‘ဘူးသပိတ်’

‘ဘူးသပိတ်’

‘ဘူးသပိတ်’

……………………………..

၁.မပူးပေါင်းဘူး(အကြမ်းဖက်စစ်ကောင်စီနဲ့)

၂.မသုံးစွဲဘူး(အကြမ်းဖက်စစ်ကောင်စီဆက်စပ်စီပွားရေးနဲ့ကုန်စည်တွေကို)

၃.ငါတိုတို့ငွေတွေအကြမ်းဖက်စစ်ကောင်စီဆီမရောက်စေရဘူး။

(အခွန်တွေ၊ပုံမှန်ပေးသွင်းရတဲ့ပေးသွင်းငွေတွေ မပေးဖို့၊ ချေးငွေတွေပြန်မဆပ်ဖို့၊ဘဏ်အပ်နှံငွေပြန်ထုတ်ကြပြီး အကြမ်းဘက်စစ်ကောင်စီဆီစီးဆင်းမယ့်ပြည့်သူ့ငွေတွေဖြတ်တောက်ပစ်ဖို့)

ကို​တေဇာဆန်း

#GSCB

#ဘူးသပိတ်

#အ​ရေး​တော်ပုံ​​အောင်ရမည်

မူရင်းပိုစ့် – ပြည်သူ့ဟစ်တိုင်


By Tayzar San

#ဘူး_တစ်လုံးဆောင်ပြီး_အရေးတော်ပုံအောင်ရမည်

#ဘူးသပိတ် #CDM

နိုင်ငံ့ဝန်ထမ်းတွေက ရုံးမတက်ဘူး။

‌ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက် စစ်ကောင်စီကို ဘယ်အခွန်အခမှ မပေးဆောင်ဘူး။

အကြမ်းဖက်စစ်‌ကောင်စီတပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုအားလုံးကို လုံးဝ မဝယ်ယူဘူး၊ မသုံးစွဲဘူး။

ပြည်သူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မျှ အကြမ်းဖက်စစ်အုပ်စုဆီ မရောက်စေရဘူး။

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာ၊ ညွန်ကြားချက် မှန်သမျှကို မနာခံဘူး၊ မလိုက်နာဘူး။

ကျနော်တို့ ဧည့်စာရင်း လုံးဝ မတိုင်ဘူး။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ကျနော်တို့လူထုကို လုံးဝအုပ်ချုပ်လို့ မရစေရဘူး။

လူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုဘူး၊ လက်မခံဘူး။

Civil Disobedience Movement (CDM) လို့ပြောရင် အချို့က နိုင်ငံဝန်ထမ်းတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်တတ်ကြတယ်။ တကယ်ကတော့ အကြမ်းဖက် အဓမ္မဝါဒီ စစ်အာဏာရှင်ရဲ့ အမိန့်၊ ညွန်ကြားချက်တွေကို ဆန့်ကျင်ဖီဆန်တဲ့ လုပ်ရပ်၊ လှုပ်ရှားမှုတိုင်းဟာ CDM ပါပဲ။ ဒါ့ကြောင့် CDM ဆိုတာ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်ပါတယ်။

မြန်မာဆန်ဆန် ပြောရရင် CDM ဆိုတာ ဘူးသပိတ်ပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်နောက်ပိုင်းဆီမှာလည်း ကိုလိုနီအစိုးရကို အသိအမှတ်မပြု၊ အပတ်အသတ်မပြုဘူး၊ အခွန်မဆောင်ဘူးဆိုတဲ့ အထွေထွေအာဏာဖီဆန်တဲ့ ဘူးအသင်းတွေဟာ ဦးချစ်လှိုင် (လှိုင်ပုကျော်) ဂျီစီဘီအေရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာ သမိုင်း မှတ်တမ်းရှိခဲ့ပါတယ်။

ဘူးတစ်လုံးဆောင်ပြီး ပြည်တင်းရင် စစ်အာဏာရှင် ခံနိုင်ရိုးလား။

#ဘူးသပိတ်လှုပ်ရှားမှု

#CivilDisobedienceMovement

———–

#ကြောက်ခေတ်ကို_မှောက်ပစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#‌အရေးတော်ပုံ_အောင်ရမည်

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia