Mr. Chairman, distinguished committee members,
Thank you for inviting me to speak to you on the tragic events unfolding in my home country, Burma, and for holding today’s hearing. I’d like to thank the United States government for your ongoing support to realize our long-fought aspiration for a federal democracy. The following is a summary of my full statement.
I am here to share the realities on the ground, the untold suffering of the people, and appeal for swift action against the brutal Burmese military junta. I appeal to you as a survivor of 1988’s brutal coup – led by the same military responsible for today’s coup – and as someone who still yearns for a true federal democracy in her homeland. In 1995, I testified before the US Senate detailing the fatal crackdowns in 1988. I come before you today, nearly 30 years later, saddened to describe yet another dark and devastating chapter in Burma’s history.
Mr. Chairman and members of the committee, since February 1st, millions of people from all walks of life across Burma, including police and soldiers, have come together to reject this junta’s unlawful coup attempt. The civil disobedience movement has effectively prevented the military from controlling the administration of government, banks, hospitals, and other sectors. We can therefore say that the attempted coup is failing.
In response, the junta has launched a nationwide campaign of terror, attempting to force people into submission, using any means necessary. Peaceful protesters have been met with murderous and indiscriminate violence, including execution style killings and the use of heavy military weaponry. The deadliest single day of bloodshed occurred on March 27, with the mass murder of 169 unarmed civilians. Every day, the violence and death continue. At least 766 people have been killed and over 4,600 have been arbitrarily arrested. All of this is conducted with complete impunity. The junta has also enacted new laws to criminalize protesters, including sentencing 19 protesters to death.
They are also deliberately destroying the evidence of their crimes such as by removing bullets from those they have killed before stitching them back together. Often, cash is demanded from the victim’s family in exchange for the bodies to be returned. And they aren’t just taking lives. They are destroying houses, private property, and food stores at random and robbing people of their cell phones, computers, and motorcycles.
Torture and beatings in detention are commonplace, with no access to legal representation or contact with families. For women and LGBTIQ, the situation is far worse, with reports of rape, sexual violence and psychological abuse. Sexual and gender-based violence has long been used by the Burma military as a weapon of war against ethnic nationalities to terrorize them into submission.
The junta has murdered at least 51 children since the start of the coup – including those in their homes and playing in the street. Abduction and torture of family members, including children as young as 2, are increasing.
Since the end of March, the junta has been launching airstrikes in Karen and Kachin States. In the last week of April alone, there were 68 airstrikes. This has led to the displacement of over 45,000 people and killing of at least 20. Furthermore, people are fleeing the junta’s brutality into ethnic areas, exacerbating a humanitarian crisis that was already teetering towards catastrophe before the coup. The UN warns of a slow burning food crisis.
Severe restrictions on freedom of movement and information have been imposed, including nationwide internet cuts and declaration of Martial Law in some townships, sending Burma back into darkness.
Mr. Chairman, in spite of such brute force and violence, the people of Burma continue with their daily protests, standing firm in their defiance against this illegitimate military junta and in their support of their legitimate government – the National Unity Government. They ask for the international community, including this legislative body, to do all they can to recognize and support the NUG.
I appeal to this Congress, and the Biden Administration, to stop the flow of oil and gas revenues from Chevron to this unlawful military junta; impose a comprehensive embargo on the transfer or sale of military arms and equipment, including dual used goods; continue to impose and enforce targeted sanctions aimed at the military and their business interests, and support efforts to hold the military to account under international law for their atrocity crimes, including for the Rohingya genocide in 2017.
Mr. Chairman, I would like to once again thank you and the members of the committee for allowing me to testify today. I will close my statement with this: today’s violence and atrocities are only possible because of a lack of accountability for the past crimes. There can be no democratic and peaceful Burma, unless this military is held to account and placed under total civilian control.
I have spent the past 32 years trying to bring about democratic change in Burma. I will continue to fight for the people. However, drawing on my decades of experience, I know that the people of Burma need concrete actions from you and the broader international community. There is this unprecedented window of opportunity that the people of Burma, so many of them young, have created by sacrificing their lives to topple this military junta once and for all. We must not allow it to slip through our fingers.
I look forward to your concrete and swift action, and answering your questions today. Thank you.
Khin Ohmar,
Founder and Chairperson of the Advisory Board,
Progressive Voice.
လေးစားအပ်ပါသော ဥက္ကဌနှင့် ဂုဏ်သရေရှိ ကော်မတီ အဖွဲ့ဝင်များ ရှင်၊
ကျွန်မရဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖုံးကွယ်နေတဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တို့ကို ဒီက နေ့မှာ သင်တို့ကို ပြောပြဖို့ ကျွန်မကို ဖိတ်ခေါ်တဲ့အတွက်နဲ့ ဒီကနေ့ ကြားနာမှု လုပ်ပေးတဲ့အတွက် ကျေး ဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် ကာလကြာရှည် တိုက်ပွဲဝင် နေတဲ့ မျှော်မှန်းချက်ကို လက်တွေ့ဖြစ်လာအောင် ဆက်လက်ပံ့ပိုးပေးတဲ့အတွက် အမေရိကန်အစိုးရ ကို ကျေးဇူးတင်အပ်ပါတယ်။ အခုဆက်ပြောသွားမှာက ကျွန်မရဲ့ တင်ပြချက် အပြည့်အစုံကို အကျဉ်း ချုပ်ထားတာဖြစ်ပါတယ်။
ကျွန်မနာမည်က ခင်ဥမ္မာ ဖြစ်ပါတယ်။ ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူနဲ့ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ကျွန်မ ဒီနေ့ ဒီကို ရောက်နေရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ ပြည်သူတွေ တွေ့ ကြုံ ခံစားနေရတဲ့ ပြောမပြရသေးတဲ့ ခံစားမှုတွေကို ပြောပြဖို့နဲ့ ရက်စက်တဲ့ မြန်မာစစ်အုပ်စုအပေါ် အလျင် အမြန် အရေးယူပေးဖို့ တင်ပြဖို့ ဖြစ်ပါတယ်။ ကျွန်မက အခုတခါ အာဏာသိမ်းတဲ့ စစ်တပ်ကပဲ လုပ်ခဲ့ တဲ့ ၁၉၈၈ ခုနှစ် ရက်စက်တဲ့ အာဏာသိမ်းမှုမှာ အသက်ရှင်ကျန်ရစ်သူတယောက် အနေနဲ့ကော အမိ မြေမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် မျှော်လင့်တောင့်တနေဆဲ လူတယောက် အနေနဲ့ကော တင်ပြသွားမှာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ကျွန်မဟာ အထက်လွှတ်တော်ရှေ့မှောက်မှာ ၁၉၈၈ ခုနှစ်က လူတွေ သေကြေခဲ့တဲ့ ချေမှုန်းမှုတွေအကြောင်း အသေးစိတ်ကို ပြောပြခဲ့ပါတယ်။ နှစ် ပေါင်း ၃၀ နီးပါးကြာတဲ့ အခါ ဒီကနေ့မှာ ကျွန်မ အသင်တို့ရှေ့မှောက်ကို လာခဲ့ပြန်ပါတယ်။ မြန်မာ့သ မိုင်းမှာ နောက်ထပ် မှောင်မိုက်ပြီး ပျက်သုဉ်းတဲ့ အစိတ်အပိုင်းတွေကို ဝမ်းနည်းစွာနဲ့ ပြောပြဖို့ပဲ ဖြစ်ပါ တယ်။
