12 February 2021
၁။ ယနေ့ ကျရောက်သော (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။
၂။ ပြည်ထောင်စုနေ့သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တည်းဟူသော လောကပါလ တရားတို့ အပေါ်တွင် အခြေခံ၍ နိုင်ငံရေးအသိုက်အမြုံတစ်ခုအား တည်ထောင်ခဲ့ကြသည်ကို အစဉ်အမြဲ အမှတ်ရ နေစေမည့် နေ့ရက်လည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် လွတ်လပ် ရေးရရှိပြီးချိန်မှစ၍ နိုင်ငံရေး လောကဓံတို့ကို ရင်ဆိုင်ခဲ့ရလင့်ကစား စုစည်းညီညွတ်မှုသည်သာ အင်အားဖြစ် သည်ကို ခိုင်မြဲစွာယုံကြည်လျက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ဆက်လက် လျှောက်လှမ်းနေသည်ကိုလည်း တွေ့နိုင်ပါသည်။
၃။ ခေတ်ကာလအမျိုးမျိုး၊ နိုင်ငံရေးဖြတ်သန်းမှု အဖုံဖုံတို့ကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းခဲ့ရာ မပြည့်စုံမှုများ ရှိနေသည့်ကြားမှပင် ၂၀၁၅ ခုနှစ်၌ လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှ တစ်ဆင့် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်လာကာ ဒီမိုကရေစီ ဖက်ဒ ရယ် ပြည်ထောင်စုဆီသို့ ဦးတည်ချီတက်နိုင်ခဲ့ပါသည်။
၄။ ပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုရရှိထားသည့် ပြည်သူ့အစိုးရသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စုကြီး တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုသော အခြေခံအုတ်မြစ်များဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ အစည်းအဝေးများမှတစ်ဆင့် ချမှတ်နိုင်ခဲ့ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ အထိ တိုင်အောင် ချုပ်ဆိုနိုင်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးအစီအစဉ်အသစ်တစ်ရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် တိုင်းရင်းသားပြည်သူအများစု၏ တစ်ခဲနက် ထောက်ခံမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်မံအနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား နိုင်ငံရေး အင်အားစုများ နှင့် လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။
၅။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ လျော်ကန်သင့်မြတ်မှုမရှိသော အကြောင်းပြချက်များဖြင့် တပ်မတော်ခေါင်းဆောင်အချို့က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ယူကျုံးမရ ဖြစ်ခဲ့ရပါသည်။ ယင်းလုပ်ရပ်သည် စစ်အာဏာသိမ်းလူတစ်စု၏ အကျိုးစီးပွားကိုသာ အခြေပြုခြင်းဖြစ်ပြီး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၊ မွေးဖွားလတ္တံ့သော မျိုးဆက်သစ်များ၏ အနာဂတ်ကို ရိုက်ချိုးဖျက်စီးလိုက်ခြင်း လည်း ဖြစ်ပါသည်။
၆။ အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မလုပ်ရပ်အား တစ်ခဲနက် ဆန့်ကျင်တုံ့ပြန်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူများ၊ ပြည်သူတို့၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင် ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ နှင့် အခြားပုဂ္ဂလိက ကဏ္ဍများမှ ဝန်ထမ်းများအနှင့် အခြား ကျရာ ကဏ္ဍ အသီးသီးတွင် ပါဝင်ဆောင်ရွက်ကာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် နေ့စဉ်ရက် ဆက် တိုက်ပွဲဝင်နေကြသူများ အားလုံးကို အလေးအနက်ပြု ဦးညွှတ်လိုက်ရပါသည်။
၇။ မည်သို့သော စိန်ခေါ်မှုများ ရှိနေလင့်ကစား ကျွန်ုပ်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ အစည်းအဝေးများက ချမှတ်လိုက်သော ပြည်ထောင်စု သဘောတူညီချက်များ (Union Accords) ကို ဆက်ခံလျက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ဆောင် ရွက်ခြင်း အားဖြင့် စစ်အာဏာရှင်ဝါဒ ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးတို့အတွက် ညီနောင် တိုင်းရင်းသား နိုင်ငံရေးအင်အား စုများနှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြု အပ်ပါသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.