21 January 2021
ယခုလအတွင်း သုံးဦးသေဆုံးပြီး ကလေးငယ် အပါအဝင် နှစ်ဦးဒဏ်ရာရ
တပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာအချို့အကြား ဖြစ်ပွား နေသော တိုက်ပွဲများ၊ ပဋိပက္ခ များအပေါ် အမြန်ဆုံးကိုင်တွယ် ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ထံ အရပ်ဘက်အဖွဲ့ အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆိုသည်။
မြန်မာနိုင်ငံ အရှေ့တောင် ပိုင်းရှိ ကရင်ပြည်နယ် အပစ်ရပ် နယ်မြေအတွင်း လတ်တလော ဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ်ခံ နေရသော ဒေသခံပြည်သူလူထု များနှင့်ပတ်သက်၍ အရပ်ဘက် လူထုအဖွဲ့အစည်းများ၏ အိတ် ဖွင့်ပေးစာကို ဇန်နဝါရီ ၂၀ ရက် တွင် ထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် KNU တို့ အကြား လတ်တလောဖြစ်ပွားနေ သည့် စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု ၄,၀၀၀ ခန့် သည် ၎င်းတို့၏ အိမ်များကိုစွန့် ခွာပြီး နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အပေါ် စိုးရိမ်ကြောင်း၊ တင်းမာမှု နှင့် တိုက်ပွဲပြဿနာများကို အ မြန်ဆုံးကိုင်တွယ်ဖြေရှင်း ဆောင် ရွက်ပေးရန် အရပ်ဘက်လူထုအ ဖွဲ့အစည်းနှင့် ကွန်ရက် ၁၆၅ ဖွဲ့ တို့မှ တောင်းဆိုကြောင်း အရပ် ဘက်အဖွဲ့များက သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံထံ ပေးပို့ သည့်စာ၌ ဖော်ပြထားသည်။
Karen Youth Network, Karen Peace Support Network, Karen Women’s Organization တို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၆၅ ဖွဲ့က အထက်ပါအတိုင်း တောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ပဋိပက္ခများ ဖြစ်ပွားရာတွင် အမျိုးသမီးများနှင့် ကလေးသူ ငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ အပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ချိုး ဖောက်ခံရမှုများကို ပိုမိုခံစားရ လေ့ရှိ၍ အမျိုးသမီးများနှင့် ကလေးငယ်များ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်း ပါရှိသည်။
တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် ၎င်း၏ အကြောင်း ရင်းခံများသည် နိုင်ငံရေးပြဿနာ များဖြစ်သောကြောင့် နိုင်ငံရေး နည်းလမ်းဖြင့်သာ အဖြေရှာသင့် ကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေး အရ ဖြေရှင်းနိုင်မည့် အခွင့်အ လမ်းများနှင့် နည်းလမ်းများ ဖော် ဆောင်ပေးရန်၊ တိုင်းရင်းသားဒေ သများအား စစ်ဆင်ရေးများပြု လုပ်ခြင်း၊ အင်အားတိုးချဲ့ခြင်း များကို ရုပ်သိမ်း၊ ရပ်တန့်စေရေး တို့အား အမြန်ဆုံးအကောင်အ ထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်း တောင်းဆိုကြောင်း အရပ်ဘက်အဖွဲ့များ၏ အိတ်ဖွင့် ပေးစာတွင် ဖော်ပြထားသည်။
ပြည်သူက ရွေးချယ်သည့် အစိုးရတစ်ရပ်မှ ခေါင်းဆောင် များအနေဖြင့် လတ်တလောတိုက် ပွဲဖြစ်ပွားမှုများနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုလုပ်ဆောင်ရ မည်ဖြစ်သကဲ့သို့ စစ်ပွဲများဖြစ်ပွား နေခြင်းအပေါ် သဘောထား ဖော်ပြရန်လိုအပ်ကြောင်း Youth Circle ဒါရိုက်တာ ကိုစောထွန်း ထွန်းက ပြောသည်။
တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို လိုလားပါက တိုက်ပွဲများ ရပ်ဆိုင်းရန်၊ တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းရင်း များဖြစ်သည့် လမ်းဖောက်လုပ် ခြင်း၊ စစ်အင်အားတိုးချဲ့ခြင်း ကိစ္စရပ်များအပေါ် ဖြေရှင်းရန်လို အပ်ကြောင်း ၎င်းကဆိုသည်။ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေ ဖြင့်လည်း တိုက်ပွဲများမဖြစ်ပွား ရေး တောင်းဆိုမှုများ ပိုမိုလုပ် ဆောင်ကြရန်နှင့် တပ်မတော်၏ စစ်ရေးဆောင်ရွက်ချက်များကို ရှုတ်ချရန် လိုအပ်သည်ဟုလည်း ကိုစောထွန်းထွန်းက ပြောသည်။
‘‘KNU အဖွဲ့အစည်းကိုယ် ၌ကလည်း NCA စားပွဲဝိုင်းမှာ ပြောသင့်ပြောထိုက်တာကိုတော့ တည့်တည့် မှန်မှန်ကန်ကန်ပေါ့ နော်၊ တည့်တည့် တိုက်ရိုက်ပြော ဆိုဖို့လိုအပ်တယ်။ ချိုးဖောက်နေ တဲ့အရာတွေကိုလည်း KNU က လည်း စားပွဲဝိုင်းမှာပြတ်ပြတ်သား သား ပြောဖို့လိုအပ်သလိုတစ်ဖက် ကလည်း စေ့စပ်ညှိနှိုင်းလာတဲ့ ကိစ္စမျိုး ရှိလာတယ်ဆိုလို့ရှိရင် လက်ခံပြီးတော့မှ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်ဆိုတာကို KNU ကို လည်း တိုက်တွန်းချင်တယ်’’ ဟု ကိုစောထွန်းထွန်ကပြောသည်။
တပ်မတော်နှင့် KNU တပ် မဟာ (၅) သည် ၂၀၂၀ ဒီဇင်ဘာ ၁ ရက်ကစ၍ ဖာပွန်ခရိုင် မဲဝိုင် ဒေသ၌ စစ်ရေးပဋိပက္ခများဖြစ် ပွားခဲ့သည်။ အဆိုပါဒေသတွင် စစ်ရေးပဋိပက္ခနှင့်ဆက်စပ်ပြီး ဒေသခံ သုံးထောင်ကျော် တိမ်း ရှောင်နေရသည့်အပြင် ဇန်နဝါရီ ၁၂ ရက်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၅ ရက် တွင် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ကျောက်ကြီးမြို့နယ် အတွင်း၌လည်း တပ်မတော်နှင့် KNU တပ်မဟာ (၃)အကြားတိုက် ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါ ဒေသတွင် စစ်ဘေးရှောင်ဒေသခံ ၇၀၀ ကျော်ရှိသည်။ထို့ပြင်ယခုလ အတွင်း အရပ်သားနှစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့ သည့် အရပ်သားနှစ်ဦးပစ်သတ်ခံ ရမှု ဖြစ်စဉ်အပေါ်တပ်မတော်က သတင်းထုတ်ပြန်ရာ KNU ဘက် က အကြောင်းမဲ့ပစ်ခတ်ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။ KNU ဘက်ကလည်း အဆိုပါ အရပ် သားနှစ်ဦးကို တပ်မတော်ဘက်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ပြောကြားသည်။
တပ်မတော်နှင့် KNU တို့ သည် တိုက်ပွဲဖြစ်ပွားရခြင်းအ ကြောင်းရင်းနှင့်ပတ်သက်ပြီး အ ပြန်အလှန် အပြစ်တင်နေသကဲ့သို့ အရပ်သားသေဆုံး ထိခိုက်မှုများ နှင့်ပတ်သက်ပြီးလည်း အပြန်အ လှန် စွပ်စွဲထားသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.