ဆွစ်ဇာလန်နိုင်ငံ Stucky ကုမ္ပဏီမှ အထက်ရဲရွာရေကာတာဆောက်လုပ်ရေးမှနှုတ်ထွက်ခြင်းကို ဒေသခံ ပြည်သူ လူထုများမှဝမ်းမြောက်ခြင်း

ရက်စွဲ 27/10/2020

နမ္မတူမြစ်ကိုအမှီုပြုပြီး အသက်မွေးဝမ်းကြောင်းပြုကြသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူလူထုများ သည် အထက်ရဲရွာရေကာတာစီမံကိန်းတွင် ဆွစ်ဇာလန်နိုင်ငံ Stucky ကုမ္ပဏီမှ နှုတ်ထွက်သည့်အပေါ် လွန်စွာဝမ်း မြောက်မိပါသည်။

၂၆၊ ၈၊ ၂၀၂၀ တွင် Stucky SA ကုမ္ပဏီမှ Business and Human Rights Resource Centre (BHRRC) အဖွဲ့ထံသို့ ရေကာတာဆောက်လုပ်မှုတွင် နှုတ်ထွက်ကြောင်းကိုစာပေးပို့ခဲ့သည်။ ယင်းပေးပို့စာထဲတွင် “ မိမိတို့ Stucky SA မှ အထက်ရဲရွာရေကာတာဆောက်လုပ်မှုတွင် ဆက်နွယ်မှုရှိတော့မည်မဟုတ်ကြောင်း” ထည့်သွင်းရေးသားခဲ့သည်။

အစိုးရစစ်တပ်မှ အထက်ရဲရွာရေကာတာစီမံကိန်းအနီးတွင် ရေကာတာဆောက်လုပ်ရေးကို လုံခြုံရေး ယူပေး ရန် အတွက် RCSS/SSA ကို စစ်ဆင်တိုက်ခိုက်ရင်း ဒေသခံပြည်သူလူထုများကို ညှင်းပန်းနှိပ်စက်ပစ်ခတ်ကြောင်း ကို ရှမ်းပြည်နယ်လူ့အခွင့်အရေးမဏ္ဍိုင်မှ ၉၊ ၇၊ ၂၀၂၀ တွင် ရေကာတာဆောက်လုပ်ရေးတွင် သတင်းထုတ်ပြန်ပြီး နောက် ပိုင်း BHRRC အဖွဲ့မှ အထက်ရဲရွာရေကာတာနှင့် ပတ်သက်ဆက်နွယ်မှုရှိနေသော နိုင်ငံခြားကုမ္ပဏီများ ထံသို့ ရင်းနှီးမြှုပ်နှံထားမှုကိုနှုတ်ထွက်ပေးရန် တိုက်တွန်းစာပေးပို့ခဲ့သည်။

ရှမ်းလူအခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်တွင် အမည်နင့်တကွ ထည့်သွင်းရေးသားခဲ့သော ကုမ္ပဏီများ ကိုလည်း BHRRC မှမေးမြန်းပြီး ပြန်လည်ဖြေဆိုပေးပါရန်ရေးသားခဲ့သေးသည်။ ၄င်းကုမ္ပဏီတို့မှာ High Tech Concrete Technology Co.,ltd; IPGRB (RAZEL-BEC’s joint venture in Burma); Stucky SA; Toshiba; Yunnan Machinery Import and Export Co.Ltd.; and Zhejian Orient Engineering. တို့ပါဝင်သည်။

Stucky SA ကုမ္ပဏီအပြင် Toshiba ကုမ္ပဏီသာ ၇၊၈၊၂၀၂၀ BHRRC ကို ပြန်လည်ဖြေဆိုပေးခဲ့သည်။ ၄င်းကုမ္ပဏီက တရုတ် ကုမ္ပဏီအခွဲလေးများသာ China’s Zhejiang Orient Engineering တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး အထက် ရဲရွာ ရေကာတာနှင့် ဆက်သွယ်နေသေးကြောင်း ရေးသားခဲ့သည်။ အခြေအနေအရ လိုအပ်လျှင်သာ China’s Zhejiang Orient Engineering ကုမ္ပဏီကိုတောင်းဆို၍ မြန်မာရေအား လျှပ်စစ်ဌာနကိုမေးမြန်းပြီး အခြေအနေ အရ အဆင်ပြေအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Stucky SA ကုမ္ပဏီသည် အထက်ရဲရွာရေကာတာဆောက်လုပ်ရေးတွင် နှုတ်ထွက်သည့် ဒုတိယမြောက် ကုမ္ပဏီ ဖြစ်ပြီး ၂၁.၁.၂၀၂၀ တွင် ပြင်သစ်ကုမ္ပဏီ Engie မှ အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK)ထံသို့ မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သော Lahmeyer ဂျာမနီသည် အထက်ရဲရွာ ရေကာတာဆောက် လုပ်ရေးနှင့် ဆက်နွယ်မှုမရှိတော့သောကြောင့် မြန်မာ့လူ့အခွင့်အရေးချိုး ဖောက်သူများ ၏စာရင်း အမည်ပျက် စာရင်းထဲမှပယ်ဖျက်ပေးပါရန် အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများအဖွဲ့ Burma Campaign (BCUK) အား တောင်းဆိုခဲ့သည်။

အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK) မှ Stucky SA ကုမ္ပဏီသို့ နှုတ် ထွက်ရသည့်အကြောင်းအရင်းနှင့်စပ်လျဉ်းပြီးမေးမြန်းရာ Gruner/Stucky’s Head of Business Area Energy, Stefan Muetzenberg စီးပွားရေးဆိုင်ရာဥက္ကဌထံမှ ၁၂၊ ၁၀၊ ၂၀၂ဝ တွင် အကြောင်းပြန်စာရရှိခဲ့သည်။ ယင်း အ ကြောင်းပြန်စာထဲတွင် မိမိတို့မှာအထက်ရဲရွာရေကာတာဆောက်လုပ်ရေးနှင့် ပတ်သက်ပြီးဆက်နွယ်မှု မရှိတော့ သော်လည်း “သတင်းအချက်အလက်အစစ်အမှန် ဟုတ်ကြောင်းမဟုတ်ကြောင်းကိုတရားဝင်မကြေငြာ သေးပေ” ကြောင်းပြန်ကြားခဲ့သည်။

ရေကာတာဆောက်လုပ်မှုကြောင့်ထိခိုက်ခံရမည့် ဒေသခံပြည်သူလူထုများမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံသို့ ဒေသခံလူဦးရေ ၂၀၀၀ ဦး၏ လက်မှတ်နှင့်အတူ နမ္မတူမြစ်ပေါ်တည်ဆောက်မည့် ရေကာ တာအားလုံးကို ရပ်တန့်သွားရန်အတွက်ကူညီပေးပါရန်နှင့် ဒေသခံများ၏စကားသံကိုနားထောင်ပြီး ဒေသခံများ တောင်းဆိုသည့်အတိုင်းပြစ်ဒဏ်များကိုချမှတ်ပေးနိုင်ပါရန်တောင်းဆိုစာပေးပို့ခဲ့ကြသည်။

မကြာသေးမီဤလက ကျောက်မဲမြို့တောင်ဖက်တကျော အထက်ရဲရွာရေကာတာအနီးတဝိုက်တွင် မြန်မာ့ အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် လက်လွတ်စပယ်ပစ်ခတ်ခြင်း၊ ဒေခံရွာသားများအားညှင်းပမ်းနှိပ် စက်ခြင်းနှင့် ဒေသခံရွာသားပိုင်အိမ်သုံးပစ္စည်းများဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံ (၄၅၀၀)ကျော် စစ်ဘေး ရှောင်ရ ခဲ့ကြသည်။

ဆက်သွယ်ရန်

စိုင်းခေးဆိုင်                   +95: 98-893-712-91                    (ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်)  

နန်းချမ်တောင်း              +66: 81-603-6655                       (ထိုင်း၊ အင်္ဂလိပ်)           

စိုင်းဟော်ရှဲန်                  +66 94-728-6696                       (ရှမ်း၊ အင်္ဂလိပ်)


Download press release in EnglishBurmese and Shan.

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံ ပေးပို့သော အိပ်ဖွင့်ပေးစာ။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia