Home People's Voices မုံရွာသပိတ်တွေ ဘာကြောင့်...
မုံရွာသပိတ်တွေ ဘာကြောင့်အားကောင်းလဲ – ကိုဝေမိုးနိုင် (မဇ္ဈိမနဲ့အင်တာဗျူး)
April 2nd, 2021 •
Author:
Wai Moe Naing (Monywa)
•
1 minute read
- ဒုတိယအချက်က မုံရွာမှာ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၉ ရက်လောက်မှာ သပိတ်ကော်မတီစဖွင့်ခဲ့တယ်။ သပိတ်ကော်မတီရဲ့ အရေးပါမှုကို ကျနော်ပြောပြချင်တယ်။ သပိတ်ကော်မတီထဲမှာ တကသ၊ ဗကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက်၊ ၈၈ ငြိမ်း/ပွင့် စသဖြင့် မုံရွာမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးကို ကျနော်တို့က အစောပိုင်းမှာကတည်းက သပိတ်ကော်မတီတစ်ရပ် စုဖွဲ့ပြီး ကျစ်ကျစ်လစ်လစ် တည်ဆောက်နိုင်ထားခဲ့တယ်။ အဲ့ဒီအင်အားက ကျနော်တို့ မုံရွာလူထုကို အကွဲကွဲပြားပြားဖြစ်မသွားစေဖို့ ဘယ်နေ့မှာတော့ လမ်းပေါ်သပိတ်တွေလုပ်မယ်၊ ဘယ်နေ့မှာတော့ Silence call တွေလုပ်မယ်၊ ဘယ်နေ့မှာတော့ ရပ်ကွက်စစ်ကြောင်းတွေက ဘယ်လိုပုံစံတွေနဲ့ ထွက်ရမလဲ၊ ဘယ်နေ့မှာတော့ ရွာစစ်ကြောင်းတွေက မြို့ပေါ်ကိုတက်လာပြီးတော့ ပင်မသပိတ်နဲ့ ပူးပေါင်းကြမလဲ၊ ဒီလိုမျိုး သပိတ်လှုပ်ရှားမှုတွေကို လမ်းကြောင်းဖော်တဲ့အချိန်မှာ သပိတ်ကော်မတီရှိနေခြင်းက ကျနော်တို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်။ ဒီသပိတ်ကော်မတီ ရှိထားတဲ့အတွက်ကြောင့်လည်း အထူးသဖြင့် ကျနော်တို့ မုံရွာမှာဆိုရင် မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေနဲ့ အဆက်ဖြတ်ဖို့ကြိုးစားတဲ့အခါ သပိတ်ကော်မတီက အစကတည်းက ဖွင့်ထားတာဖြစ်တဲ့အတွက် မူလကတည်းက ချိတ်ဆက်ထားတဲ့ အင်အားစုတွေဟာ ပျောက်ပျက်မသွားဘဲနဲ့ အခုအချိန်ထိ ကျနော်တို့ အချိတ်ဆက်မိမိနဲ့ ဆက်လက် ဆောင်ရွက်နိုင်တာဖြစ်တယ်။
ကိုးကား