BHRNသည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၂၂၂၂ ဆန္ဒပြမှုနှင့်အတူ သွေးစည်းညီညွတ် ရပ်တည်ပါသည်။

BHRNသည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၂၂၂၂ ဆန္ဒပြမှုနှင့်အတူ သွေးစည်းညီညွတ် ရပ်တည်ပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ၊ ၂၀၂၁ ခုနှစ်။
မြန်မာလူ့အခွင့်အရေးကွန်ရက်သည် မြန်မာနိုင်ငံတစ်ဝှမ်း အထွေထွေသပိတ်ကို ပြုလုပ်နေသောသူများနှင့် အဖွဲ့အစည်းများ အားလုံးနှင့် အတူ အခိုင်အမာသွေးစည်းညီညွတ်စွာရပ်တည်ပါသည်။ ပြီးခဲ့သည့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် လုံခြုံရေးတပ်များသည် ဆန္ဒပြသူနှစ်ဦးအား ရက်စက်စွာ ပစ်သတ်ခဲ့သော်လည်း ၊ ယခု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒပြမှုများမှာ အကြီးမားဆုံး လူထုလှုပ်ရှားမှု ဖြစ်မည်ဟု ခန့်မှန်းရပါသည် ။ ထင်ရှားမှုတစ်ခုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ်ရာဇဝတ်မှုများကျုးလွန်ခဲ့သည် အမှတ် ၃၃ ခြေမြန်တပ်ရင်းအား ဆန္ဒပြများအား နှိမ်နှင်းရန်ချထားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်တွင်ငြိမ်းချမ်းစွာဆန္ဒပြရင့် ဦးခေါင်းအားပစ်ခတ်ခံရသူ မမြသွဲ့သွဲ့ခိုင်သည် ပြီးခဲ့သည်အပတ်တွင် ကွယ်လွန်ခဲ့ပါသည် ။ မမြသွဲ့သွဲ့ခိုင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဦးခေါင်း ပစ်ခတ်ခဲ့မှုကြောင့် လွန်ခဲ့သော ၁၀ ရက်အတွင်း အသက်ကိုလု၍ အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်နေခဲ့ရသူဖြစ်ပါသည်။ ဆန္ဒပြမှုများအရှိန်းမြှင့်လာသည်နှင့်အမျှ စစ်တပ်၏ အရပ်သားများအပေါ် ရန်လို အကြမ်းဖက်ဖြိုခွင်းမှုများမှာလည် မြှင့်တက်လာနေသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ချက်ခြင်းအရေးယူဆောင်ရွက်ရန်လိုအပ်ပါသည်။

“ကျွန်တော်တို့အနေဖြင့် အထွေထွေသပိတ်တွင် ပါဝင် တက်ကြွလှုပ်ရှားသူများ အားလုံးအတွက် ပြောမပြတက် လောက်အောင် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုံခြုံရေးအတွက် အင်မတန်မှ စိုးရိမ်းမိပါတယ် ။ သူတို့အားလုံးဟာ သူတို့ရဲ့သဘောဆန္ဒမပါဘဲ ဒီမိုကရေစီနည်းမကျဘဲ အုပ်ချုပ်ရန်ကြိုးပမ်းနေသော ရက်စက်ကြမ်းကြုတ်သည် စစ်အုပ်စုကို ထ၍ဆန့်ကျင်ဆန္ဒပြနေပါပြီ၊ အဲ့ဒါကလည် မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ စစ်တပ်ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုမှာဖြစ်ပါတယ်။ အချို့သော နည်းလမ်းတွေကတော့ ကျွန်တော်တို့ မြင်ခဲ့ရသလို ကျည်အစစ်နဲ့ ပစ်တာတွေ ၊ လူထုအား စည်းမရှိဘဲ သတ်ဖြတ်တာတွေ၊ မီးသတ်ပိုက်ဖြင့်ထိုး၍ ဖြိုခွင်းတာတွေ အင်တာနက်ဖြတ်တောက်တာတွေနှင့် လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေပဲ ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုဟာ ဒီပွဲအတွက်အောင်မြင်မှုသော့ချက်ပဲ ဖြစ်ပါလိမ့်မည်။ ဒါ့အပြင် ကျွန်တော်တို့အနေဖြင့် တက်ကြွလှုပ်ရှားသူများအားလုံး လူမျိုး၊ ဘာသာမခွဲခြားဘဲစည်းလုံးမှုကို မြင်တွေ့နေရသည်အတွက် အလွန်ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေဖြင့် အခုလိုစည်းလုံးနေမှုကို အားပေးပြီး ၊ အဆိုပါ စည်းလုံးမှုကပင်လျှင် ယခုလူထုလှုပ်ရှားမှု အောင်မြင်ဖို့အတွက် အဓိကကျတဲ့ လိုအပ်ချက်ပဲဖြစ်ပါတယ်။”ဟု BHRN ၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းမှ ပြောကြားပါသည်။

စစ်တပ်မှ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် တက်ကြွ လှုပ်ရှားသူများသည် ရက်သတ္တပတ်များစွာ လမ်းများပြည့်လျှံအောင် ချီတက်ဆန္ဒပြနေကြပါသည်။ အချို့မှာလည်း ရိုဟင်ဂျာများ သနာမိပါပြီးဟု ရေးထားသော ဆိုင်းဘုတ်များကိုင်၍ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ကြပါသည် ။ ထို့အတူ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ IDP စခန်းများတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာများကလည် မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသော စစ်အာဏာရှင်အဆုံးသတ်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒပြနေသူများနှင့် သွေးစည်း ညီညွတ်မှုရှိကြောင်းနှင့် လူထုလှုပ်ရှားမှုကို အပြည့်အဝထောက်ခံကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ပါသည်။ ဆန္ဒပြပွဲတွင် ပါဝင်နေသော မွတ်စလင်မ် ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များကလည် ဘုံရည်မှန်းချက်ဖြင့် အနာဂတ်မြန်မာနိုင်ငံအတွက် စည်းလုံးစွာ လက်တွဲလုပ်ဆောင်နေကြပါသည်။

BHRN သည် မြန်မာ့တပ်မတော်အား လူထုအားဖိနှိပ်နေမှုများ ရပ်တန့်ပြီး၊ အာဏာကိုစွန့်လွှတ်ကာ ပြည်သူမှရွေးချယ်တင်မြှောက် ထားသောသူများအား လွှတ်တော်ခေါ်ယူခွင့်နှင့် တိုင်းပြည်အုပ်ချုပ်ခွင့်ပေးပြီး၊ အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည် ခေါင်းဆောင်များကို ဖမ်းဆီး၍ တရားစွဲဆိုအပြစ်ပေးအရေးယူရန် တောင်းဆိုလိုက်ပါသည်။ လွှတ်တော်စတင်သည်နှင့်တပြိုက်နက် လွှတ်တော်အနေဖြင့် စစ်တပ်အာဏာတည်မြဲအောင် ပြုလုပ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံကို ချက်ချင်းပြင်ဆင် (သို့မဟုတ်) အသစ်ရေးစွဲရေးကို ပြုလုပ်ရပါမည်။ ထိုလွှတ်တော်အနေဖြင့် ရိုဟင်ဂျာများအပါအဝင် လူနည်းစုအားလုံး၏ အခွင့်အရေးများကိုအသိအမှတ်ပြုပေးရမည် ဖြစ်ပြီး ၊ တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသောပြည်တွင်းစစ်ပွဲများ အဆုံးသတ်ရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ BHRN အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မိမိတို့၏ လုပ်နိုင်စွမ်းအားလုံးကို အသုံးပြု၍ ယခုအခြေအနေများကို ရပ်တန့်အောင်ပြုလုပ်ရန် တောင်းဆိုလိုက်ပါသည်။ အာဏာသိမ်းခေါင်းဆောင်များနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်များ အားလုံးကိုလည် အရေးယူပိတ်ဆို့မှုများပြုလုပ်ကာ ၊ စစ်တပ်အား တစ်ကမ္ဘာလုံးတွင် သူတို့အာဏာမစွန့်မခြင်း အသိအမှတ်မပြုပဲ ဖယ်ကျဉ်ထားကာ လူဆိုးစာရင်းသွင်းထားရန်လိုအပ်ပါသည် ။ နိုင်ငံတကာအနေဖြင့် စစ်တပ်အားလက်နက်ရောင်းချမှုများကိုလည် ရပ်ဆိုင်းထားဖို့လိုအပ်ပါသည်။ မြန်မာနိုင်ငံအတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် CDM လူထုလှုပ်ရှားမှုများကို အသိအမှတ်ပြု၊ ကူညီထောက်ပံ့ကာ မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရလိုမှု သဘောဆန္ဒကို ကူညီပံ့ပိုးပေးရမည်ဖြစ်ပါသည်။

သတင်းယူဖို့ ဆက်သွယ်ရန်
ဦးကျော်ဝင်း၊ အလုပ်အမှူဆောင်ညွန်ကြားရေးမှူးချုပ်
မြန်မာ့လူ့အခွင့်အရေးကွန်ယက်
မေးလ်လိပ်စာ: [email protected]
တယ်လီဖုန်းနံပတ်: ၀၀၄၄ ၇၄၀ ၃၄၅ ၂၃၇၈


View the original.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia