09 February 2021
ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၁ ခုနှစ်
၁။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် – လက်တလောဖြစ်ပေါ် လျက်ရှိသည့် စစ်အာဏာသိမ်း မှုလုပ်ရပ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြကန့်ကွက်နေသည့်အခြေအနေ များနှင့်ပက်သက်၍ သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။
၂။Civil Disobedience Movement နိုင်ငံသားများ၏ ငြိမ်းချမ်းစွာဖြင့် မတရားသည့်အမိန့်အာဏာ ဖီဆန်ရေး လှုပ်ရှားမှုသည် – “ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် သည် “ ဆိုသည့်အတိုင်း အချုပ်အခြာအာဏာ ၏ မူလပိုင်ရှင် ပြည်သူများ က ၄င်းတို့၏ အခွင့်အရေး ကို ကာကွယ်သည့် လုပ်ဆောင်ချက်ဖြစ်သည် ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီမှ ခိုင်ခိုင်မာမာယုံကြည်သည်။
၃။တရားမဝင်အာဏာသိမ်းစစ်အစိုးရ လက်အောက်တွင် ဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်းများ အလုပ်မထွက် ၊ရုံးမတက်ပဲ Civil Disobedience Movement တွင် အင်တိုက်အားတိုက် ပူပေါင်း ပါဝင်ကြပါရန် ကျွန်ုပ်တို့ (CRPH) မှ တိုက်တွန်းနှိုးဆော်လိုက်ပြီး – Civil Disobedience Movement တွင်ပါဝင်မှုကြောင့် ပြည်သူ့ဝန်ထမ်းများ ၏ နေရေး/စားရေး အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် အဖွဲ့အစည်း အသီးသီး ဖြင့်ချိတ်ဆက် ကူညီ သွားမည် ဖြစ် သည်။
၄။ မြန်မာနိုင်ငံအနှံအပြား မြို့ အသီးသီး တွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှား မှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်နေကြသော ပြည်သူများ အား အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် မည်သည့် တန်ပြန် အကြမ်းဖက် တုန့်ပြန်မှုမျှမပြုလုပ်ရန် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် တာဝန် ရှိသူများအနေဖြင့် နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ရပိုင်ခွင့်များ လွတ်လပ်စွာ ကျင့်သုံးခွင့် ကို အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-(၂၀၂၁)
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.