မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) မှ NLD အစိုးရအသစ် အနေဖြင့် အရေးတယူလုပ်ကိုင်ဆောင်ရွက်ရန် အကြံပြုချက်ထုတ်ပြန်လိုက်သည်။

မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) မှ NLD အစိုးရအသစ် အနေဖြင့် အရေးတယူလုပ်ကိုင်ဆောင်ရွက်ရန် အကြံပြုချက်ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ၊ ၁၈ရက် ၊ ၂၀၂၀။

လန်ဒန်၊ဗြိတိန် ။ ။ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် သူတို့၏အာဏာကိုတိုးချဲ့လာနိုင်မှုမှာ ထင်ရှားလာသည်နှင့်အမျှ၊ မြန်မာ့လူ့အခွင့်အရေးကွန်ရက်သည် မြန်မာနိုင်ငံ၏ နောင်တက်လာမည့်အစိုးရကို တိုင်းပြည်၏ ရင်ဆိုင်နေရသောကြီးမားသည့် လူ့အခွင့်အရေး ပြသနာများကို ကိုင်တွယ် ဖြေရှင်းရန် တိကျသည့်ခြေလှမ်းများလှမ်းရန် တိုက်တွန်းလိုက်သည်။ NLD အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးသမားများ အဖြစ် အချိန်ကာလ ကြာမြင့်စွာကတည်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုမြင်ခြင်း ကိုခံခဲ့ရသော်လည်း၊ ထိုအခြေအနေနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှု အနည်းငယ်မျှသာ ပြုလုပ်နိုင်ခဲ့ပါသည်။ လွှတ်တော်အတွင်း၌ ၎င်းတို့၏ ကြီးထွားလာသည့် အာဏာနှင့်အတူ၊ ၎င်းတို့သည်တိုင်းပြည်အတွင်းရှိ လူနည်းစုများအတွက်အရေးတကြီး လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုအတွက် တိကျသေချာသောခြေလှမ်းများ လှမ်းရန်လိုအပ်ပါသည်။

“မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို စစ်တပ်နှင့်သူတို့ရဲ့ ကျောထောက်နောက်ခံ USDP ပါတီအပေါ် ပြည်သူတို့ ရဲ့ ငြင်းပယ်မှုအဖြစ် ရှုမြင်နိုင်ပါတယ်။ ကျွန်တော်တို့အနေဖြင့် ယခုရွေးကောက်ပွဲအား တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအား ချန်လှပ်ထား ခဲ့သောကြောင့် ဆန့်ကျင်ခဲ့သော်လည်း၊ NLD အစိုးရအသစ်အတွက် ရှေ့ဆက်ရမည့်လမ်းကြောင်းမှာတော့ ရှင်းလင်းပြတ်သားနေဆဲဖြစ်ပါတယ်။ NLD အစိုးရအနေဖြင့် နိုင်ငံသားအားလုံး အတွက် လူ့အခွင့်အရေးကိုအပြည့်အဝ ဆောင်ရွက်ပေးရန် လိုအပ်ပြီး၊ လူနည်စုများ အပေါ် အနာဂတ်တွင်ကျရောက်လာမည့် မည်သည့်ထိခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးရန်လိုအပ်ပါတယ်။ သူတို့ အနေဖြင့် ထိုကဲ့သို့ပြုလုပ်ပေးရန်ပျက်ကွက်ခဲ့ပါက ယခင်တုန်းက သူတို့ ရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုများကိုဖိနှိပ်ခဲ့သော အာဏာရှင်အစိုးနှင့် ထူးမခြားနား ဖြစ်သွားပါမည်။” ဟု BHRN ၏ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောဆိုခဲ့ပါသည်။

BHRN အနေဖြင့် မြန်မာနိုင်ငံ၏ နောင်တက်လာမည့်အစိုးရအား တိုင်းပြည်တွင်ပို၍ကောင်းမွန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် လူသားဆန်သော အနာဂတ်ဖြစ်ထွန်းရန် အောက်ပါအရာများကို ပြုလုပ်ရန် တိုက်တွန်းလိုက်ပါသည်။

၁။ ရိုဟင်ဂျာများအား ပြန်လည်လက်ခံရန် ပြုလုပ်သည့်ကိစ္စရပ်အား အရှိန်အဟုန်မြှင့်ပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ရိုဟင်ဂျာများ၏ လူ့ဂုဏ်သိက္ခာနှင့်လူ့အခွင့်အရေးများကို အရေးထား၍ ဆောင်ရွက်ပေးရပါမည်။ ထိုဖြစ်စဉ်တွင် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာနိုင်ငံရေးသမားများ နှင့်ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ပါသည်။

၂။ NLD အစိုးရသည် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့အား ပြုပြင်ပြောင်းလဲရပါမည်။ ထိုဝန်ကြီးဌာနနှစ်ရပ်သည် လူနည်းစုများအပေါ်ဖိနိပ်သော မူဝါဒများအားပြဌာန်းခဲ့ပြီး၊ မကြာခဏ ဆိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ မူလအရင်းအမြစ်များ ဖြစ်နေပါသည်။၂၀၁၅ ရွေးကောက်ပွဲအပြီး၊ လွန်ခဲ့သောငါးနှစ်တာ ကာလအတွင်းတွင် NLD သည် USDP ပါတီအား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန တို့အား နိုင်ငံရေးအရ အပေးအယူ အနေဖြင့် ထိန်းချုပ်ခွင့်ပြုခဲ့ပါသည်။ NLD အစိုးရသည် ယခုအခါတွင် နိုင်ငံရေးအရ အခွင့်အရေးရှိ ပြီး၊ထိုအခြေအနေကို ပြောင်းလဲရန်လိုအပ်ပါသည်။ ထို့အပြင် NLD မှ အသစ်တက်လာမည့် အစိုးရအသစ်အနေဖြင့် ထိုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား လူ့အခွင့်အရေးနှင့်လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ သင်တန်းတို့ကို ဝန်ထမ်းတိုင်း မတက်မနေရအဖြစ်သတ်မှတ်ပေးရန် လိုအပ်ပါသည်။

၃။ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၈ ခုနှစ်နိုင်ငံသား ဥပဒေတို့နှင့် တကွ နိုင်ငံတကာစံများနှင့်ထင်ရှားစွာ ဆန့်ကျင်နေသည့် ဥပဒေဖြစ်နေပါသည်။ NLD အစိုးရအနေဖြင့် အဆိုပါ ဥပဒေပေါ်တွင် လူအများပို၍ ငြင်းခုံဆွေးနွေးခွင့် ရှိလာအောင် အားပေးပံ့ပိုးပေးရပါမည်။

၄။ NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို အလျင်အမြန်ကျင်းပပေးရန် လိုအပ်ပြီး၊ လူနည်းစုများအနေဖြင့် မိမိတို့၏ရွေးကောက်ခံကိုယ်စားလှယ်များအား လွှတ်တော်ထဲတွင် ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခွင့် ဆုံးရှုံးသွားမှုကို ပြန်လည်ကုစားပေးရန် လိုအပ်ပါသည်။

၅။ NLD အစိုးရသည် ၎င်းတို့၏ မဲဆွယ်စဉ်အခါကပေးခဲ့သော ကတိကဝတ်ဖြစ်သည့် မည်သူ့ကိုမျှ နိုင်ငံရေးအကျဉ်းသားအဖြစ်ဖမ်းမည် မဟုတ်ကြောင်းကတိကဝတ်ကို ပြီးခဲ့သည့်အစိုးရ သက်တမ်းတွင် မတည်ခဲ့ပေ။ ယခုအချိန်အခါသည် NLD အစိုးရအနေဖြင့် ထိုကတိကို တည်ရန်အချိန်ပင်ဖြစ်ပါသည်။ NLDအစိုးရသည် ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ၇ကြိမ် ခွင့်ပြုပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများစွာမှာ ထောင်ထဲတွင် ကျန်ရှိနေဆဲဖြစ်ပါသည်။ NLD အစိုးရအနေဖြင့် လက်ရှိ အထိမ်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် တက်ကြွလှုပ်ရှားသူများနှင့် အရေးဆို လှုပ်ရှားသူများ အားလုံးအား ထောင်သွင်းအကျဉ်းချထားမှုကို လုံးဝပပျောက်စေမည့် ရှင်းလင်းတိကျသည့် လမ်းပြမြေပုံတစ်ခုရှိရန်လိုအပ်ပါသည်။

၆။ ရိုဟင်ဂျာများသည် နိုင်ငံခြားသားများမဟုတ်သောကြောင့် ၎င်းတို့အားရွေးကောက်ပွဲတွင် မဲပေးခွင့်ရုပ်သိမ်းခံရခြင်းသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အကျည်းတန် အရုပ်ဆိုးစေပါသည်။ ဆွဲတင်စစ် အချက်အလက်များတွင် ပါဝင်သူများ နှင့် သုံးခေါက်ချိုးကဒ်များ ရရှိထားသူများအား နိုင်ငံသားအဖြစ် ချက်ချင်းပေးရန်လိုအပ်ပြီး၊ ၎င်းတို့၏ မဲပေးခွင့် ကိုလည်း ချက်ချင်း ပြန်လည်ပေးအပ်ရမည် ဖြစ်ပါသည်။

၇။ ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်နေသော မြန်မာမွတ်စလင် တစ်သိန်းခန့်နှင့်အခြားလူနည်းစုများသည် လဝက ဝန်ကြီးဌာန၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံမဲ့ ဘဝသို့ရောက်နေရပါသည်။ ၎င်းတို့ ကို တရားဝင်နေထိုင်နိုင်ရန် နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် ထုတ်ပေးရန်လိုအပ်ပြီး၊ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအား အစိုးရမှလိုအပ်သည့် အထောက်အပံ့များကို အပြည့်အဝ ပေးအပ်ရန် လိုအပ်ပါသည်။ အဆိုပါ ဖြစ်ရပ်သည် NLD အစိုးရ၏ ပြီးခဲ့သည့်သက်တမ်းတွင် အစိုးရ၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်ခဲ့သောထင်ရှားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်ပါသည်။

၈။ NLD အစိုးရအနေဖြင့် လူနည်းစုများအပေါ်လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုများနှင့်တကွ လူမျိုးရေး ခွဲခြားမှုအသုံးအနှုန်းများနှင့် ပုံဖော်မှုများ အားလုံးကို ပြင်းထန်စွာ အရေးယူ ဖြေရှင်းရမည် ဖြစ်ပါသည်။ NLD အစိုးရအနေဖြင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်သည့် ဥပဒေတစ်ရပ် ပြဌန်းကာ မြန်မာနိုင်ငံအတွင်းတွင် လူမျိုးရေးခွဲခြားမှုများကို အရေးယူဆောင်ရွက်သင့်ပါသည်။ NLD အစိုးရသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် နည်းနည်းမျှသည်းမခံသော်လည်း အမုန်းစကားများ အပေါ် သည်းခံပေးနေပါသည်။ ဤသည်မှာ NLDအစိုးရအနေဖြင့် ပြောင်းလဲရမည်ဖြစ်ပြီး လူနည်းစုများအနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ပို၍ လုံခြုံစိတ်ချမှုရှိနေစေရန် ကာကွယ်ပေးရန်လိုအပ်ပြီး၊ ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရန် အားကောင်းသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အမှန်တကယ် လိုအပ်နေပါသည်။ ယခုရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော NLD ပါတီ အနေဖြင့် ထိုကဲ့သို့သောအပြောင်းအလဲများကို ဖြစ်မြောက်အောင်ပြုလုပ်နိုင်သည့် အကောင်းဆုံး အခြေအနေတွင် ရှိနေပါသည်။ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သည့် သတ္တိနှင့် ကျင့်ဝတ်သိက္ခာ ရှိမရှိ မေးခွန်းထုတ်ရန်သာလိုအပ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ယခုအချိန်သည် ထိုကဲ့သို့ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်သင့်ပြီဟု မြန်မာနိုင်ငံအား ရှင်းရှင်းလင်းလင်း အသိပေးဖို့လိုအပ်ပြီး၊ အပြောင်းအလဲများပြုလုပ်ရန် ငြင်းဆန်မည်ဆိုပါက စစ်တပ်ကရင်ဆိုင်ခဲ့ရသလို သူတို့၏အာဏာအပေါ် တာဝန်ယူ တာဝန်ခံခိုင်းခံခဲ့ရသည့်အတိုင်း တူညီသည့် အကျိုးဆက်များအား ရင်ဆိုင်စေရမည် သာဖြစ်ပါသည်။

Media Enquiries
Please contact:

Kyaw Win
Executive Director
Burma Human Rights Network (BHRN)
E: [email protected]
T: +44(0) 740 345 2378


Download PDF.

View in English version.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia