15 April 2021
#နွေဦးတော်လှန်ရေးမှ_အမြတ်အကြီးကြီး
လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ညီအကို မောင်နှမများခင်ဗျား-
ကျနော်တို့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှုစတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြစ်ပွားစေတဲ့ ပင်မရင်းမြစ် အကြောင်းရင်းကြီးတစ်ခုကတော့ (ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်ဖြစ်တဲ့) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ Nation Building ပိုင်းမှာ ချို့ယွင်းလိုအပ်ခဲ့တာကြောင့် State Building ပါ ကျရှုံးခဲ့ရပါတယ်။
တစ်ဆက်တည်းပဲ ၁၉၆၂ နောက်ပိုင်းမှာ ဗိုလ်နေဝင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ ဒီမိုကရေစီစနစ်ပါ သင်းသပ်ခံလိုက်ရတာကြောင့် တိုင်းပြည်အခြေအနေက မူရင်းအဝိစိမှသည် မဟာအဝိစိထိ ဇောက်ထိုးကျသွားရတော့တာပါပဲ။
ဒီမှာ ကျနော် ပြောချင်တာက လက်ရှိ ကျနော်တို့ ၂၀၂၁ နွေဦးအရေးတော်ပုံကြီးအတွင်းမှာ ကျနော်တို့ ဆုံးရှုံးနစ်နာမှုပေါင်းများစွာရှိသလို အကျိုးအမြတ်အချို့လည်း ရှိနေပါတယ်။ ဒါကဘာလဲဆိုတော့ လူများစု ဗမာလူမျိုးတွေကိုယ်တိုင်က ဖက်ဒရယ်စနစ်အကြောင်း၊ ကျန်လူမျိုးတွေရဲ့ နိုင်ငံရေးခံစားချက်တွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ဘာကြောင့် နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် ခုခံတော်လှန်ခဲ့ကြရတဲ့ အခြေခံအကြောင်းရင်းတွေကို လေးလေးနက်နက် မျှဝေ၊ ခံစား၊ သိရှိ၊ နားလည်သွားကြတာပဲ ဖြစ်တယ်။
ခုဆို ပြည်မထဲက ဗမာတွေကိုယ်တိုင်က ဒီနိုင်ငံကို အေးချမ်းသာယာပြီး၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် မြင်ချင်တယ်ဆိုရင် မဖြစ်မနေ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်သိရှိသွားကြပြီ ဖြစ်တယ်။ ကျနော်တို့ရဲ့ ဘုံပန်းတိုင်က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်ဆိုတာ အားလုံးက သဘောတူ၊ လက်ခံသွားကြပြီ ဖြစ်ပါတယ်။ လူများစု ဗမာတွေကိုယ်တိုင်က အာဏာရှင်စနစ်ကို မုန်းတီးတာနဲ့အမျှ တစ်ပြည်ထောင်စနစ်၊ ဗဟိုထိန်းချုပ်စနစ်တွေကို လုံးဝ (လုံးဝ) ဆန့်ကျင်နေကြပြီ ဖြစ်ပါတယ်။
တစ်ပြိုင်နက်ထဲမှာပဲ ကျနော်တို့ရဲ့ ဘုံရန်သူက အကြမ်းဖက်စစ်အုပ်စုဖြစ်တယ်၊ ဒီအကြမ်းဖက်စစ်အုပ်စုဟာ တစ်နိုင်ငံလုံးရဲ့ ဒုက္ခအိုးဖြစ်တယ်ဆိုတာလည်း (ဗမာတွေကိုယ်တိုင်က) ရှင်းရှင်းလင်းလင်း မျက်မြင် ဒိဋ္ဌ သိရှိသွားကြပြီဖြစ်တယ်။
ဒါသည်ပင်လျှင် ကျနော်တို့ နွေဦးတော်လှန်ရေးအတွင်း အထိအခိုက်၊ အဆုံးအရှုံးများစွာထဲက ကျနော်တို့အတွက် ကြီးမားသော အမြတ်ကြီးပါပဲ။
အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်ကြလော့။
ဘုံရန်သူကို တိုက်ခိုက်ကြလော့။
ဘုံပန်းတိုင်ကို ရှေးရှုကြလော့။
#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
(ပုံစာ။ အင်တာဗျူးတစ်ခုမှာ ကိုဝေမိုးနိုင် ပြောခဲ့တဲ့ စကား)
Original Post: Tayzar San
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.