ကရင်နီလူမှုအသင်းအဖွဲ့များ၏ မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် သဘောထားထုတ်ပြန်ချက်

09 February 2021

ကရင်နီလူမှုအသင်းအဖွဲ့များ၏ မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် သဘောထားထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်၊

ဖေဖော်ဝါရီလ (၁)ရက်တွင် ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်မှ တိုင်းပြည်၏အာဏာအား မတရားသိမ်းမှုအပေါ် မိမိတို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်(KCSN)မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်၍ အာဏာသိမ်းဆည်းလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်းကူးပြောင်းရေးကာလအား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယခုအချိန်တွင် မြန်မာလူထုနှင့်အတူ ရပ်တည်ပေးရန်နှင့် မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှုကနေ အသွင်ကူးပြောင်းခဲ့သော ကာလအတွင်း ရရှိခဲ့သော ခိုင်မာမှုမရှိသေးသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုများ ပြိုလဲမသွားအောင် တားဆီးရေး သြဇာလွမ်းမိုးမှုရှိသော နိုင်ငံအားလုံး တညီတညွတ်တည်း လုပ်ဆောင်သွားရန် တောင်းဆိုသည်။

မြန်မာ့တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာရေးဆွဲခဲ့ပြီး လက်ရှိအာဏာသိမ်းမှုအား တရားဝင်ဖြစ်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည်။ ထို့ကြောင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးနှင့် ဒီမိုကရေးစီထွန်းကားလာရေးများအတွက် လှုပ်ရှားဆောင်ရွက်နေကြသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် မတရားအဏာသိမ်းခြင်းအား တရားဝင်ဖြစ်စေမည့် မည်သည့်ပူးပေါင်းဆောင်ရွက်ခြင်းများ၊ ညှိနှိုင်းဆောင်ရွက်ခြင်းများနှင့် လိုက်လျောဆောင်ရွက်ခြင်းများအား လုံး၀ မပြုလုပ်ကြရန်နှင့် ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး တိုင်းရင်းသားများလိုလားသော စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးနှင့် ဒီမိုကရေးစီထွန်းကားလာရေးများကို အမြန်ဆုံးအတူတကွ လုပ်ဆောင်သွားရမည်ဖြစ်သည်။

မတရားစစ်အဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော၊ ရပ်တည်ထောက်ခံနေကြသော ပြည်သူလူထုများ၊ နိုင်ငံရေးတက်ကြွလုပ်ရှားသူများ၊ နယ်ပယ်အသီးသီးမှ ပုဂိုလ်များ၊ ဝန်ထမ်းများ၊ အဖွဲ့အစည်းအသီးသီးများတို့နှင့်အတူ မိမိတို့ ကရင်နီလူမှုအသင်းအဖွဲ့များအနေဖြင့် အသိအမှတ်ပြုထောက်ခံပြီး ၎င်းတို့နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

Endorsed by:

Members of Karenni Civil Society Network
– Karenni National Youth Organization (KNYO)
– Karenni National Women Organization (KNWO)
– Karenni Evergreen (KEG)
– Karenni Student Union (KSU)
– Karenni Legal and Human Rights Center (KnLHRC)
– Karenni Social Welfare and Development Centre (KSWDC)
– Karenni Refugee Committee (KnRC)
– Karenni Health Department (KnHD)
– Karenni Literacy and Culture Development Committee (KLCDC)
– Karenni Education Department (KnED)
Karenni Society Finland Ry(KnSF)
DEEKU International
Karenni-American Association (KnA)
New Zealand Karenni Society (NZKS)
Karenni Federation of Australia (KnFA)


Download PDF in English and Burmese.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia