17 June 2021
(Yangon) – The UN in Myanmar is alarmed at recent acts of violence that illustrate a sharp deterioration of the human rights environment across Myanmar.
One such case is the discovery of two mass graves in Myawaddy Township (Kayin State), containing the human remains of twenty-five people who had reportedly been detained on 31 May by the Karen National Defense Organization (KNDO). Another case is the reported burning by security forces of more than 150 homes in Kin Ma Village in Pauk Township (Magway Region) on 15 June, leaving two dead and approximately 1,000 people homeless.
The United Nations in Myanmar reiterates its call on all actors in the current crisis to ensure that international human rights norms and standards are respected. This includes upholding the obligation to minimize collateral harm to civilians and to civilian infrastructure, and prohibiting the application of collective punishments against communities, families or individuals.
The United Nations in Myanmar calls for those responsible for human rights violations to be held accountable, including the perpetrators and their chain of command.
လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်းကျဆင်းလာမှုအပေါ် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ စိုးရိမ်ထိတ်လန့်
(ရန်ကုန်) – မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာမှုကို ဖော်ကျူးနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ် တလန့်ဖြင့် စိုးရိမ်ပူပန်လျက် ရှိပါသည်။
ဖြစ်ရပ်တစ်ခုမှာ မြဝတီမြို့နယ် (ကရင်ပြည်နယ်) တွင် လူ (၂၅) ဦး၏ ရုပ်ကြွင်းများကို မြှုပ်နှံထား သည့် နေရာနှစ်ခုအား တွေ့ရှိရခြင်း ဖြစ်ပါသည်။ ထိုသူများသည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) မှ မေလ (၃၁) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများ ဖြစ်သည်ဟုဆိုပါသည်။ နောက်ဖြစ်ရပ် တစ်ခုတွင် ရရှိသည့် သတင်းများအရ ဇွန်လ (၁၅) ရက်နေ့က လုံခြုံရေးတပ်ဖွဲ့များသည် ပေါက်မြို့နယ် (မကွေး တိုင်းဒေသကြီး) ရှိ ကင်းမရွာတွင် လူနေအိမ်ခြေပေါင်း ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူ နှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လက်ရှိအကျပ်အတည်းတွင် ပါဝင်ပတ်သက် နေသူများအားလုံးအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်ကြရန် ထပ်လောင်းတိုက်တွန်းလိုက်ပါသည်။ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာမှုဟု ဆိုရာတွင် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများအတွင်း အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို ထိခိုက်မှုများ နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည့် တာဝန်နှင့် ရပ်ရွာလူထုများ၊ မိသားစုများ သို့မဟုတ် လူပုဂ္ဂိုလ်များအပေါ် သိမ်းကျုံးရောနှော၍ အပြစ်ပေးခြင်းကို တားမြစ်ရန် တာဝန်တို့အား စောင့်ထိန်းခြင်းလည်း ပါဝင်ပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူးလွန်သူများ နှင့် အမိန့်ပေးစေခိုင်းသူများအပါ အဝင် တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့များမှ တိုက်တွန်းပါသည်။
MEDIA CONTACTS
David Swanson
Regional Public Information Officer
UN Development Coordination Office (UNDCO)
+66 6 5982 5682
swanson@un.org
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.