ကရင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့

21 January 2021

ကရင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတနဲ့  ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့
ကရင်ပြည်နယ်မှာ မြန်မာ့တပ့်မတော်နဲ့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၇၂ ဖွဲ့က စာရေးသား တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီလ ၂ဝ ရက်နေ့စွဲနဲ့ အဲဒီ အဖွဲ့အစည်းတွေက တောင်းဆိုတဲ့ အိပ်ဖွင့်ပေးစာထဲမှာ မြန်မာ့တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်တဲ့ အချက်တွေကို လျစ်လျူရှုပြီး KNU သတ်မှတ်နယ်မြေအတွင်း တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာတဲ့အတွက် တင်းမာမှုတွေ တိုးပွားလာပြီးနောက် ဖာပွန်ခရိုင်မှာ ဒီဇင်ဘာ ၁ ရက်နေ့ ဇန်နဝါရီ ၁၂ ရက်နေ နဲ့ ၁၅ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးအရအဖြေရှာဖို့နဲ့ တပ်မတော်က စေလွှတ်ထားတဲ့ စစ်တပ်တွေ ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ဆောင်ရွက်ပေးပါလို့လည်း လူမှုအဖွဲ့အစည်းတွေရဲ့ စာမှာ ဖော်ပြထားပါတယ်။
PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia