18 May 2021
မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြတဲ့လိင်တူချစ်သူ(LGBT) တွေဟာ ဖမ်းဆီးခံနေရစဉ် အတောအတွင်းမှာ လူ့ဂုဏ်သိက္ခာနဲ့ မလျှော်ညီတဲ့ အနိုင်ကျင့်အရှက်ခွဲမှုတွေ ခံနေကြရတယ် ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အမျိုးသမီးလိုဝတ်စားခံယူနေထိုင်ပြီး၊ ဆန့်ကျင်ဘက် လိင်ကဲ့သို့ပြောင်းလဲ ဝတ်ဆင်ခံယူနေထိုင်တဲ့ Transgender တယောက်ဖြစ်သူ မခိုင်ခိုင်ကို Blue Shirt Day Campaign ပုံ Facebook မှာတင်လို့ဆိုပြီး ဓါတ်ပုံနဲ့တကွ အိမ်တိုင်ရာရောက် ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးရာမှာ စစ်တပ်နဲ့ ရဲတွေဟာ မခိုင်ခိုင်ကို ထိုးကြိတ်ရိုက်နှက်တဲ့အတွက် မျက်ခုံးပေါက်သွားတဲ့အပြင် လည် ပင်းကို စစ်ဖိနပ်နဲ့ နင်းသလို Transgender woman ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကို ကိုင်တွယ်လှောင်ပြောင်ကာ အတင်းအကျပ် ပုဆိုးပြောင်းဝတ်ခိုင်းပြီး လူ့ဂုဏ်သိက္ခာမဲ့စွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။
ဒါ့အပြင် မတ်လ ၂၈ ရက်ကလည်း ပြည်မြို့မှာ သေနတ်မှန်သွားတဲ့ ကျောင်းဆရာမလေးကို သွားကယ်ရင်း ကိုး ကိုး လို့အမည်ရတဲ့ ဆန့်ကျင်ဘက် လိင်ကဲ့သို့ပြောင်းလဲဝတ်ဆင်ခံယူနေထိုင်တဲ့ (Transgender man)ဟာ နေရာမှာတင် သေနတ်မှန်ကာ ကျဆုံးသွားပါတယ်။
စစ်တပ်က အလောင်းယူ သွားတာ မသိတဲ့မိသားစုမှာ ကိုးကိုးပျောက်တဲ့သောကနဲ့ တညလုံးဆေးရုံမှာ စောင့်နေခဲ့ရတယ်။နောက်နေ့မှာ ပိုင်ရှင်မဲ့အလောင်းဆိုပြီး ပစ်ထားတာတွေ့တော့မှ အလောင်းအိမ်ပြန်သယ်ယူခွင့်ရပေမယ့် ကိုးကိုးမှာ ပါသွားတဲ့ ဖုန်းတို့၊ အိတ်တို့ဘာတခုမှ ပြန်မရခဲ့ပါဘူး။
အလားတူပဲ ရှမ်းပြည်နယ်မှာလည်း LGBT တယောက်က ညပိုင်းသံပုံးတီးတဲ့အတွက် စစ်တပ်နဲ့ ရဲတွေကနေ သံပုံးတီးတဲ့ အမှုနဲ့ လာရောက်ဖမ်းစီးရာမှာ လိင်စိတ်∕လိင်ဝိသေသခံယူကွဲပြားမှုအပေါ်အခြေခံပြီး အသံမမာ မချင်း ယောကျာ်းလို့ အော်ခိုင်းကာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ပါတယ်။
ဒါတွေကိုကြည့်ရင် စစ်တပ်က ဆန္ဒပြသူတွေကို ထိန်းသိမ်းထားတဲ့အချိန်မှာ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့် တာကို အမျိုးသမီးတွေနဲ့ LGBTတွေက အများဆုံးခံနေရတာ ထောက်ပြနေတာပါ။ အမေရိကန် အောက်လွှတ် တော်မှာ မြန်မာ့အရေး ကြားနာစစ်ဆေးပွဲမှာ Progressive voice အဖွဲ့က တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက လည်း အလားတူ ထောက်ပြပြောဆိုသွားတာ တွေ့ရပါတယ်။
ဒါတွေဟာ ရှေးအစဉ်အဆက် စွဲလာခဲ့တဲ့ LGBTဆိုတာ လိင်ကိစ္စကလွှဲလို့ ဘာမှ မလုပ်တတ်တဲ့ လူပိုတွေသာဖြစ်တယ်ဆိုတဲ့ အစွဲတွေကြောင့်သာ အခုလို သူများထက်ပိုပြီး အနိုင်ကျင့်ခံနေရတာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကာလ ရက် ၁၀၀ အတွင်းမှာ စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု ကြောင့် သေဆုံးရတဲ့ LGBTအရေအတွက်ဟာ ၁၀ ယောက်ခန့်ရှိနေပြီး ဖမ်းဆီးခံရသူပေါင်းက အယောက် ၅၀ နီးပါးရှိတယ်လို့ LGBT အရေးတက်ကြွလှုပ်ရှားသူတွေရဲ့စာရင်းတွေကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက“ LGBT ကလည်း လူသားပဲဖြစ်တယ်။ ဒါကြောင့်မို့ တခြားသူတွေ ခံစားရတဲ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားဖို့ မ သင့်သလို LGBT ဆိုတဲ့ လိင်စိတ်ခံယူမှု ကွဲပြားတာကြောင့် ပိုမိုပြီး အကြမ်းဖက်လုပ်ဆောင်မှုကို ရှုံ့ချပါတယ်” လို့ ပြောပါတယ်။
ဒီအတွက် တရားဥပဒေအရ လုပ်ဆောင်သွားမှာဖြစ်ပြီး အနာဂတ်မှာလည်း ဒီလိုရာဇဝတ်မှုမျိုးတွေကို ပြည်သူ့ရဲ တပ်ဖွဲ့ အပါအဝင် တခြားဘယ်သူကမှ ချိုးဖောက်လို့မရအောင် ကာကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်ပေါက်ဖို့ လုပ် ဆောင်သွားမယ်လို့ သူက ကတိပေးစကားဆိုပါတယ်။
ဝန်ကြီး ဦးအောင်မျိုးမင်းဟာ သူကိုယ်တိုင် LGBT ဖြစ်ကြောင်းကို တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့ သူဖြစ်သ လို လူ့အခွင့်အရေး၊ ကလေးသူငယ်အရေးကိစ္စနဲ့ LGBTအရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့သူပါ။
ဒါ့အပြင် သူဟာ LGBTတွေထဲမှာ ပထမဆုံး ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့တဲ့ သူတယောက်လည်း ဖြစ်တယ်။
LGBTတွေ အခုလိုဖိနှိပ်ခံနေရတာ အခုမှ မဟုတ်ပါဘူး။ ယခင်စစ်အုပ်ချုပ်ရေးကာလတွေနဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း LGBT တွေကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံတယ်လို့ အကြောင်းပြကာ ပုဒ်မ ၃၇၇နဲ့ ဖမ်းဆီးသလို မှောင်ရိပ်ခိုမှုနဲ့လည်း ဖမ်းဆီးငွေညှစ်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေလည်းရှိပါတယ်။
ဖမ်းဆီးခံရရင်လည်း ရဲတွေက သူတို့မထင်ရင် မထင်သလို LGBT တွေကို ဆံပင်ညှပ်ပစ်တာတို့၊ လက်သည်း တွေ ညှပ်ပစ်တာ၊ လိင်ဖျော်ဖြေမှုအတွက် အသုံးချခံရတာတွေအပြင် လိင်ပိုင်းဆိုင်ရာမဖွယ်မရာ လုပ်ဆောင် ခိုင်းတဲ့အထိ နှိပ်စက်ခံခဲ့ကြရတယ်။
“အရင်ထဲက လိင်တူချစ်သူ(LGBT)တွေဆိုရင် သာမန်လူတွေထက်ပိုပြီး နှိမ့်ချလှောင်ပြောင်ခံနေရတာ အခုလို ဥပဒေမဲ့ပြီး မတရားကျူးလွန်နေတဲ့ကာလမှာဆို ပိုပြီး ဆိုးဆိုးဝါးဝါးကြုံရတယ်။ ဒါကြောင့် ဒီတော်လှန်ရေး ကာ လမှာ အာဏာရှင်ကိုသာမက လူအဖွဲ့အစည်းမှာ မသင့်တော်တော့တဲ့ social norms တွေကိုပါ တခါတည်း တိုက်ထုတ်သွားမယ်”လို့ ဆန့်ကျင်ဘက် လိင်ကဲ့သို့ပြောင်းလဲဝတ်ဆင်ခံယူနေထိုင်တဲ့ မမျိုးမျိုးက ထောက်ပြ ပြောဆိုပါတယ်။
ဒီလိုဖြစ်လာတာဟာ LGBT တွေကိုမုန်းတီးစိတ်ရယ်၊ လက်နက်ကိုင်ထားတဲ့အတွက် အနိုင်ကျင့်ခွင့်ရှိတယ် ဆိုတဲ့လုပ်ပိုင်ခွင့်ရယ်ပေါင်းစပ်လာ ရာကနေ ထွက်လာတဲ့ အကြမ်းဖက်နှိပ်စက်မှုတွေဖြစ်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။
ဒီလိုတပါးသူရဲ့အနိုင်ကျင့်မှုခံနေရတာတွေကလည်း သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အုပ်ထိန်းသူ မိဘ၊ ညီအ ကိုမောင်နှမတွေကနေ စွဲလာခဲ့တဲ့ အယူအဆမှားတွေကြောင့် ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က LGBTတွေကို ရှက်စရာ၊ရွံ့ရှာမုန်းတီးစရာလို့ သတ်မှတ်ပြီး အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခဲ့တာကြောင့်ပါ။
ဒါတွေရဲ့ အကျိုးဆက်ကတော့ LGBT အများစုဟာ ပညာတတ်ရှားပါးလာပြီး အတတ်ပညာရှိတဲ့ LGBTတွေကျ တော့ သူတို့ရဲ့လိင်စိတ်ခံယူမှုကို ပွင့်လင်းစွာ ထုတ်မပြောရဲခဲ့ကြပါဘူး။
ဒီလိုခေတ်အဆက်ဆက် အဖိနှိပ်ခံလာရတဲ့ LGBTတွေဟာ သူတို့ဖြစ်တည်ကို ပြောင်းလဲမပစ်ဘဲ လူတွေရဲ့ အယူစွဲမှားတွေကို ဖျောက်ပစ်နိုင်ဖို့ NLD အစိုးရလက်ထက်မှာ ဦးအောင်မျိုးမင်းအပါအဝင် LGBT တော်တော်များ များဟာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတယ်။
ဒီအချိန်မှာပဲ LGBTကလေးငယ်တယောက်ကို ဂုဏ်သိက္ခာကျအောင် လုပ်လိုက်တဲ့အတွက် အရှက်ရကာ သတ် သေသွားတဲ့ ဖြစ်စဉ်ကြောင့် လူထုဟာ LGBTတွေအပေါ် သနားညှာတာပြီး သူတို့ဖြစ်တည်မှုကို စတင်လက်ခံ ပေးလာခဲ့တယ်။
ရာခိုင်နှုန်းပြည့်မဟုတ်တောင် LGBTတွေရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ နားလည်လက်ခံပေးလာတဲ့ ရာခိုင်နှုန်း ဟာ ယခင်ထက် ပိုတိုးလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စစ်အာဏာသိမ်းလိုက်တော့ LGBTတွေရဲ့ ဘဝဟာ နောက်တပတ်ပြန်လည်သွားခဲ့ရတယ်။
“ ဒီအာဏာသိမ်းမှုကြီးမှာ လူသားအားလုံးက သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးပြီ လူ့အခွင့်အရေးဆိုတာ ဘာမှ မရှိသလောက်ဖြစ်သွားတဲ့အချိန်မှာ စစ်တပ်ဟာ ဟိုးတုန်းကပုံစံတွေ ပြန်ပေါ်လာတယ်။ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်”လို့ မိတ်ကပ်မေဦးက ရှင်းပြပါတယ်။
ဒါပေမယ့်သူတို့တွေဟာ လက်လျော့မသွားခဲ့ပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေကို ပိတ်ပင်လိုက်တဲ့ စစ်အာဏာရှင် တွေကို ဆန့်ကျင်ဖို့ ရှေ့တန်းကနေ မကြောက်မရွံ့ပါဝင်လာခဲ့တဲ့အခါမှာတော့ လူထုဟာ အရင်ကထက် LGBT တွေကို အသိအမှတ်ပြုလာခဲ့ပါတယ်။
သာဓကတခုအနေနဲ့ဆိုရင် နယ်မြို့လေးတခုမှာ LGBT ၃ ယောက်ဟာ လက်နက်ကိုင်ထားတဲ့ တပ်သား ၄ ယောက်ရှေ့မှာ ရပ်ပြီး“ပြည်သူ့ရဲ၊ ဒို့ယောကျာ်း”လို့ ရဲရဲဝံ့ဝံ့အော်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာကို လူအများက သဘောကျ နှစ်ခြိုက်တာကိုတွေ့ရပါတယ်။
ဒီလိုပဲ ခေတ်အဆက်ဆက်နှိမ့်ချခံခဲ့ရတဲ့ အမျိုးသမီးတွေဆိုရင် ထဘီဆိုတာ ဘုန်းနိမ့်စရာ မဟုတ်ဆိုတဲ့ ကျား၊ မ တန်းတူအခွင့်အရေးတော်လှန်ရေး လုပ်ခဲ့တဲ့အတွက် ထဘီပေါ်မှာထားတဲ့ လူထုရဲ့အမြင်ပြောင်းသွားခဲ့သလို LGBTတွေကလည်း နွေဦးတော်လှန်ရေး တပ်သားတွေပဲဆိုတဲ့အမြင် မိတ်ကပ်မေဦးတို့က သက်သေပြခဲ့ပါ တယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့လို့ စစ်တပ်က ၅ဝ၅ (က) အကြည်ညိုပျက် စေမှုဥပဒေပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ထားလို့ နယ်စပ်တောတွင်းတနေရာမှာ ရှောင်တိမ်းနေကြသူတွေ ရှိပါတယ်။
နိုင်ငံကျော် မိတ်ကပ်ပညာရှင် မေဦးဟာ ရန်ကုန်မြို့ပေါ်မှာ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ အဲဒီအောင်မြင်မှုတွေ၊ စည်းစိမ်တွေကို စွန့်လွှတ်ပြီး နိုင်ငံအတွက် ကြိုးစားပေးနေတာ ဖြစ်တဲ့အတွက် LGBTတွေ လည်း ဒီတိုက်ပွဲမှာ အုတ်တချပ်သဲတပွင့်တော့ ဖြစ့်ခဲ့တယ်ဆိုတာ ဂုဏ်ယူစွာပြောပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
မိတ်ကပ် မေဦးက“မေဦးတို့က လွတ်လပ်စွာ ပြောဆိုချင်တယ်။ လွတ်လပ်စွာအသက်ရှင်ခွင့်ရချင်တယ်။ အဲ့လို ရချင်တဲ့အတွက် ဒီလိုလုပ်ပေးနိုင်တဲ့ အစိုးရကို မဲပေးထားပြီးသား။ ဒါကို စစ်တပ်က မတရားလုယူသွားတာကို လက်မခံနိုင်လို့ တော်လှန်ဆန်ကျင်ကြတာပါ”လို့ သူ့သဘောထားကို ပြတ်ပြတ်သားသား ပြောပါတယ်။
ဒါကတော့ LGBTတွေအနေနဲ့ ဖိနှိပ်မှုတွေရှိတဲ့ကြားထဲက ဆက်လက်လုပ်ဆောင်နေတဲ့ ကိစ္စတခုဖြစ်သလို နွေဦးကာလမှာ ပထမဆုံးပြောင်းလဲမှုလို့ ပြောရမှာဖြစ်ပါတယ်။
အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ (Lesbian) တယောက်ဖြစ်တဲ့ မကြည်စုက“ကျနော့်အမြင်မှာတော့ ဒီတော်လှန် ရေးဟာ စစ်အာဏာရှင်စနစ်ကိုသာမက LGBT community အပေါ် လူထုအမြင်ကိုပါ ပြောင်းလဲစေပါတယ်။ ဒီတော်လှန်ရေးဟာ ယဉ်ကျေးမှုတော်လှန်ရေးပါပါတယ်၊ လူ့စံတန်ဖိုးတော်လှန်ရေး၊ မျိုးဆက်သစ်တော်လှန်ရေး ပါ။ လူကို လူလိုသာရှုမြင်ရမယ်ဆိုတဲ့ အယူအဆတွေက လွှမ်းခြုံလာတော့မှာပါ”လို့ ရှင်းပြပါတယ်။
မကြည်စုဟာ ရှေ့နေတယောက်ဖြစ်တဲ့အပြင် အခုနွေဦးတော်လှန်ရေးမှာ မိဘကို အတိုက်အခံလုပ်ပြီး ဆန္ဒပြပွဲ တွေမှာ ဦးဆောင်နေသလို CDM ထောက်ပံ့ကူညီရေးမှာလည်း ဦးတတပ်တအား ပါဝင်လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။
“ကျနော်က ဥပဒေသမားပါ။ ဥပဒေမဲ့လုပ်ရပ်တွေကြား ပြည်သူကို ကိုယ်သိထားတဲ့ပညာရပ်တွေက မကာကွယ် နိုင်တဲ့အခါ ရင်ကွဲရပါတယ်”လို့ သူက ဝမ်းနည်းစကား ဆိုပါတယ်။
ဒါ့အပြင် မကြည်စုက ပွတ်တိုက်မှုတွေ ရှိမှာမှန်ပေမယ့် နွေဦးတော်လှန်ရေးအောင်ပွဲနဲ့အတူ သေချာပေါက်ပွင့် လာမယ့် ပန်းဟာ လူသားဆန်မှုနဲ့ လူ့စံတန်ဖိုးတွေပါပဲလို့ မှတ်ချက်ပြုပါတယ်။
အရင်ကဆို LGBTလို့ ပြောလိုက်ရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျော့ညံ့တယ်၊ သတ္တိမရှိဘူးဆိုတဲ့ ရှေးရိုးစွဲကို အခုလို ပါဝင်မှုတွေ၊ စွန့်လွှတ်မှုတွေ ဆက်လက်ပြီးတော့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်မှုတွေက အနည်းနဲ့ အများ ပြည်သူလူထု ကြားထဲမှာ ပြောင်းလဲမှု ရှိလာပါတယ်။
ဒါ့အပြင် ယခင်က LGBT တွေဆိုရင် သီးခြားသတ်မှတ်ထားလေ့ရှိတဲ့ မိတ်ကပ်၊ ဆံပင်၊ အလှပြင်၊ နတ်ကတော် ဆိုတဲ့ ပုံစံခွက်သတ်မှတ်ဖို့ အခန်းကဏ္ဍတွေ ကျော်တက်ပြီးတော့ ရှေ့ဆုံးက (Defense Team) တွေမှာ ပါဝင် လာတယ်။
နောက် CDM လှုပ်ရှားမှုတွေမှာလည်း ပါဝင်လာတဲ့အပြင် လက်နက်ကိုင် တိုက်ပွဲဝင်တဲ့အထိ ပါဝင်လာတာက လည်း ရှေးရိုးစွဲ အမြင်တွေ၊ အယူအဆအစွဲတွေကို ပြောင်းလဲနိုင်ဖို့အတွက် လမ်းကြောင်းဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး ပြောင်းလဲမှုတွေရှိလာပေမယ့်လို့ စစ်ကြောင်းတခုမှာ “စောက်ခြောက်မရှိတဲ့ ဆယ့်ခြောက်”လို့ ရေး ထားတဲ့ စာသားတချို့ကလည်း ဘယ်လောက်ခွဲခြားမှု မရှိဘူးပြောပြော တဖက်မှာလည်း အစွဲအလမ်းတွေ၊ နှိမ့်ချမှုတွေ ရှိနေသေးတယ်ဆိုတာ သက်သေပြလို့ နေပါသေးတယ်။
ဝန်ကြီးက“ ဒါကြောင့် ဒီတခေါက် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ လက်တွဲပြီး ပါဝင်ခဲ့တဲ့ LGBT တိုက်ပွဲဝင် တွေကို လေးစားဖို့ လိုအပ်သလို လူမှန်နေရာမှန် အသိအမှတ်ပြုလိုတဲ့စိတ်ဓါတ်၊ မုန်းတီးမှုကိုဖယ်ပျောက်နိုင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်နိုင်ဖို့အထိ စဉ်းစားထားရမှာပါ။ ကျနော်တို့ အားလုံး လူကို လူလို့သာမြင်တဲ့ အနာဂတ်တခုကို ဖန်တီးတည်ဆောက်တဲ့ နေရာမှာ လက်တွဲလုပ်ဆောင်ကြပါ”လို့ တိုက်တွန်း ပါတယ်။
Original Post: Honest Information (HI)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.