20 April 2021
သို့
ပက်ထရစ် ပွီးယာနေး
ဘုတ်အဖွဲ့၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်
တိုတယ်
မိုက်ကယ် ဝါ့သ်
ဘုတ်အဖွဲ့၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်
ရှဗရွန်
၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်
အကြောင်းအရာ။ ။ တိုတယ်နှင့် ရှဗရွန် တို့မှ စစ်အုပ်စုသို့ အခွန်ဘဏ္ဍာငွေ ပေးသွင်းခြင်းကို ရပ်ဆိုင်းရမည်။
လူကြီးမင်းများ ခင်ဗျား/ရှင့်
ကျွန်ုပ်တို့ မြန်မာ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၃ ဖွဲ့သည် တိုတယ်နှင့် ရှဗရွန်တို့၏ ဖက်စပ်လုပ်ငန်းအား စစ်အာဏာသိမ်းအုပ်စုသို့ အခွန်ဘဏ္ဍာငွေများပေးသွင်းခြင်းကို ရပ်ဆိုင်းရန် ဖေဖော်ဝါရီလ ၂၄ ရက် နေ့စွဲပါ စာဖြင့် တောင်းဆိုချက်များ ပေးပို့ခဲ့သည်ကို တုံ့ပြန်ရန် ပျက်ကွက်ကြောင်း မှတ်တမ်းတင်လျက် ဤစာကို ရေးသားပေးပို့လိုက်သည်။ ထိုအချိန်မှစ၍ တိုတယ်ကုမ္ပဏီသည် ဝယ်ယူသည့် ထိုင်းကုမ္ပဏီ ပီတီတီမှ ငွေပေးချေမှုများကို စစ်အာဏာရှင်အုပ်စု ထိန်းချုပ်ထားသော ဘဏ်စာရင်းများသို့ ပေးသွင်းရန် ဆက်လက် ခွင့်ပြုခဲ့ပြီး သင်တို့သည် အခွန်များကို ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းဖြင့် ပေးချေမှုများ (in-kind payments) ကိုသာ ဆောင်ရွက်ကြောင်း အများသိစေရန် ထုတ်ပြန်ချက်တစ်စောင်ဖြင့် ချေပခဲ့သည်။ ထို့အပြင် တိုတယ်ကုမ္ပဏီအား ထုတ်လုပ်မှု ရပ်ဆိုင်းရန် မည်သူကမျှ မတောင်းဆိုပါလျက်နှင့် ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် လူသားချင်းစာနာထောက်ပံ့ရေး သက်ရောက်မှုများနောက်တွင်လည်း အကာအကွယ် ယူခဲ့သည်။ ထိုသို့ သင်တို့ လုပ်နေစဉ် တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ ပြည်သူလူထုထဲမှ ၇၀၀ ကျော် အသတ်ခံခဲ့ရပြီး ၃,၀၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းကာ စစ်တပ်သည် နိုင်ငံတဝန်းတွင် များစွာသော ယုတ်မာရက်စက်မှုများကို ဆက်လက် ကျူးလွန်နေသည်။ ထိုအချိန်အတောအတွင်း ရှဗရွန်ကုမ္ပဏီ ဆိုလျှင် ကျွန်ုပ်တို့ထံ ဘာမျှ မပြန်ကြားခဲ့ပေ။
မြန်မာစစ်အာဏာရှင်တို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့သည်။ ထိုနိုင်ငံတော်အာဏာတွင် သင့် ဖက်စပ်လုပ်ငန်းမိတ်ဖက်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ပါဝင်သော အစိုးရဝန်ကြီးဌာန အင်စတီကျူးရှင်းများ ပါသည်။ ထိုလုပ်ငန်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခု ဖြစ်သည်။ စစ်အာဏာသိမ်းအုပ်စု သည် မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ် ပြုခံရခြင်း မရှိသော်လည်း အစိုးရ၏ ဘဏ်စာရင်းများ အားလုံးကို တရားမဝင် ထိန်းချုပ်မှု ရယူထားခဲ့သည်။ သင်တို့သည် ဤ ဖြစ်ရပ်များကို သိပါလျက်နှင့် စစ်တပ်အား အမေရိကန်ဒေါ်လာ သန်း ရာချီ၍ ပေးသွင်းနေဆဲ ဖြစ်သည်။ စစ်အာဏာသိမ်း အုပ်စုသည် ထိုငွေများဖြင့် လက်နက်များ ဝယ်ယူ၍ ကျွန်ုပ်တို့ ပြည်သူများကို သတ်ဖြတ်မည့် လူမဆန် ကြမ်းကြုတ်သော စစ်ဆင်ရေးများ နေ့စဉ်ရက်ဆက် ဆောင်ရွက်မည်ကို သင်တို့ သိရှိသည်။ နောက်ဆုံးအာဏာသိမ်းမှုအပြီး ၁၉၉၂ ခုနှစ်တွင် သင်တို့ စစ်တပ်နှင့် အလုပ်စလုပ်ခဲ့သည့် အချိန်ကတည်းက ဤသို့ စစ်တပ်က လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
သင်တို့ကုမ္ပဏီ၏ ထုတ်ပြန်ချက်များတွင် ကုန်စည်ပစ္စည်းအားဖြင့်သာ ပေးချေကြောင်း ထည့်သွင်းဖော်ပြထားသည်နှင့် ဆန့်ကျင်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ငွေကြေးပိုင်းဆိုင်ရာ ဘဏ်စာရင်းများကို စစ်အာဏာ ရှင်အုပ်စုက တရားမဝင် သိမ်းယူထားကြောင်း သိပါလျက်နှင့် တိုတယ်ကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ကိုယ်စားလှယ်အဖြစ် ငွေတောင်းခံလွှာများကို ပီတီတီကုမ္ပဏီသို့ ဆက်လက် တင်သွင်းနေသည်။ တိုတယ်နှင့် ရှဗရွန်ကုမ္ပဏီသည် royalties ခေါ် ခိုင်ကြေးများကို ငွေသားဖြင့် ပေးချေ၍ သဘောတူထားသည့် အမြတ်များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ ပေးခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၄၁ သန်း ရရှိသည်။ တိုတယ်သည် MOGE သို့ ရတနာစီမံကိန်းမှ အမေရိကိန်ဒေါ်လာ ၂၅၉ သန်း တန်ဖိုးရှိ ငွေသား ပေးချေမှုများ လုပ်ခဲ့ကြောင်း တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာမှု ညွှန်းကိန်း EITI သို့ အစီရင်ခံခဲ့သည်။ ဤအချက်များအရ သင်တို့မှာ ဘာမှမလုပ်နိုင်သည့် ဘေးမှ ရပ်နေသူများသာဖြစ်ကြောင်း ပြောဆိုနေမှုများ အားလုံးနှင့် လုံးဝ ဆန့်ကျင်နေသည်။
တိုတယ်ကုမ္ပဏီမှ စစ်အာဏာသိမ်းအုပ်စုထံသို့ ငွေများပေးချေနေခြင်းသည် လက်နက်ကိုင်ထားသော လူဆိုး ဂိုဏ်းတစ်ဂိုဏ်းအား ကာကွယ်သည့် ဆက်ကြေးပေးရခြင်းမျိုးထက် မပိုကြောင်းကို လျစ်လျူရှုကာ တိုတယ်ကုမ္ပဏီသည် မြန်မာဥပဒေအရ စစ်အာဏာသိမ်းအုပ်စုကို အခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သင်တို့ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုများသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) သို့ ပေးသွင်းရခြင်း ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာန၏ ဝန်ကြီး ဦးစိုးဝင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် စစ်တပ်သည် ဝင်းရှိန်အား ခန့်အပ်ခဲ့သည်။ ဝင်းရှိန်သည် မြန်မာရာဇသတ်ကြီး ပုဒ်မ ၁၇၀ (ပြည်သူ့ဝန်ထမ်း ယောင်ဆောင်ခြင်း) နှင့် ပုဒ်မ ၁၇၁ (ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်ကိုင်ဆောင်အပ်သော အဝတ်တန်ဆာတို့ကို၊ သို့တည်းမဟုတ် အမှတ်အသားများကို လိမ်လည် လှည့်ဖျားလိုသော ကြံရွယ်ချက်နှင့် ဝတ်ဆင်ကိုင်ဆောင်ခြင်း) တို့ကို ချိုးဖောက်ထားသူ ဖြစ်သည်။ သင်တို့၏ ပေးသွင်းငွေ များသည် အခွန်ဖြစ်စေ၊ ဘဏ္ဍာငွေများဖြစ်စေ၊ ထိုပေးသွင်းငွေများသည် (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၅ နှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေများ အပါအဝင်) မြန်မာ့ဥပဒေများစွာကို ချိုးဖောက်ခြင်း ဖြစ်သည်။
တိုတယ်ကုမ္ပဏီသည် လူသားချင်းစာနာထောက်ထားရေး အကြောင်းပြချက်များအတွက် သင်တို့ ဆက်လက် လည်ပတ်နေကြောင်းနှင့် ထုတ်လုပ်မှုကို မရပ်ဆိုင်းနိုင်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် သင့်အား မည်သည့်အခါကမျှ ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် မတောင်းဆိုခဲ့သော်လည်း သင်တို့ ကုမ္ပဏီများသည် စစ်တပ်အား ရေရှည်တည်မြဲအောင် ငွေကြေးထောက်ပံ့ခြင်းကို ရပ်ဆိုင်းရန် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို လျစ်လျူရှုရန် ဤသို့ နားလည်မှု လွဲမှားစေနိုင်သော အချက်နောက်တွင် ပုန်းကွယ်နေသည်။ ထုတ်လုပ်မှုသည် စစ်တပ်က အဓမ္မရပ်ခိုင်းမှသာ ရပ်တန့်မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ထွက်သမျှ သဘာဝဓာတ်ငွေ့အားလုံးနီးပါးကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့သဖြင့် ထိုနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုအပ်သဖြင့် ထိုသို့ ရပ်ခိုင်းမည်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင် ဖြစ်စေ၊ ကျွန်ုပ်တို့သည် ကမ္ဘာတွင် အဆိုးရွားဆုံးသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပေးခဲ့သော စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှု မရှိသည့် အနာဂတ်ရရေးအတွက် မီးပြတ်မှုများ ဖြစ်လာမည်ဆိုလျှင် စွန့်စားနိုင်သည်။ သင်တို့က ထုတ်လုပ်မှုကို ခေတ္တရပ်လိုက်လျှင်ပင် နေ့စဉ်ဘဝများ ထိခိုက်သွားနိုင်မည်ဟု ရည်ညွှန်းပြောဆိုခဲ့သော်လည်း စစ်အာဏာသိမ်းရန် ကြိုးစားမှုကြောင့် ထိုသို့ နေ့စဉ်ဘဝများစွာ ထိခိုက်နေပြီးသား ဖြစ်ကြောင်းကို လျစ်လျူရှုထားသည်။ တိုတယ်နှင့် ရှဗရွန်ကုမ္ပဏီများသည် စီးပွားရေး ပိတ်ဆို့အရေးယူမှုများတွင် ခြွင်းချက်များ ထားရှိရေးကို ၂၀၀၀ ပြည့်နှစ်များတွင် အောင်မြင်စွာ လော်ဘီ လုပ်နိုင်ခဲ့ပြီး စစ်အာဏာရှင်အုပ်ချုပ်ရေးကို ထောက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ အနာဂတ်ကို ပရမ်းပတာဖြစ်အောင် လုပ်နေခြင်းကို ရပ်တန်းက ရပ်ရန် လိုအပ်သည်။
သင်တို့သည် သင့်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိတ်ပူကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ သင့်ဝန်ထမ်းများသည် ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြပြီး ဝန်ထမ်းများစွာသည် စစ်အာဏာသိမ်း ဆန့်ကျင်ရေးတွင် ကျွန်ုပ်တို့နှင့် ပါဝင်ထားကြသည်။ သူတို့သည် တိုတယ်ကုမ္ပဏီနှင့် သင်တို့၏ ဖက်စက်လုပ်ငန်း မိတ်ဖက်များထံမှ အရေးယူ၊ ဆောင်ရွက်ချက် လိုချင်ကြသည်။ ကျွန်ုပ်တို့သည် ဖမ်းဆီးခံရမှု၊ နှိပ်စက်ခံရမှုနှင့် ကျွန်ုပ်တို့ နေအိမ်များမှာပင် အသတ်ခံရမှု အန္တရာယ်တို့ကို နေ့စဉ် ရင်ဆိုင်နေကြရပြီး သင်တို့၏ စစ်တပ်သို့ ဆက်လက် ပေးထားသော ဘဏ္ဍာရေးပံ့ပိုးမှုသည် လူတိုင်း၏ လုံခြုံရေးအန္တရာယ်ကို ဆက်ရှိနေစေသည်။
ငွေပေးသွင်းမှုများကို ရပ်ဆိုင်းခြင်းကြောင့် ဥပဒေကြောင်းနှင့် လုပ်ငန်းထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ အချက်များ မည်သို့ပင် ရှိပါစေ၊ သင့်ကုမ္ပဏီ၏ အဓိကစိုးရိမ်မှုသည် လူ့အခွင့်အရေးများကို လေးစားရန်နှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို ကြာရှည်ဆက်လုပ်နိုင်စေသော အကြောင်းခံအဖြစ် ပံ့ပိုးပေးခြင်းမှ ရှောင်ရှားရန် တာဝန် ဖြစ်သင့်သည်။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့သည် စစ်တပ်ကို ရင်ဆိုင်နေကြရပြီး ဤသည်မှာ ကျွန်ုပ်တို့ အောင်မြင်ရမည့် တော် လှန်ရေးဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိသည်။ တရားမျှတမှု၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ ရင်သွေးများအတွက် အနာဂတ်တစ်ခုရ ရေး ကျွန်ုပ်တို့၏ တိုက်ပွဲကို ထိခိုက်ပျက်စီးအောင် လုပ်ခြင်းမှ သင့်ကုမ္ပဏီက ရပ်ရမည်။
ကျွန်ုပ်တို့က သင့်အား အောက်ပါတို့ကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဒေါ်ခင်ဥမ္မာ၊ [email protected]
PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.