Aung ( Kalay Township)

ကလေးမြို့ အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်စီးပြီး မိသားစုဝင် ၄ ဦးကို ပစ်သတ်ကာ ရွှေငွေများ ယူဆောင်သွား၊ PDF က လုပ်သည့်ပုံစံဖြစ်စေရန် အကွက်ကျကျ စီစဉ်ဟု NLD အမတ်ပြော

By Khit Thit Media

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်၊ အင်းယားကုန်းဘက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်များက ည ၉ နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦးကို ပစ်သတ်ကာ ရွှေငွေနှင့်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် NLD တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်သန့်ဝေကျော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ညပိုင်းက ညောင်ပင်သာရပ်ကွက်ရှိ အင်းယားကုန်းဘက်ရှိ ဦးဝင်းဇော်ဦး၏ နေအိမ်ထံသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်ခဲ့ပြီး ဦးဝင်းဇော်ဦး၊ ဒေါ်စန်းစန်းမော်၊ ကိုဇော်ဇော်၊ ကိုသီဟအောင်တို့ ကို ပစ်သတ်လိုက်ကြောင်း၊ ယင်းနောက် ယင်းအိမ်တွင်နေသူ အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

“ဖြစ်တာကတော့ အားလုံးလည်းရှိနေကြချိန် စစ်ကားတွေနဲ့ အဲဒီအိမ်ကို ၀ိုင်းတာပဲ။ ပြီးတော့  ပစ်ခတ်သံတွေကြားရတယ်။ ဘာတွေ ဖြစ်လို့ ဖြစ်ကြမှန်းမသိဘူး။ ဒါပေမယ့် ပြောနိုင်တာက စစ်တပ်က ၀ိုင်းပြီး ပစ်တာကိုတော့ ပြောနိုင်တယ်။ စစ်ကားတွေရော စစ်သားတွေရော မြင်ရတယ်လေ။ အိမ်ထဲမှာ ဘယ်လိုတွေဖြစ်ပြီး ပစ်သတ်လဲဆိုတာကိုတော့ မမြင်ရဘူးပေါ့နော်” ဟု​ ဒေသခံတစ်ဦးက ဆိုသည်။

အဖြစ်အပျက်များကို ကိုယ်တိုင် ကြုံတွေ့ရသူ ညောင်ပင်သာရပ်ကွက်ပြည်သူတစ်ဦးကမူ စစ်တပ်က ဗုံးများဖောက်၍ သေနတ်ဖြင့် ဝင်ပစ်ခြင်းဖြစ်သည်ဟုဆိုသည်။

“ညတုန်းက ၈:၃၀ အချိန်လောက်အိမ်မှာ တီဗီကြည့်နေတုန်းအိမ်ရှေ့ကနေစစ်သားတွေတန်းစီပြီးဖြတ်တာဒင်းတို့တွေသွားနေတာ လမ်းမီးတိုင်ကမီးကဝင်းနေတော့အတိုင်းသားမြင်ရတယ်။ အိမ်ရှေ့တင်ကို ၄ခေါက် လောက်ဖြတ်တယ်။ မကြာဘူး အနောက်နားလေးကသေနတ်သံကြားရတော့တာပဲ။ ဗုံးရောပေါက်တယ်။ “အကုန်ထွက်ခဲ့ အကုန်ထွက်ခဲ့”အသံတွေရောဆဲသံတွေရောဆူညံလို့…ဘယ်အိမ်ဝင်နေပြီလဲမသိဘူးဆိုပြီးရင်တထိတ်ထိတ်နဲ့ကားတံခါးပိတ်သံတွေဆိုမစဲတော့ဘူး။ ၁၂ထိုးပြီးသည်ထိ။ မနက်ကျသတင်းကြားရတော့တစ်မိသားစုလုံးသတ်ခံရတာတဲ့လား။ ရှိသမျှရွှေတွေပိုက်ဆံတွေအိမ်ကပစ္စည်းပါမချန်ကားနဲ့အခေါက်ခေါက်အခါခါသယ်နေကြတာ”ဟု လူမှုကွန်ရက်တွင် ရေးသားထာသည်။

ကလေးမြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကမူ စစ်တပ်က မိသားစုလိုက် သတ်ဖြတ်ပြီး ရွှေများ ယူဆောင်ကာ PDF ကို အပြစ်ပုံချရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ကလေးမြို့မှာ တနေ့ညက ညောင်ပင်သာရပ်ကွက်ထဲက အိမ်တစ်အိမ်ကို စခ တွေဝင်ပြီး မွေနှောက်သွားတယ် ရွှေ ငွေ စုစုပေါင်း တန်ဖိုး သိန်း ၄၀၀ ဖိုးလောက် ယူသွားကြတယ်။ တစ်ခါ မနေ့ညက ညောင်ပင်သာရပ်ကွက် အင်းယားကုန်းဖက် အိမ်တစ်အိမ် စခတွှေ ဝင်တယ် မိသားစုတွေအကုန်ပစ်သတ်။ ရှိသမျှ ရွှေ ငွေပစ္စည်းအပြင် အိမ်ထောင်ပရိဘောဂပါ အခေါက်ခေါက်သယ်သွားကြတယ်လို့သိရတယ်…နိုင်ငံတော်အဆင့်ဓါးပြတွေ က နိုင်ငံအဝှမ်း ရွာအလိုက်မီးရှို့မှု၊စျေးတွေမီးရှို့မှု၊အပြစ်မဲ့ပြည်သူတွေ အသက်အိုးအိမ်ထိခိုက်ဆုံးရှုူံမှုတွေကို သူတို့ကိုယ်တိုင်လုပ်ပြီး PDF ကိုပုံချမယ်၊ ပြည်သူတွေငြိုငြင်စေမယ့်အကွက်ကိုသုံးလာတဲ့ သဘောပဲ…ခက် တာက နံရံတိုင်းမှာ နားတွေမျက်စိတွေရှိနေတယ်…ဘယ်သူလုပ်သွားတယ်ဆိုတာ အကုန်သိနေကြတယ်…PDF ဆိုတာ ပြည်သူကို ကာကွယ်ဖို့  ယုံကြည်ချက်နဲ့စိတ်ဓါတ်ကိုအခြေပြုပြီး တည်ဆောက်ထားကြတာ..အခု လုပ်နေကြတဲ့ ဓါးပြတွေကနိုင်ငံတော်အဆင့် ဓါးပြတွေ…ခိုးသားငါးရာနဲ့ ဓါးပြတပ်ဟာ ပျက်ယုံမကမြန်မာ့မြေပေါ်ကို ဘယ်တော့မှ ပေါ်မလာအောင်ကို ပြည်သူတစ်ရပ်လုံး နှိမ်နင်းရတော့မယ့် အခြေအနေဆိုတာ အနီရော အစိမ်းရော အပြာရော အဝါရော သဘောပေါက်ကြရင် မကြာခင်နိုင်မှာပါပဲ.” ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကလေးမြို့ခံများထံ ဦးဝင်းဇော်ဦး မိသားစု သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ထပ်မံ မေးမြန်းရာ အများစုက စစ်ကောင်စီတပ်များ၏ ပစ်ခတ်သတ်ဖြတ်မှုဟု အတည်ပြုပြောဆိုကြသည်။

“မျက်မြင်တွေလည်းရှိတယ်ဗျ။ စစ်တပ်က လုပ်တာကို။ အိမ်က ကြံ့ခိုင်ရေးအိမ်ပါပဲ။ သူတို့တွေက ရပ်ရွာနဲ့ အတော်အဆင်ပြေတယ်။ ဘာပြဿနာမှမရှိဘူး။ သူတို့က ဒလန်လည်းမဟုတ်ဘူး။ သတင်းပေးလည်းမဟုတ်ဘူး။ ကျနော်တို့နဲ့ အဆင်ပြေတယ်ဗျာ။ ဒီအရေးအခင်းမှာ အဲဒီမိသားစုက ကူတာတွေရှိတယ်”ဟုဒေသခံတစ်ဦးကဆိုသည်။

 

English version.


Original Post: Khit Thit Media

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia