8 June 2021

ကြေညာချက်အမှတ် ၅/၂၀၂၁။
ရက်စွဲ။ ဇွန်လ (၈)ရက်၊ ၂၀၂၁။
အသိပေးကြေညာခြင်း
============
ဇွန်လ ၇၊ ၂၀၂၁ (တနင်္လာနေ့) လွယ်ယင်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်
အကြမ်းဖက် စစ်တပ်မှ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာရာ MBPDF မှလက်နက်အင်အား၊ လူအင်အားမမျှသော်လည်း ကြံ့ကြံ့ခံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲခြေနေမှာ မနက်ကတိုင် ညနေထိ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၊ တင့်ကားများအသုံးပြု၍ တိုက်ခိုက်ခဲ့တာကြောင့် MBPDF မှ ယာယီတပ်ဆုတ်ခဲ့ပါသည်။ တပ်ဖွဲ့ဝင် (၃)ဦးမှာ လက်နက်ကြီးထိ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်သားများလည်း ကျဆုံးသူရှိပေမဲ့ အရေအတွက် ခန့်မှန်းမရပေ။ စစ်ရှောင်များအတွက်စားနပ်ရိက္ခာ အချို့မှာလည်း အကြမ်းဖက်စစ်သားများက သိမ်းယူခဲ့ပါသည်။ ယနေ့မနက်တွင် စစ်ရှောင်အတွက် ကျန်ရှိနေသော ရိက္ခာများကို ပြန်သွားတင်သည့် ကားမှာလည်း လက်နက်ကြီး၊ စက်သေနတ်များဖြင့် အပစ်ခံရပြီး ရိက္ခာတင် လူငယ်အချို့ အသက်အန္တရာယ်ဘေးမှ သီသီလေးပင် လွတ်မြောက်ခဲ့ပါသည်။ “စစ်ဘေးရှောင်သွားမည့် လူတစ်ချို့မှာလည်း အပစ်ခံရပြီး သေဆုံးနေသည့်အလောင်းကို ကောက်ရခက်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်” အကြမ်းဖက်စစ်တပ်သည် ပြည်သူနေအိမ်များကို မီးရှို့ခြင်း၊ မြင်ရာလူမှန်သမျှ အရပ်သား၊ မည်သူမည်ဝါမခွဲခြားဘဲ ပစ်သတ်ခြင်း စသဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။
Mobye People Defense Force-MBPDF
သတင်းနှင့်ပြန်ကြားရေး
19 May 2026

19 June 2026