14 February 2021
Update: Australia and New Zealand joined this Joint Statement from Ambassadors, issued on February 14.
PRESS STATEMENT
AMBASSADORS TO MYANMAR
FEBRUARY 14, 2021
We call on security forces to refrain from violence against demonstrators and civilians, who are protesting the overthrow of their legitimate government.
We unequivocally condemn the detention and ongoing arrests of political leaders, civil society activists, and civil servants, as well as the harassment of journalists.
We also denounce the military’s interruption of communications, as well as the restriction of the Myanmar people’s fundamental rights and basic legal protections.
We support the people of Myanmar in their quest for democracy, freedom, peace, and prosperity. The world is watching.
Signed by the Ambassadors to Myanmar from Australia, Canada; the Delegation of the EU and European Union Member States with presence in Myanmar: Denmark, Czech Republic, Finland, France, Germany, Italy, Netherlands, Spain, and Sweden; New Zealand; Norway; Switzerland; the United Kingdom; and the United States.
ဖေဖော်ဝါရီလ ၁၄ ရက်ကထုတ်ပြန်သောကြေညာချက်လက်မှတ်ရေးထိုးရာတွင် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများလည်းပါဝင်လာသည့်အတွက် အသစ်ပြန်လည်ပြင်ဆင်ထုတ်ပြန်ပါသည်။
၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့်အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မိမိတို့တောင်းဆိုပါသည်။
နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချပါသည်။
စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း မိမိတို့ လူသိရှင်ကြားကန့်ကွက်ရှုတ်ချပါသည်။
ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုကို ရှာဖွေနေကြသော မြန်မာပြည်သူလူထုကို မိမိတို့ထောက်ခံအားပေးနေပါသည်။ တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေပါသည်။
ဤကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ – နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.