ဇင်မင်းထက် – ရွှေပန်းထိမ်သင်တန်းတက်ရင်း ပျော်ပျော်နေတတ်သူ

ဇင်မင်းထက် – ရွှေပန်းထိမ်သင်တန်းတက်ရင်း ပျော်ပျော်နေတတ်သူ

 မောင်ဇင်မင်းထက်ဟာ သူ့မိသားစုမှာ အငယ်ဆုံး ဖြစ်ပါတယ်။

By BBC Burmese

အသက်၂၃ နှစ်အရွယ် ကိုဇင်မင်းထက်ဟာ သူငယ်ချင်းတွေကို အမြဲ ကူညီရိုင်းပင်းလေ့ ရှိသူပါ။

“သူ့မှာ ငွေအခက်အခဲ ဘယ်လောက်ရှိရှိ၊ သူငယ်ချင်းတွေ ငွေဒါမှမဟုတ် တစ်ခုခု လိုတယ်ဆိုရင် အမြဲကူခဲ့တဲ့သူပါ။ ပြီးတော့ သူဟာ စိတ်ကောင်းရှိပြီး အမြဲပြုံးနေတတ်သူပါ” လို့ ကိုဇင်မင်းထက်ရဲ့ သူငယ်ချင်း ကိုစိုင်းက ဘီဘီစီကို ပြောပြပါတယ်။

မတ်လ ၈ ရက်နေ့က ကိုဇင်မင်းထက်ဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုမှာ တခြားဆန္ဒပြသူတွေကို သပိတ်စစ်ကြောင်းထိပ်ကနေ ဒိုင်းနဲ့ အကာအကွယ်ပေးနေတုန်း ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးခဲ့တာပါ။

သူသေနတ်ပစ်ခံရတယ်လို့ ကြားကြားချင်း သူ့အမေ ဒေါ်ဥမ္မာက ဆေးရုံကို အမြန်လိုက်သွားခဲ့ပါတယ်။

“အမေလို့ သူ့ပါးစပ်က ခေါ်လိုက်တာကို နောက်ဆုံးအနေနဲ့ ကြားချင်ခဲ့ပေမဲ့ မကြားလိုက်ရပါဘူး။ သူ့တစ်ကိုယ်လုံး သွေးတွေအလိမ်းလိမ်းနဲ့ ကြည့်ရက်စရာ မရှိခဲ့ပါဘူး။ “သွေးထွက်လွန်နေပြီဆိုတော့ ဖြူဖပ် ဖြူရော်နဲ့ တကိုယ်လုံး အေးစက်နေတယ်”လို့ ဒေါ်ဥမ္မာက ဘီဘီစီကို ပြောပြပါတယ်။

“ဘာပြောနိုင်မှာလဲ။ သိပ်ကို ရက်စက်၊ ကြမ်းကြုတ်လွန်းပါတယ်။ အဲဒီအချိန်က ကျွန်မသားရဲ့ အလောင်းကို အိမ်ကို အမြန်ဆုံး ပြန်သယ်လာဖို့ပဲ ကျွန်မခေါင်းထဲမှာ ရှိတယ်”

ကိုဇော်မင်းထက်ဟာ သူ့အမေလက်ရာ ထမင်း၊ဟင်းတွေကို အရမ်းကြိုက်ပြီး သူငယ်ချင်းတွေကိုလည်း အိမ်ခေါ်လာပြီး ကျွေးလေ့ ရှိပါတယ်။

မိသားစုမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သား ဖြစ်တဲ့ ကိုဇင်မင်းထက်ဟာ ရွှေပန်းထိမ် သင်တန်း တက်နေတာ ၃ နှစ် ရှိပါပြီ။

ဝင်ငွေ အလုံအလောက် ရတာနဲ့ အမေ့ကို အိမ်ဝယ်ပေးမယ်လို့ သားက ကတိပေးထားတယ်လို့ ဒေါ်ဥမ္မာက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်မသားက တစ်ခုခုကို ကြိုတွေးပြီး ပူတတ်တဲ့သူ မဟုတ်ဘူး။ ကျွန်မကိုလည်း တစ်ခါမှ စိတ်အနှောင့်အယှက်ပေးတာမျိုး၊ စိတ်ဆင်းရဲအောင် လုပ်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မချက်တဲ့ဟင်းတွေကိုလည်း သူအရမ်းကြိုက်တယ်။ ကျွန်မချက်တာကလွဲလို့ ဘယ်သူချက်တာမှ သူမစားဘူး။ သူ့ သူငယ်ချင်းတွေကိုပါ အိမ်ခေါ်လာပြီး ကျွန်မလက်ရာတွေကို ဖိတ်ကျွေးလေ့ ရှိတယ်”

သူဆုံးမယ့်နေ့က ကိုဇင်မင်းထက်ဟာ သူအမေကို သူအလုပ်သွားမယ်လို့ ပြောသွားခဲ့တာပါ။ အဲဒီနေ့ မတိုင်ခင် တစ်ညက သူ့ကို ဆန္ဒပြပွဲတွေမှာ မပါဖို့ အမေက တားခဲ့လို့ လိမ်ပြောပြီး ထွက်ခဲ့တာပါ။

ဘာဘဲဖြစ်ဖြစ် သူ့သားဟာ သူလုပ်ချင်တာကို လုပ်ရင်း သေသွားခဲ့ရတာမို့ ဖြေသာပါတယ်လို့ ဒေါ်ဥမ္မာက ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့သားဟာ သူလုပ်ချင်တာကိုလုပ်ပြီး သေခဲ့ရတာလို့ ပြောပါတယ်။

“ကျွန်မသားအတွက် ဂုဏ်ယူပါတယ်။ သူက သူရဲကောင်း တစ်ယောက်ပါ။ တိုင်းပြည်အတွက် ပေးဆပ်ဖို့ အရမ်းကို စိတ်ထက်သန်ခဲ့တာလေ”

“သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ ကျွန်မသားအတွက် ဂုဏ်ယူတယ်။ သူက တိုင်းပြည်အတွက် တတ်နိုင်သလောက်ပေးဆပ် ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ တာ” လို့ ထပ်ဖြည့်ပြောပါတယ်။

English version.

မူရင်းပို့စ် – BBC Burmese


နွေဦးတော်လှန်ရေးမှာ မြစ်ကြီးနားက အသက်ပေးသွားခဲ့တဲ့ သူရဲကောင်း ကိုဇင်မင်းထက်ရဲ့ နောက်ဆုံးခရီး (မတ်လ ၉ ရက် ၂၀၂၁) Photo: Myitkyina News Journal

သပိတ်စစ်ကြောင်းရဲ့ ရှေ့တန်းဒိုင်းကာအဖွဲ့မှာ ရှိနေတဲ့ ကိုဇင်မင်းထက် ကျည်ထိပြီး လှဲကျသွားတဲ့ ဗီဒီယို။ video: Kachin Wave

မြစ်ကြီးနား မြို့ Generation Z လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားသပိတ် တိုက်ပွဲတွင် ကျဆုံးခဲ့သော ဇင်မင်းထက်အား ဂုဏ်ပြုသော အားဖြင့် ယခင် တပင်ရွှေထီးလမ်းအား ဇင်မင်းထက်(ခ) ဖိုးလုံးလမ်းဟု ပြောင်းလဲ သတ်မှတ်ဂုဏ်ပြု။ Photo: Myitkyina News Journal

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia