04 November 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ်မဲပေးမည့် မဲဆန္ဒရှင် ၅ သန်းအပါအဝင် ပြည်သူ သန်း ၄၀ နီးပါးသည် ၂၀၂၀ ခုနှစ် မြန်မာ့ရွေးကောက်ပွဲအတွက် မဲပေးကြတော့မည်ဖြစ်သည်။ ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ နေရာ ၁၁၇၁ နေရာကို နိုင်ငံရေးပါတီ ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်ပွဲကာလအတွင်း အပြင်းအထန် ယှဉ်ပြိုင်မဲဆွယ်နေကြသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအတွက် မဲဆွယ်ကတိက ဝတ်ပြုနေကြသော်လည်း ၎င်းတို့နှင့် ဆန့်ကျင်ကွဲလွဲစွာပင် ထောင်နှင့်ချီသည့် မဲဆန္ဒရှင်များသည် တိုက်ပွဲဖြစ်သည့်ဒေသများတွင် နေထိုင်သူများဖြစ်ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် စီးပွားရေးအရ နာလန်ထူရန် ကြိုးပမ်း နေရသူများဖြစ်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အာဏာရအစိုးရ၊ မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)၊ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအပါအဝင်အဓိက အင်အားစုများသည် တိုင်းသူပြည်သားအားလုံး တန်းတူညီမျှစွာ မဲဆန္ဒပေးပိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်ရရှိစေရေးအတွက် တာဝန်ရှိကြသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတန်း (UDHR) အပိုဒ် ၂၁ တွင် “လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားသည်။ သို့သော်လည်း အခြေခံလူ့အခွင့်အရေးမူများနှင့် မဲဆွယ်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာတန်ဖိုးများကို ထိန်းသိမ်းရန် ပျက်ကွက်ခြင်းကြောင့် အထူးသဖြင့် တိုင်းရင်းသားပါတီများနှင့် တိုင်းရင်း သားများအပေါ် ဖိနှိပ်မှုနှင့် စနစ်တကျခွဲခြားမှုများ နက်နက်ရှိုင်းရှိုင်း ခိုင်မြဲစွာဆက်လက်ဖြစ်ပေါ်နေသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ခေါ် ND-Burma မှ ထုတ်ဝေသည့် စာတန်းငယ်သည် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိကမ္ဘာ့ကပ်ရောဂါနှင့် ပြည်တွင်းစစ်ဖြစ် ပွားနေသည့်ကာလ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအခင်းအကျင်းတွင် အခြေခံအခွင့်အရေးများ မည်သို့ ချိုးဖောက်၊ ခြယ်လှယ်ခံရသည်ကိုသုတေသနလုပ် သုံးသပ်ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR)၅ ၏ အခြေခံမူများထဲမှ ဒီမိုကရေစီတန်ဖိုးများအပေါ် တန်ဖိုးမထား၊ မထိန်းသိမ်းသဖြင့် ၂၀၂၀ ရွေး ကောက်ပွဲအပေါ် တရားဝင်မှုကင်းမဲ့ခြင်းနှင့် ဂုဏ်သိက္ခာကင်းမဲ့ခြင်းဖြစ်စေသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.