မြို့ပြ ဆန္ဒပြပွဲများကို သတ်ဖြတ်ဖြိုခွဲနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ (သို့မဟုတ်) အာဏာသိမ်း စစ်အုပ်စု ၏ တပ်ဖွဲ့များသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ရာဇဝတ်မှုအသစ်များ ကျူးလွန်နေသည်

မြို့ပြ ဆန္ဒပြပွဲများကို သတ်ဖြတ်ဖြိုခွဲနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ (သို့မဟုတ်) အာဏာသိမ်း စစ်အုပ်စု ၏ တပ်ဖွဲ့များသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ရာဇဝတ်မှုအသစ်များ ကျူးလွန်နေသည်

ရက်စွဲ ၆ ရက် ဧပြီလ၊ ၂၀၂၁ ခုနှစ်

အရေးပေါ် နောက်ဆုံးရ အခြေအနေ။

မီဒီယာ အာရုံစိုက်မှုသည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမှ စတင်၍ မြို့ပြ‌‌ဒေသများရှိ အာဏာသိမ်းစစ်အုပ်စု၏ လုံခြုံရေး တပ်ဖွဲ့များအပေါ် ရောက်ရှိသွားချိန်တွင် မြန်မာစစ်တပ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခ အရှိန် တိုးမြင့်နေစဉ်အတွင်း ကျေးလက် ရွာသားများအပေါ် ရာဇဝတ်မှု အသစ်များ ကျူးလွန်လျက်ရှိသည်။

KWATမှ စုစည်းရရှိထားသည့် နောက်ဆုံး အခြေအနေများတွင် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၃၀ ရက်နေ့အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တို့တွင် ကျေးလက်ဒေသ ပဋိပက္ခ ဖြစ် ပွားရာ‌နေရာများတွင်သာမက မြို့တွင်းတွင်လည်း အရပ်သားများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ လုံခြုံရေး တပ်ဖွဲ့ဝင်များမှချိုးဖောက်ကျူးလွန် သောအမှုများကို မှတ်တမ်းတင်ထားသည်။

မြို့များတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတို့သည် ဆန္ဒပြသူများအပေါ် ကျည်အစစ်များကို အသုံးပြုလျက်ရှိပြီး အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၃၆ နှစ်အရွယ် ကလေးနှစ်ယောက် မိခင်တစ်ဦး အပါအဝင် လူ ဆယ့်တစ်ဦး သေဆုံးခဲ့သည်။ ရပ်ကြည့်သူ တချို့နှင့် အမျိုးသမီးနှင့် ကလေးများ အပါအဝင် အနည်းဆုံး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ကချင်ပြည်နယ်နှင့် မူဆယ်တွင် ဆန္ဒပြမှုနှင့် ဆက်နွယ်ပြီး ဖမ်းဆီးခံရသူပေါင်း ၄၁၀ ဦးရှိသည်။ ထိုအထဲမှ ၂၁၇ ဦးမှာ အများဆုံး ၂၇ ရက် အထိ ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာခဲ့သည်။  လူ ၁၉၀ ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး အများစုမှာ မြစ်ကြီးနား အကျဉ်းထောင်တွင် ဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရကြပဲ ရှိသည်။

ကျေးလက်  ဒေသများတွင် KIA နှင့် ပဋိပက္ခ အရှိန်မြင့်လာစဉ်အတွင်းအာဏာသိမ်း မြန်မာ စစ်တပ် တပ်ဖွဲ့ ခြေမြန်တပ်မ (တပ်မ) ၉၉ နှင့် ၃၃ တို့က ရည်ရွယ်ချက် အတိအကျမရှိပဲ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး သုံးဦးနှင့် ကလေး သုံးဦး အပါအဝင် လူ ခုနှစ်ဦး ဒဏ်ရာရ ခဲ့သည်။ ဆိုင်ကယ်စီးလာသူ နှစ်ဦး ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ သေဆုံးသည်အထိ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်းများ ခံရသည်။ အမျိုးသား ခြောက်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် တစ်ဦးမှာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း ခံခဲ့ရသည်။ ရာနှင့် ချီသော ရွာသားအသစ်များ အိုးအိမ်များ ဆုံးရှုံး ပြောင်းရွှေ့ကြရသည်။

