05 January 2021
Karen Human Rights Group
ကရင်တိုင်းရင်းသားအမျိုးသားခေါင်းဆောင်၏ရုပ်တုကို အတင်းအဓ္ဓမ ဖိအားပေးဖယ်ရှားစေမှုနှင့်ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုတ်ချပါသည်။ မြန်မာအာဏာပိုင်များမှ ၂၀၁၅ ခုနှစ် တိုင်းရင်း သား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင်ဖော်ပြ ထားသည်နှင့်အညီ တိုင်းရင်း သား လူမျိုးစုများမှ ၎င်းတို့၏သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးရန် KHRG မှ တောင်းဆို ပါသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာမှ ရွာသားများအပေါ် အစိုးရမှဖိအားပေးခံရမှုကြောင့် ၎င်းတို့၏အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ရုပ်တုကို ဖြုတ်ချခဲ့ရသည်။ အဆိုပါရုပ်တုကို ၂၀၂၀ ခုနှစ် သြဂုတ်လတွင်စိုက်ထူခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရနှင့် တပ်မ တော်တို့၏ ထပ်ခါတစ်လဲလဲဖိအားပေးမှုများနှင့် နောက်ဆက်တွဲတရားရင်ဆိုင်ရမည်ကို စိုးရိမ်ကြသောကြောင့် ဒေသခံများ မှဖြုတ်ချခဲ့ရခြင်း ဖြစ်ပါသည်။
အလားတူဖြစ်စဉ်များလည်း KHRG လုပ်ငန်းလုပ်ဆောင်ရာဒေသများတွင်ဖြစ်ပျက်ခဲ့ပါသည်။ ဒူးပလာယာခရိုင် အတွင်း ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးရုပ်တုအား စိုက်ထူရန်စီစဉ်မှုကို တပ်မတော်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း တားမြစ်ခဲ့ပါသည်။ ဤကဲ့သို့သောဖြစ်စဉ်များသည် ကရင်ဒေသခံများမှမတရားသည့် အရာဟုခံစားရစေပြီး တန်းတူညီမျှမှုကိုကတိပေးထားသော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှုပျက်ပြားစေ ပါသည်။
တစ်ချိန်တည်းတွင်လက်ရှိ မြန်မာအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို နိုင်ငံအနှံ့လိုက်လံစိုက်ထူမှုများ ပြုလုပ်နေသည်ကိုသိမြင်ကြမည်ဖြစ်ပါသည်။ ဤကဲ့သို့သောစိုက်ထူမှုများကို တိုင်းရင်းသာဒေသများတွင် လက်မခံဘဲ ဆန့်ကျင်မှုများပြုလုပ်သော်လည်း အချို့သောဖြစ်ရပ်များတွင်အစိုးရမှ အင်အားသုံးပြီးနှိမ်နင်းခဲ့ ပါသည်။ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလတွင် ကယားပြည်နယ် ပြည်သူ့ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းအား ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြသူများကို မြန်မာရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲခဲ့ပါသည်။
မြန်မာအစိုးရနှင့်တပ်မတော်တို့သည် တိုင်းရင်းသားများ၏သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခွင့်ကို ဆက်တိုက် တားမြစ်လာခဲ့ပြီးဗမာလူမျိုးများနှင့်ဆက်စပ်သောအမှတ်အသားများကိုမူ တိုင်းရင်းသားဒေသများတွင်အတင်း အဓ္ဓမ ချမှတ်ပြဌာန်းထားမှုများကို ဆက်တိုက်ပြုလုပ်လာခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသောတိုင်းရင်းသားလူမျိုးများကသာတူညီမျှစွာ ယှဉ်တွဲနေထိုင်နိုင်သောပြည် ထောင်စုတစ်စုအဖြစ်သို့ ရပ်တည်မည်ဆိုလျှင် လူမျိုးကိုအခြေခံ၍ခွဲခြားမှုမရှိပဲ ပြည်သူအားလုံးမှ တန်းတူညီမျှ သောအခွင့်အရေးများကို ရရှိရမည်ဖြစ်ပါသည်။
မြန်မာအစိုးရမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါအချက် ဖြစ်သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကိုမြှင့်တင်၊ ကာကွယ်၊ လေးစားရမည်ဖြစ်ပြီး တိုင်းရင်းသား များမှ ၎င်းတို့၏သမိုင်းဝင်ပုဂ္ဂိုလ်များအား ဂုဏ်ပြုခြင်းများကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းများ အားရပ်တန့်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုက်တွန်းလိုက်ပါသည်။
ဆက်သွယ်ရန်
နော်ထူးထူး – +66 (0) 87-205-1856
စောနန္ဒဆူး – +95 (0) 977 675 3790
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.