11 June 2021
ရန်ကုန်၊ ဇွန် ၁၁
EITIအဖွဲ့ဝင် ကိုမာန်ဇာမြေမွန်
စစ်ကိုင်းတိုင်း EITI ရဲ့ SNU အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမာန်ဇာမြေမွန်ဟာ ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ရဲ့ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သဘာဝ သယံဇာတ ဆိုင်ရာ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်း (EITI) မှအလုပ်အမှုဆောင်ဒါရိုက်တာ Mark Robinson ရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထား ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းကိုယ် စားလှယ်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု တွေကျူးလွန်နေတယ်ဆိုတဲ့ အစီရင်ခံမှုတွေကြားနေရစဥ်မှာပဲ စစ်ကိုင်းတိုင်း သဘာဝ သယံဇာတ ဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း EITI ရဲ့ ဒေသဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(SNU) အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုမာန်ဇာမြေမွန် ဖမ်းဆီးခံရကြောင်းကို EITI ကသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုမာန်ဇာမြေမွန်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာမဟာမိတ်အဖွဲ့ (MATA) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုမာန်ဇာမြေမွန်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရဲ့ ဒီမိုကရေစီအရေးလုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး၊ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်း တွေ အနေ နဲ့ ၎င်းအခြေအနေအပေါ် များစွာစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဒီစိုးရိမ် ပူပန်သံတွေဟာ ၎င်းတို့အပေါ်ပဲ့တင်ရိုက်ခတ််နေပြီး ကိုမာန်ဇာမြေမွန်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို လိုက် တယ် လို့Mark Robinson ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
EITI အဖွဲ့ကြီးကဲ့သို့ပင် နိုင်ငံတကာအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Publisher What You Pay Global Council က လည်း မြန်မာ နိုင်ငံ စစ်ကိုင်းတိုင်း EITI အဖွဲ့ဝင် ကိုမာန်ဇာမြေမွန် ဖမ်းဆီးခံရခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချ လိုက် ပြီး၊ ၄င်းကို ချက်ချင်းဘေးကင်းလုံခြှံစွာ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာအဝှမ်းမှ အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော်ပါဝင် ဖွဲ့စည်းထားတဲ့ Publish What You Pay (PWYP) ဟာ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတူးဖော်ရေးမှရရှိသော ဝင်ငွေများဖြင့် လူနေမှုဘဝများမြင့်မားတိုးတက်လာစေရေး အထောက် အကူပြုပေးနေသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ကြီးတခုလည်းဖြစ်ပါတယ်။
PWYP အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်နေသောကုမ္ပဏီများ၊ ရင်းနှီးမြှုပ် နှံသူများ နှင့်အခြား သက်ဆိုင်သူများအားလုံးအနေနဲ့ ကိုမာန်ဇာမြေမွန် ပြန်လည်လွတ်မြောက်စေရေးအတွက် ၄င်းတို့ရဲ့ သြဇာ အရှိန် အဝါ အသုံးပြုဖိအားပေးလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းဖော်ပြထားပါတယ်။
Original Post: Khit Thit Media
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.