ဥက္ကဌနဲ့ ကော်မတီ အဖွဲ့ဝင်များရှင့်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ရဲနဲ့ စစ်သားတွေ အပါအဝင် မြန်မာ နိုင်ငံရဲ့ တစ်ဝှမ်းက လူထုလူတန်းစားပေါင်းစုံပါဝင်တဲ့ သန်းနဲ့ ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ စစ် အုပ်စုကို ဆန့်ကျင်ဆန္ဒပြဖို့ လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ လူထု အာဏာဖီဆန့်ရေး လှုပ်ရှား မှုဟာ စစ်တပ်ကို အုပ်ချုပ်ရေး၊ ဘဏ်များ၊ ဆေးရုံများ နဲ့ အခြား ကဏ္ဍများကို ထိန်းချုပ်လို့ မရနိုင် အောင် ထိထိရောက်ရောက် တားဆီးထားခဲ့ပါတယ်။ ဒီအချိန် အထိ အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်သေးပါဘူးလို့ ပြောနိုင်ပါတယ်။
တုန့်ပြန်တဲ့ အနေနဲ့ စစ်အုပ်စုဟာ နိုင်ငံတလွှားမှာ အကြောက်တရား လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါ တယ်။ ပြည်သူတွေ သူတို့ကို နာခံလာအောင် လိုအပ်သမျှ နည်းလမ်းအားလုံးကို အသုံးပြုပါတော့ တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ လုပ်ကြံသတ်ဖြတ်မှု ပုံစံ သတ်ဖြတ်မှုများနဲ့ စွမ်းအားထက်တဲ့ စစ်သုံးလက်နက်တွေ သုံးစွဲတာ အပါအဝင် လူသတ်လိုပြီး ခွဲခြားသတ်မှတ်မှုမရှိတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ မတ်လ ၂၇ ရက်နေ့ကတော့သွေးထွက်သံယိုမှု အများဆုံးနေ့တနေ့ ဖြစ်ခဲ့ပါတယ်။ လက်နက်မဲ့ အရပ်သား ၁၆၉ ယောက် အသတ်ခံခဲ့ရပါတယ်။ ဒီနေ့ ကြားနာမှုမှာ ကျွန်မ သင်တို့နဲ့ အတူ ပါနေတဲ့ အချိန်မှာလည်း အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ နေ့စဉ်နေ့တိုင်း ဆက်ဖြစ်နေခဲ့ပါတယ်။ လတ်တလောတွင် အနည်းဆုံး လူပေါင်း ၇၆၆ ယောက် သတ်ဖြတ်ခံရပြီး လူပေါင်း ၄၆၀၀ ကျော်ဟာ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ ဒါတွေအားလုံးကို ကျူးလွန်မှုများအပေါ် အပြစ်ပေးအရေး ယူမှုမှ ကင်းလွတ်ခွင့် အပြည့်အဝနဲ့ ကျူးလွန်တာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဥပဒေအသစ်တွေ ထုတ် ပြန်ခဲ့ပြီး ဆန္ဒပြသူ ၁၉ ယောက်ကို သေဒဏ်ချမှတ်မှု အပါအဝင် ဆန္ဒပြသူတွေကို ရာဇဝတ်မှု ကျူးလွန် သူတွေ ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။
သူတို့ဟာ သူတို့ သတ်ဖြတ်လိုက်တဲ့ သူတွေခန္ဓာကိုယ်ထဲက ကျည်ဆံတွေကို ပြန်မချုပ်ခင် ထုတ်ပစ် လိုက်တာမျိုးလို သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ အထောက်အထားတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတယ်။ မကြာခဏပင် ကျူးလွန်ခံရသူရဲ့ မိသားစုတွေကို အလောင်းကို ပိုက်ဆံနဲ့ ရွေးဖို့ တောင်းခံကြတယ်။ သူတို့ဟာ အသက်တွေကို ပဲ သတ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ အိမ်တွေ၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေ၊ နဲ့ အစားအစာ သိုလှောင်တဲ့ နေရာတွေကိုလည်း ကြုံသလို ဖျက်ဆီးနေကြပြီး ပြည်သူတွေဆီက လက်ကိုင်ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း လုယူနေ ကြပါတယ်။
ထိန်းသိမ်းထားစဉ် နှိပ်စက်ညှင်းပမ်းမှုနဲ့ ရိုက်နှက်မှုတွေက ဖြစ်လေ့ဖြစ်ထ ဖြစ်နေပါပြီ၊ ဥပဒေအရ ရှေ့ နေငှားရမ်းခွင့်မရှိသလို မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့်မရပါဘူး။ မုဒိန်းကျင့်မှု၊ လိင်ဆိုင်ရာ အ ကြမ်းဖက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု အစီရင်ခံချက်တွေ ရှိနေတာကြောင့် အမျိုးသမီးတွေနဲ့ LGBTIQ တွေအတွက်ကတော့ အခြေအနေတွေက ပိုဆိုးပါတယ်။ မြန်မာစစ်တပ်ဟာ အချိန်ကြာမြင့် စွာကတည်းကပင် တိုင်းရင်းသား လူမျိုးစုတွေကို ကြောက်ရွံ့ပြီး နာခံမှုရှိလာအောင် လိင်ဆိုင်ရာနဲ့ ကျား-မ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် အသုံးပြုခဲ့ပါတယ်။
အာဏာသိမ်းရန် ကြိုးပမ်းမှုက စလို့ စစ်အုပ်စုဟာ နေအိမ်တွေမှာနေနေတဲ့ ကလေးတွေနဲ့ လမ်းတွေ မှာ ကစားနေတဲ့ ကလေးတွေ အပါအဝင် အနည်းဆုံး ကလေးငယ် ၅၁ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ အ သက် ၂ နှစ်အရွယ် ကလေးတွေ အပါအဝင် မိသားစုဝင်တွေကို ဖမ်းဆီးနှိပ်စက်မှုတွေဟာ တိုးများလျက် ရှိနေပါတယ်။
မတ်လကုန်ကစလို့ စစ်အုပ်စုဟာ ကရင်နဲ့ ကချင်ပြည်နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ စလုပ် ခဲ့ပါတယ်။ ဧပြီလ နောက်ဆုံးပတ်တစ်ပတ်ထဲမှာပင် လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်ပြု လုပ်ခဲ့ပါ တယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည်။ ထိုမျှသာမက လူများသည် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများမှ တိုင်းရင်း သား နယ်မြေများအတွင်း ထွက်ပြေးလျက်ရှိပြီး အာဏာသိမ်းမှု မတိုင်မီကတည်းက ဘေးအန္တရာယ် ကပ်ဆိုး အဖြစ် ချည်းကပ်လာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ပိုမိုဆိုးရွား လာစေသည်။ သို့တိုင်အောင်ပင် စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ကို ထိရှလွယ်ဆုံး ပြည်သူ လူထုများထံ မရောက်နိုင်အောင် ဆက်လက် ပိတ်ဆို့တားဆီးနေဆဲ ဖြစ် သည်။ ယင်းတို့ကို ရပ်ဆိုင်းရမည်။
တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်ခြင်းနဲ့ တချို့မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ခြင်းအားဖြင့် လွတ်လပ်စွာ သွားလာခွင့်နှင့် သတင်းလွတ်လပ်ခွင့်အပေါ် တင်းကြပ်သော ကန့်သတ်မှု များ ချမှတ်ထားတာကြောင့် မြန်မာနိုင်ငံကို အမှောင်ခေတ်ကို ပြန်ပို့လျက်ရှိနေပါတယ်။
ဥက္ကဌရှင့် ဒီလို ရက်စက်တဲ့ အင်အားသုံးမှုနဲ့ အကြမ်းဖက်မှုတွေ ကြားမှာပဲ မြန်မာပြည်သူတွေဟာ သူတို့ ရဲ့ နေ့စဉ် ဆန္ဒပြမှုတွေကို ဆက်လုပ်နေရင်း တရားမဝင် စစ်အုပ်စုကို ဆန့်ကျင်ကြောင်း နဲ့ သူတို့ရဲ့ တ ရားဝင် အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ ကို ထောက်ခံကြောင်းကို အခိုင်အမာ ပြသနေ ကြပါတယ်။ သူတို့က အခု ဥပဒေပြုအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ကို အသိအမှတ်ပြု ထောက်ခံမှုကို တတ်စွမ်းသမျှ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားကြပါတယ်။
ဒီကွန်ဂရက်နဲ့ သမ္မတ ဘိုင်ဒင် အစိုးရကို ဒီတရားမဝင် စစ်အုပ်စုဆီကို Chevron က ပေးနေတဲ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ဝင်ငွေတွေကို ရပ်တန့်ပေးဖို့၊ နှစ်မျိုးသုံး ပစ္စည်းတွေ အပါအဝင် စစ်လက်နက်နဲ့ ကိရိ ယာတွေကို လွှဲပြောင်းမှုနဲ့ ရောင်းချမှုကို အပြီးသတ် တားမြစ်မှု ချမှတ်ဖို့၊ စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုကို ဆက်လက်ချမှတ်ပြီး အသက်ဝင်စေဖို့နဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် စစ်တပ်ကို သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ဥပဒေအောက်မှာ တာဝန်ခံမှု ရှိစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံ ပံ့ပိုးဖို့တို့ကို တောင်းဆိုလိုက်ပါတယ်။
ဥက္ကဌ ရှင့် ဒီကနေ့မှာ အခုလို ထွက်ဆိုချက်ပေးခွင့်ပြုတဲ့ အတွက် သင်နဲ့ ကော်မတီ အဖွဲ့ဝင်တွေကို နောက်တကြိမ် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ကျွန်မ နိဂုံးချုပ်အနေနဲ့ ပြောလိုတာက- ဒီကနေ့ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အတိတ်က ရက်စက်ကြီးမားတဲ့ ရာဇဝတ်မှုတွေအ တွက် တာဝန်ခံစေမှု လုံးဝ အားနည်းခဲ့လို့ ဖြစ်လာတာ ဖြစ်ပါတယ်။ စစ်တပ်ကို တာဝန်ခံမှု ရှိစေပြီး အရပ်သား ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ မရှိစေနိုင်ဘူးဆိုရင် ဒီမိုကရေစီရှိတဲ့ ငြိမ်းချမ်းတဲ့ မြန်မာ နိုင်ငံရှိလာမှာ မဟုတ်ပါဘူး။
ကျွန်မဟာ လွန်ခဲ့တဲ့ ၃၂ နှစ်လုံးလုံးကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်လာအောင် ကြိုးစားခဲ့ ပါတယ်။ ကျွန်မ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှလည်း ပြည်သူတွေအတွက် ဆက်လုပ်သွားအုံးမှာပါ။ ဒါပေ မယ့် ကျွန်မရဲ့ ဆယ်စုနှစ် အတော်များများ ဖြတ်သန်းမှုတွေအရ မြန်မာပြည်သူတွေဟာ သင်နဲ့ ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို လိုအပ်နေတယ် ဆိုတာ ကျွန်မ သိနေပါတယ်။ လူငယ်တွေ အများအပြားပါဝင်တဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာ ရှင်ကို တစ်ကြိမ်တစ်ခါနှင့် အစဉ်ထာဝရ ဖြိုဖျက်ဖို့အတွက် သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ကာ ဖန်တီး ခဲ့မှုကြောင့် အခုလို မကြုံစဖူး အခွင့်အလမ်းတစ်ခု မမျှော်လင့်ပဲ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခွင့် အရေးမျိုး ကျွန်မတို့ လက်ထဲက လွတ်ထွက်သွားတာကို ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။
ဒီကနေ့ သင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားရင်း မြန်ဆန်ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို ကျွန်မ စောင့်ဆိုင်းနေပါတယ်။ ကျေးဇူးတင်ပါတယ်။