သံလွင်မြစ်ကို ကယ်တင်ခြင်းဖြင့် သျှမ်းပြည်၏ အသက်သွေးကြောကို ကာကွယ်ပါ

သံလွင်မြစ်ကို ကယ်တင်ခြင်းဖြင့် သျှမ်းပြည်၏ အသက်သွေးကြောကို ကာကွယ်ပါ

သံလွင်မြစ်ကို ကယ်တင်ခြင်းဖြင့် သျှမ်းပြည်၏ အသက်သွေးကြောကို ကာကွယ်ပါ

ဇွန်လ 16, 2021

1997 ခုနှစ်က ရှမ်းပြည် အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူဦးရေပေါင်း လေးသိန်းကျော် ပျောက်ဆုံး သွား သည့်ဖြစ်ရပ်နှင့် ကွန်ဟိန်းဒေသမှ ကျေးရွာသူရွာသားများ 56 ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ် ခြင်းခံခဲ့ရသည် ဖြစ်စဥ်ကို ကြောင်းပြုပြီး ရှမ်းလူ့အခွင့်အရေးနေ့ စတင်ပေါ်ပေါက်ခဲ့သည်။ ကျွန်ုပ်တို့ အနေဖြင့် အထက်ပါ ဖြစ်စဥ်တွင် သေဆုံးသွားသူများအားလုံး နှင့် ယခုလတ်တလော နိုင်ငံနှင့်အဝှမ်း စစ်ကောင်စီ ၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးသွားသူများအားလုံး အတွက်တရားမျှတမှု ရရှိရေး ထပ်မံတောင်း ဆိုအပ်ပါသည်။

ရှမ်းပြည်တွင် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်အကြမ်းဖက်အဖွဲ့၏ အမြစ်ပြုတ် မြေလှန် တော်လှန်ရေးစီမံချက်သည် ရှမ်းလက်နက်တိုင် တော်လှန်ရေးလှုပ်ရှားမှုများအား ခြေမှုန်းရန်နှင့် သ ဘာဝသယံဇာတများ ထိန်းချုပ်ရန်ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်အာဏာရှင်သည် ရှမ်းပြည်တွင်းသို့ နယ်ချဲ့ဝင် ရောက်လာပြီးနောက် ကျွန်ုပ်တို့၏ မြေယာများ တော တောင် ချောင်း မြစ်များ ဈေးကြီးပေးဝယ်သူများထံသို့ ရောင်းချပေးနေလျက်ရှိသည်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်း ယူပြီး နောက် အထက်ပါ လုပ်ရပ်များ ပိုမိုပြုလုပ်လာခဲ့ပြီး ယခုအခါတွင် စစ်ဗိုလ်ချုပ်ကြီးများသည် ပြည်ထောင်စု မြန်မာနိုင်ငံအရှေ့ပိုင်းတွင် လူဦးရေ သန်းနှင့်ချီ မှီတင်းနေထိုင်ကြသည့် သံလွင်မြစ်ကြောင်းကြီးကို ရေ အား လျပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံသူများထံ ရေရှည်စီမံကိန်းစနစ်ဖြင့် ရောင်းချရန်စီစဥ်နေသည်။ စစ်ကောင်စီ သည် မေလအတွင်းတွင် တရုတ်ပိုင် ဟန်နာဂျီ ကုမ္ပဏီအား ရှမ်းပြည်မြောက်ပိုင်း ကွန်းလုံဒေသ သံလွင်မြစ် ပေါ်တွင် ရေကာတာတည်ဆောက်ရန် အခွင့်ထူးပေးခဲ့သည်။ ၎င်းဓာတ်အားစက်ရုံမှ မီဂါဝပ် စွမ်း အား 1,400 ထုတ်လုပ်ရာမှာ 90 ရာခိုင်နှုန်း ပမာဏကို တရုတ်သို့ တင်ပို့မည်ဖြစ်သည်။

သံလွင်မြစ်ကြောင်းပေါ် ဆည်ရေကာတာတည်ဆောက်ခြင်းသည် မခိုင်မာသည့် ဂေဟစနစ် နှင့် သန်း ပေါင်းများစွာတို့ မှီတင်းနေထိုင်ကြရာ အသက်မွေးဝမ်းကြောင်းပြုထားသည့် ကျွန်ုပ်တို့မြတ်နိုးသော မြစ်ကြောင်း၏ သေမင်းတမံခေါင်းလောင်းသံပဲဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့ အနေဖြင့်နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံသူများအား ဆည်တည်ဆောက်ရေးစီမံကိန်းကို အလျင်အမြန် ရုတ်သိမ်းပေးရန် တောင်းဆိုပါသည်။ သို့မဟုတ်ပါက အတိတ်ကာလက စစ်ဗိုလ်ချုပ်များနည်းတူ ယခုလက်ရှိ စစ်ကောင်စီသည် ရေကာတာ ရရှိရေး အတွက် ရာဇဝတ်မှု ကြူးလွန်သူများဖြစ်သည့်ပြင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင်း သဘာဝပတ်ဝန်းကျင် များကို ပြောင်ပြောင်တင်းတင်း လူသားမဆန် ရက်ရက်စက်စက် ဖျက်ဆီးနေကြသူများ ဖြစ်ကြောင်း ဆိုရ ပေမည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင် +66: 97-173-1530 (ရှမ်း၊ မြန်မာ)


Download PDF in EnglishBurmese and Shan.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia