မြန်မာမွတ်စလင်မ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် ကြေညာချက် (၁/၂၀၂၁)

04 February 2021

ဖေဖော်ဝါရီလ(၄)ရက်၊ ၂၀၂၁ခုနှစ်။

ဒီမိုက‌ရေစီနည်းလမ်းတကျ ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသော ပြည်သူ့အစိုးရအဖွဲ့အား တရားမဝင် အာဏာသိမ်းယူထားသော စစ်တပ်၏ အာဏာရှင်ယန္တရား လည်ပတ်ရန်အတွက် အစိုးရအဖွဲ့တစ်ခုကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဖွဲ့စည်းထားမှုအား Myanmar Muslim Civil Society Network မှလုံးဝလက်မခံကြောင်းသဘောထားထုတ်ပြန်လိုက်သည်။

အာဏာရှင်ယန္တရားရပ်တန့်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူ့ဝန်ထမ်းများနှင့် အစ္စလာမ်ဘာသာဝင်များ၊ မွတ်စလင်အဖွဲ့အစည်းများ အနေဖြင့်လည်း အာဏာရှင်စစ်တပ်နှင့် ပတ်သက်မှုမပြုလုပ်ဘဲ တစ်ခဲနက် ဆန့်ကျင်၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒထုတ်ဖော်မှုများတွင် ပူးပေါင်းပါဝင်ရန် အလေးအနက်ထား တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Myanmar Muslim Civil Society Network ၏သဘောထားမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသော ရဟန်း၊ ရှင်လူကျောင်းသားပြည်သူများ၏ သဘောထားများနှင့် ထပ်တူဖြစ်ကြောင်းနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် မိမိတို့မှ မည်သည့်ကိစ္စမဆို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြန်မာမွတ်စလင်မ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်

(Myanmar Muslim Civil Society Network သည် ဒေသအသီးသီးရှိ မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများဖြင့် ၂၀၂ဝခုနှစ် သြဂုတ်လမှ စတင်စုဖွဲ့ထားသော ကွန်ရက်ဖြစ်ပါသည်။)

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia