05 October 2020
2020 ခုနှစ် အောက်တိုဘာလ 5 ရက်
စက်တင်ဘာလ 20, 2020 ရက်နေ့တွင် လွိုင်တောင်းအနီး နွားကျောင်းလျက်ရှိနေသည့် ရွာသား ၃-ယောက် အားရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်မှလွှတ်လိုက် သည့်ထောက် လှန်းရေးဟု အစိုးရစစ်တပ်က စွပ်စွဲပြီး ၎င်းတို့ကို ညှဥ်းပမ်းနှိပ်စက်ခဲ့သည်။
ရွာသားသုံးဦးမှာ မိုင်ကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုဝင် လုံစံကျးရွာမှ လုံးကတိက (သက် 58-နှစ်)၊ စိုင်း နွယ် (သက် 30) နှင့် စိုင်းနေမိန္ဒ (သက် 30) တို့ဖြစ်ကြသည်။
ကျေးရွာသား ၃-ယောက်တို့သည် စက်တင်ဘာလ 20 ရက်နေ့ ညနေ ၃-နာရီ အချိန်တွင်လွိုင်တောင်း တောင်ခြေတဝိုက်တွင် နွားကျောင်းလျက်ရှိနေစဥ် လွိုင်တောင်းတပ်စခန်းမှ အစိုးရတပ်သား ၉-ယောက် နှင့် ထိပ်တိုက်တိုးလေသည်။
ကျေးရွာသား ၃-ယောက်သည် ရှမ်းတပ်မတော်အတွက် လုပ်ကိုင်ပေးနေကြောင်း စွပ်စွဲကာ ပလပ်စတစ် ဖြင့်မျက်နှာစီးပြီး စစ်သား ၆-ယောက်က ခြေဖြင့်ကန်ခြင်း၊ တုတ်များဖြင့်ရိုက်ခြင်းပြုလုပ်သည်။ လုံး ကတိက မှာ ဦးခေါင်းတွင် ၁၅-ချက်၊ စိုင်းနွယ် မှာ ဦးခေါင်းတွင် ၁၀-ချက် ၊ စိုင်းနေမိန္ဒ မှာ ဦးခေါင်း နှင့် ကိုယ်လုံးတွင် ၁၅-ချက် အသီးသီး ရိုက်နှက်ခံကြရသည်။
အစိုးရတပ်သားများက ရွာသားများအား စစ်ဆေးမေးမြန်း ရိုက်နှက်နေစဥ်တွင်– “ငါတို့ကို ထောက်လှန်းဖို့ မင်းတို့ကို RCSSက ခိုင်းလိုက်တာလား။ မင်းတို့ တယောက် ဘယ်လောက်ရကြလဲ?” ဟုမေးလေသည်။
အရိုက်နှက်ခံရွာသားများမှာ ညနေ 4.30 နာရီတွင် အိမ်ပြန်ကြပြီး ကျေးသီးသို့ ဒဏ်ရာဒဏ်ချက်များ ကုသ ရန်ယင်းညနေတွင် ထွက်သွားကြသည်။
လုံးကတိက သည် လုံးခမ်းဦး နှင့် ပါခမ်းဦး တို့၏သားဖြစ်ပြီး၊ စိုင်းနွယ်မှာ လုံးဆင် – ပါပင်း တို့၏သား နှင့် စိုင်းနေမိန္ဒ မှာ လုံးက တိက နှင့် ပါခေါင် တို့၏သား ဖြစ် သည်။
လွိုင်တောင်းတပ်စခမ်းမှ တာဝန်ကျတပ်သား များမှာ မိုင်းပန်ရှိ တာဆန်းမှ တပ်ရင်း ခလရ-294 က ဖြစ်ပြီး၊ မိုင်းပန်မြို့နယ် နား လော် ကျေးရွာအုပ်စုမှ ခြေမြန်တပ်ရင်း ခမရ-575 တို့ဖြစ်ကြသည်။
ရွာသားများအား ညှဥ်းပမ်းနှိက်စက်ပြီးနောက် လွိုင်တောင်းတပ်စခန်းတွင် တာဝန်ကျ တပ်ရေးအရာရှိ အောင်လွင်ကယင်းဒေသခံ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တပ်မှူးထံ အကြောင်းကြားစာ တစောင်ရေးပို့သည်။ ယင်းစာပါအကြောင်းအရာမှာ၎င်းတို့အစိုးရတပ်များ လွိုင် တောင်း ဒေသအတွင်း လှုပ်ရှားမှုကိုထောက်လှန်းဖို့ RCSS က ပို့လိုက်သည့် ရွာသား ၃-ယောက် ကိုဖမ်းထားကြောင်း၊ ကိုဗစ်-19 ကပ်ရောဂါကာလအတွင်း ရန်လိုရန်စမှုမျိုး RCSS က လုပ်ဆောင်တာ ဖြစ်ကြောင်း ပါရှိသည်။ ဤမဟာဗျုဟာကျ လွိုင်တောင်းတောင်ကုန်းကို တနိုင်လုံးပစ်ခတ်ရပ် စဲရေး စာချုပ် (NCA) ချုပ်ဆိုထား သည့် RCSS/SSA ထံမှ အစိုးရစစ်တပ်က မတ်လ အစောပိုင်းတွင် စစ်ဆင် ရေးကြီးတခုအပြီး သိမ်းယူထား ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ မကြာခဏဆိုသလို တပ်စခန်းသစ် တည် ဆောက်ရန်အတွက် စစ်သုံးပစ္စည်းများ၊ ဝါးပိုးဝါးများ၊ သစ်တုံးများကို တောင်ကုန်းပေါ်သို့ သည်ဆောင် ပေးရန် ရွာသားများအား အတင်း အကြပ် စေခိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လ 5, 2020 ရက်နေ့တွင် ခလရ-294 မှ အစိုးရတပ် သားများသည် လွိုင်တောင်း မှ ဆင်းသက်လာပြီး လုံစံကျေး ရွာတွင်းသို့ ဝင်သွားသည်။ အစိုးရတပ်သား များသည် လုံးနန္ဒ၊ လုံးကျောက်၊ လုံးကုဏ္ဍလ နှင့် လုံးမိန်း တို့ ပိုင်ဆိုင်သည့် ထရပ်ကား ၄-စီး ကိုယူကာ ၎င်းတို့စစ်သုံးပစ္စည်းများအား ယင်းတို့တပ် စခန်း တည်ရှိရာ လွိုင်တောင်းတောင်ပေါ်သို့ ဟမ်းငိုင်း ကျေးရွာမှ သည်ဆောင်ပေးစေခဲ့သည်။ သြဂုတ်လ 5, 2020 ရက်နေ့တွင်လည်းပဲ ခလရ-575 မှ အစိုးရတပ်သား များ သည် ဝမ်လုံစံ ကျေးရွာသားများ ပိုင်သည့် ထရပ်ကား ၂-စီးကိုလည်း အလားတူရယူခဲ့သေးသည်။ ကားပိုင်ရှင်များဖြစ် ကြသည့် လုံးဆန်ခမ်း နှင့် လုံးမောင် တို့သည် ဟမ်းငိုင်းမှ စစ်သားများကို လွိုင်ပက်သို့ သည်ယူပို့ဆောင်ပေးရသည်။ တဦးလျင် ကျပ်ငွေ 20,000 စီ သည်ယူပို့ ဆောင်ခစားရိတ် ရသည်ဟုဆိုသည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
စိုင်းရွက်လွင် +66: 97-173-1530 (ရှမ်း၊ မြန်မာ)
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.