စစ်အာဏာသိမ်းမှုသည် တစ်နိုင်ငံလုံးကို လုံခြုံမှု ကင်းမဲ့စေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ပဋိပက္ခမှာ အရှိန်မြင့်တက်လာခဲ့ပြီး အထူး သဖြင့် ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲများ ဖြစ်လာနိုင်သည်။ ၂၀၁၁ ခုနှစ်ကတည်းက KIA နှင့် တကျော့ပြန် စစ်ပွဲကို အာဏာသိမ်း စစ်တပ်က ဆင်နွဲခဲ့ခြင်းကြောင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းသည် ပျက်စီးလျက် ကျန်နေဆဲဖြစ်သည်။ ကျေးလက်ဒေသ မြေနေရာ အများစုမှာ လူသူကင်းမဲ့ နေခဲ့ပြီး ရွာသား ၁၂၀,၀၀၀ ကျော်မှာ စစ်ဘေးရှောင် စခန်းများအတွင်းတွင် လုံလောက်သော အကူအညီ မရပဲ ဆက်လက်ရှိနေခဲ့သည်။ ရုတ်တရက် ပြောင်းလဲမှုနှင့် နေရာ ပြောင်းရွှေ့မှု တို့သည် ရှိပြီးသား လူသားချင်းစာနာထောက်ထားမှု ပြဿနာကို ပိုမို ဆိုးရွားလာနိုင်သည်။

မြန်မာနိုင်ငံတလွှား ပြည်သူ များအပေါ် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန် နှင့် တိုင်းရင်းသား ပဋိပက္ခ ဒေသ ‌‌‌‌‌‌များမှ စစ်တပ်များ ပြန်ဆုတ်ပေးရန် တို့အတွက် စစ်အာဏာသိမ်း ခေါင်းဆောင်များအပေါ် ပြင်းထန်သော နိုင်ငံတကာ ဖိအားများပေးရန် ကျွန်ုပ်တို့တောင်းဆိုလိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရမည်၊  ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို အတည်ပြုရမည်၊ ရွေးကောက်ခံ ဖက်ဒရယ် ဒီမိုကရက်တစ် အစိုးရ ကို ရွေးချယ်ရမည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံအပေါ် ကမ္ဘာတစ်ဝှမ်းမှ လက်နက်ပိတ်ဆို့မှု ချမှတ်ရန် နှင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် တောင်းဆိုချက်ကို ကျွန်ုပ်တို့ ထောက်ခံသည်။

ကျွန်ုပ်တို့သည် နိုင်ငံတကာ အစိုးရအားလုံးအား အာဏာသိမ်း စစ်အုပ်စုသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ကြေညာရန်နှင့် စစ်အုပ်စုအား ဝင်ငွေရရှိစေသော မည်သည့် စီးပွားရေး လုပ်ငန်းများကို မဆို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် တောင်းဆိုသည်။

ကျွန်ုပ်တို့သည် နိုင်ငံ တကာ အလှူရှင်များကို ၎င်းတို့၏ အကူအညီများသည် မည်သည့် နည်းလမ်းနှင့်မျှ စစ်အုပ်စုကို တရားဝင်မှု သို့မဟုတ် အသိအမှတ်ပြုမှု မဖြစ်စေရန်၊ နှင့် အာဏာသိမ်း စစ်အုပ်စု ဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသူများနှင့် တိုင်းရင်းသား ထိန်းချုပ်နယ်မြေများတွင် ခိုလှုံနေသူများ အတွက် အပါအဝင် လူသားချင်းစာနာမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် ပြန်လည် လုပ်ဆောင်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။

ကျွန်ုပ်တို့သည် တရုတ်အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအား ပဋိပက္ခများနှင့် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးလာသူများအား လုံခြုံစွာ ခိုလှုံနေထိုင်ခွင့်ကို ပေးပြီး ထိုသူများအား လူသားချင်းစာနာထောက်ထားသော အကူအညီများ ခွင့်ပြုပေးရန် တောင်းဆိုသည်။

ပိုမိုသိရှိလိုပါက

မဆန်ထွယ် (+၆၆ ၉၂၃၄၂၂၁၆၂)

မမွန်းနေလီ (+၆၆ ၈၅၅၂၃၃၇၉၁)

အစီရင်ခံစာအပြည့်အစုံဖတ်ရန်။


သတင်းထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန်။

English version.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia