ဥပဒေနှင့်ဆန်ကျင်သည့် အင်တာနက်ဖြစ်တောက်မှုအား ရွေးကောက်ပွဲအလွန်ကာလသို့ ထပ်မံသက်တမ်းတိုးသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဥပဒေနှင့်ဆန်ကျင်သည့် အင်တာနက်ဖြစ်တောက်မှုအား ရွေးကောက်ပွဲအလွန်ကာလသို့ ထပ်မံသက်တမ်းတိုးသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်၏ ပူးပေါင်းစီစဉ်သူ အဖွဲ့(၄)ဖွဲ့ဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း-မြန်မာ(FEM)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန(MCRB) ၊ “မြန်” အိုင်စီတီ(MIDO) နှင့် ဖန်တီးရာ(Phandeeyar) တို့သည် ရွေးကောက်ပွဲ အလွန်ကာလအထိ အကျိုးသက်ရောက်မှုရှိသော အင်တာနက်ဖြတ်တောက်မှုအား သက်တမ်းတိုးရန်အတွက်  ဆက်သွယ်ရေးကုမ္ပဏီများသို့ အမိန့်ပေးခဲ့သော အစိုးရ၏ နောက်ဆုံးထွက်ရှိထားသည့် အမိန့်ညွှန်ကြားစာအပေါ် များစွာ စိုးရိမ်မိပါသည်။ အစိုးရအနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် 3G၊ 4G အင်တာနက်များ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရေးနှင့် နောက်ထပ် ကွန်ရက်ဖြတ်တောက်နှောက်ယှက်မှုများ ပြဌာန်းချမှတ်ခြင်းမှ ရှောင်ကြည်ပေးပါရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်သည်။

မြန်မာ့ မိုဘိုင်း ဆက်သွယ်ရေးထောက်ပံ့သူများ ဖြစ်ကြသည့် MPT၊ Mytel၊ Ooredoo နှင့် Telenor တို့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ထပ် နှစ်လတာထပ်တိုးထားသည့် သက်ရောက်မှုရှိသော အင်တာနက်ဖြတ်တောက်မှုအား သက်တမ်းတိုးရန် အမိန့်ပေးသည့် ညွှန်ကြားချက်အသစ်တစ်ခုကို လက်ခံရရှိခဲ့သည်ဟု အစီရင်ခံခဲ့သည်။ ဝန်ကြီးဌာနသည် ၄င်းညွှန်ကြားချက်အား ပွင့်ပွင့်လင်းလင်း တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။

2G သာ ရရှိသည့် ဒေတာဝန်ဆောင်မှု ကန့်သတ်ချက်သည် ၄င်းနေရာဒေသများတွင် နေထိုင်ကြသော လူအများစုအား အင်တာနက်လက်ခံရရှိခြင်းမှ သိသိသာသာ ကာကွယ်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ၄င်းသည် ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ခဲ့သည့် ယခင်အင်တာနက်ဖြတ်တောက်မှု၏ ထင်ရှားသိသာစေသည့် ဆက်လက်လုပ်ဆောင်ချက်ပင် ဖြစ်သည်။ ယခင် 2G ကန့်သတ်ချက်သည်လည်း ၂၀၂ဝခုနှစ် အောက်တိုဘာလကုန်တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင် အင်တာနက်ဖြတ်တောက်မှုသည် အထွေထွေရွေးကောက်ပွဲကာလအလွန် ၂၀၂၀ ခုနှစ် အကုန်အထိ ဆက်လက်ဖြစ်ပွားတော့မည်ဖြစ်သည်။

အကျိုးဆက်အနေဖြင့် ၁.၄ သန်းနီးပါးရှိသော ပြည်သူများသည် နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလ အတွင်း သတင်းအချက်အလက်ရယူမှု၊ အများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ ဝန်ဆောင်မှုများ နှင့် အွန်လိုင်း ဆက်သွယ်မှုများ လက်ခံဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။

၄င်းအင်တာနက်ဖြတ်တောက်မှုသည် ၂၀၂၀ ဇွန်လတွင် ကမ္ဘာ့အရှည်ကြာဆုံး ဖြစ်လာခဲ့သည်။ ၂၀၂၀ နှစ်ကုန်ထိတိုင်အောင် ဖြတ်တောက်မှုအား တိုးချဲ့လိုက်ခြင်းဖြင့် ကမ္ဘာ့ပေါ်၌ ပို၍ အရှည်ကြာဆုံးသော ဖြတ်တောက်မှုကို ဖြစ်စေသည်။

ဤအင်တာနက်ဖြတ်တောက်မှုကြောင့် ကုလသမဂ္ဂ၊ အခြားနိုင်ငံများ၊ စီးပွားရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများက ၄င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေးနှင့် နိုင်ငံရေးအရ ထိခိုက်မှုများအတွက် သိသိသာသာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့ဖြစ်၍ အစိုးရအနေဖြင့် ၄င်းအင်တာနက်ဖြတ်တောက်မှုကြောင့် ၁.၄ သန်းသော ပြည်သူများအပေါ် သိသိသာသာ ထိခိုက်မှုများ ဖြစ်ပေါ်နေသည်ကို လက်ခံအသိအမှတ်ပြုရန် မြန်မာဒစ်ဂျစ်တယ်အခွင့်အရေး ဖိုရမ်မှ ပူးပေါင်းစီစဉ်သူများက တိုက်တွန်းလိုက်ပါသည်။

ကျွန်ုပ်တို့သည် အစိုးရထံသို့ အောက်ပါအချက်အလက်များကိုလည်း တောင်းဆိုလိုက်သည်။

  • ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ (၇၇)၊ (၇၈)နှင့် အခြားသော ပုဒ်မများအား ပြန်လည်သုံး သပ်ရန်နှင့် ၄င်းတို့အား လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန်။
  • မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိကြသော အမျိုးမျိုးသော အင်တာနက်ဝန်ဆောင်မှုပေး သူများနှင့် ပူးပေါင်းကာ အရည်အသွေးကောင်းမွန်ပြီး လုံခြုံစိတ်ချရသော၊ လွတ်လပ်သော၊ ပွင့်လင်း မှုရှိသော အင်တာနက်အား လူတိုင်းရရှိနိုင်ရန် ဆောင်ရွက်ရန်။
  • အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင်  ကျန်ဒေသများတွင်သော်လည်းကောင်းနှင့် လာ မည့် ရွေးကောက်ပွဲကာလများနှင့် မဲဆွယ်စည်းရုံးရေးကာလများတွင် ယခုကဲ့သို့ အင်တာနက်ရရှိမှု နှင့် မြန်နှုန်းကန့်သတ်ပိတ်ဆို့မှုများအား ထပ်မံကန့်သတ်ဖြတ်တောက်ခြင်းများ (လုံးဝ) မပြုလုပ်ရန်။

လက်မှတ်ရေးထိုးထားသူများ

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်အဖွဲ့ (MDRF) – လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ “မြန်” အိုင်စီတီ (MIDO) နှင့် ဖန်တီးရာ (Phandeeyar)


View the original statement.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia