21 September 2020
နေ့စွဲ။ ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့
သို့
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ၏ ကိုယ်စားလှယ်များ
အကြောင်းအရာ။ ။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီထံသို့ အိတ်ဖွင့်ပေးစာ။
ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား
မိမိတို့ မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း (၃၆၄) ဖွဲ့မှ စက်တင်ဘာလ ၂၁ ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေလျက်ရှိသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများ၊ တိုင်းရင်းသားဒေသများတွင် ပြင်းထန်စွာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့နေသည့် အခြေအနေများကို တင်ပြရင်း မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို လေးစားအသိအမှတ် ပြုပြီး ကာကွယ်စောင့်ရှောက်ပေးရန်၊ နှင့် ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် António Guterres မှ တောင်းဆိုထားသော ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (Global Ceasefire) ကို မြန်မာနိုင်ငံအနေဖြင့် လေးစားလိုက်နာစေရေး လုပ်ဆောင်ပေးပါရန် လူ့အခွင့်အရေးကောင်စီအား တိုက်တွန်းအပ်ပါသည်။
ကမ္ဘာပေါ်တွင် တစ်ခါမျှမကြုံဖူးသော ယခု ကိုဗစ်-၁၉ ကပ်ဆိုးကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ခါးသီးစွာ ရင်ဆိုင်ခံစားနေကြရာတွင် မိမိတို့မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါသည်။ ကမ္ဘာတလွှားမှ ဤကပ်ဆိုးကြီးကို အံတုတုံ့ပြန်ဖြေရှင်းရန် ကြိုးစားနေချိန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကို အကာအကွယ်ယူပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်သဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန် လာခြင်းနှင့်အတူ ထိုဒေသများရှိ အပြစ်မဲ့ပြည်သူများသည် မတရားဖမ်းဆီးနှိပ်စက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခံရခြင်း စသည့် စစ်၏အနိဌာရုံ အောက်တွင် အကာအကွယ်မဲ့စွာ ကျရောက်နေရမှုအပေါ် မိမိတို့မှ အထူးစိုးရိမ်ပူပန်မိပါသည်။
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group သတင်းဌာန၏ သတင်းဖော်ပြချက်အရ ပြီးခဲ့သော စက်တင်ဘာလ ၃ ရက်နေ့ ည ၉း၃၀ နာရီခွဲအချိန်ခန့်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်း ကျေးရွာနှင့် တောင်ပေါက်ကျေးရွာ နှစ်ရွာလုံးကို မြန့်မာစစ်တပ်မှ မီးရှို့ပြာကျစေခဲ့ကြောင်း သိရပါသည်။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၏ မှတ်တမ်းအရ ထိုကျေးရွာ နှစ်ရွာလုံးတွင် အိမ်အလုံးရေ (၁၉၀) နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထိုတစ်ရက်တည်းတွင်ပင် ရွာသား (၂) ဦးလည်း အသတ်ခံ ခဲ့ရသည်။ ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့၌ မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြေပုံမြို့နယ်ရှိ ညောင်ကန်ရွာထဲ ကျည်ကျသဖြင့် အပြစ်မဲ့ကလေး (၂) ဦးအပါအဝင် စုစုပေါင်းရွာသား (၄) ဦး ကျည်ထိမှန်သေဆုံးပြီး (၁၁) ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။ တစ်ဖန် ပြီးခဲ့သော စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာ၌ မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပြီ အရပ်သား (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်။
သုတေသနနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော မြန်မာ့အရေးလေ့လာသူများအဖွဲ့(BM)၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် ဇန်န္နဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့အထိ လက်နက်ကိုင် ပဋိပက္ခများနှင့် ထိုပဋိပက္ခများအတွင်း ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အရပ်သား သေဆုံးသူ ဦးရေ စုစုပေါင်း (၄၃၂) ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၇၇၅) ဦး ရှိခဲ့သည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အရပ်သား သေဆုံးမှု (၂၉၅) ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၆၇၄) ဦး ပါဝင်ကြောင်း သိရသည်။
ထိုအဖြစ်အပျက်များကို ပို၍ ဆိုးရွားစေသည်မှာ ထိုဒေသများရှိ အပြစ်မဲ့ပြည်သူများသည် ပဋိပက္ခ၏ မြေစာပင် ဖြစ်နေရရုံသာမက ကပ်ဆိုး၏ဒဏ်ကိုပါ ခံစားနေရသည့်ကြားတွင် မြန်မာအစိုးရ၏ သတင်းအချက် အလက် အမှောင်ချထားမှုကိုလည်း ခံစားနေကြရသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝဒေသကို မြန်မာအစိုးရမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်တာနက်လိုင်း ဖြတ်တောက်ထားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ပြည်သူများသည် ကိုဗစ်-၁၉ နှင့် စစ်ပွဲဆိုင်ရာ သတင်းအချက်အလက်ကို လက်လှမ်းမမီနိုင်ဘဲ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေအောက်တွင် ရှိနေပါသည်။ မြန်မာအစိုးရ၏ ယခုကဲ့သို့သော လုပ်ဆောင်နေမှုများသည် ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်နေရုံသာမက စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများမြောက်နိုင်သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု များကို မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျက်ကွယ်တွင် မြန်မာစစ်တပ်မှ ကျူးလွန်နိုင်စေရန် လမ်းဖွင့်ပေးထားခြင်းနှင့်အတူတူပင် ဖြစ်သည်။
ထိုမျှသာမက မြန်မာအစိုးရအာဏာပိုင်များသည် စစ်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့် ရန်နှင့် အင်တာနက်ဖြတ်တောက်မှုအား ပြန်ဖွင့်ပေးရန် တောင်းဆိုသူများကိုလည်း ကိုဗစ်-၁၉ အား အကြောင်းပြု၍ မတရားဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများနှင့် မတရားပိတ်ပင်တားဆီးမှုများ ပြုလုပ်ကာ ဒီမိုကရေစီနှင့် အရပ်ဘက် လူထုအဝန်းအဝိုင်းကို ပိုမိုကျဉ်းမြောင်းစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့် အထူးစိုးရိမ်ပါသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့၌ စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား (၃) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ တို့ဖြင့် မတရားဖမ်းဆီး အရေးယူခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၁၀ ရက်နေ့ မန္တလေးမြို့တွင် အလားတူ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သော ဗကသအဖွဲ့ချုပ်ဝင် ကျောင်းသား (၁၃) ဦး သည်လည်း ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူခံရပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်မြို့၌ စစ်ပွဲဆန့်ကျင်ရေး စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့မှုကြောင့် ဗကသအဖွဲ့ချုပ်ဝင် ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန့်တို့ကို အာဏာပိုင်ရဲများမှ အချိန်မတော် ညအချိန်တွင် ၎င်းတို့ နေအိမ်သို့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုကဲ့သို့ စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းအရေးအတွက် တောင်းဆိုဆန္ဒပြသော ငြိမ်းချမ်းရေးလိုလားသူ လူငယ်များအား အာဏာပိုင်အစိုးရမှ ဖမ်းဆီးဖိနှိပ် အရေးယူနေခြင်းသည် တစ်နည်းအားဖြင့် မြန်မာအစိုးရမှ စစ်မှန်သော ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေခြင်း ဖြစ်သည်ဟု မိမိတို့မှ နားလည်သဘောပေါက်မိပါသည်။
မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့သည် ကိုဗစ်-၁၉ ကပ်ဘေးကို လက်နက်သဖွယ်အသုံးချကာ နိုင်ငံရေး အမြတ်ထုတ်မှုများအတွက် ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး ကိုဗစ်-၁၉ ဖြစ်သည့် အချိန်မှစ၍ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှုနှင့် ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်မှုတို့ဖြင့် လူပေါင်း (၂၀,၀၀၀) နီးပါးကို လက်ရှိအစိုးရအနေဖြင့် အရေးယူခဲ့ကြောင်း Radio Free Asia ၏ မြန်မာအစီအစဉ်မှတစ်ဆင့် သိရှိရသည်။ ဒီမိုကရေစီဖော်ဆောင်မည်ဟု ကြွေးကြော်နေသော လက်ရှိ မြန်မာအစိုးရသည် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခပြဿနာများကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မျက်ကွယ်ပြုကာ ကိုဗစ်-၁၉ အကျပ်အတည်းကာလ အတွင်းတွင်ပင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးကိုသာ အဓိက အာရုံထား စီမံဆောင်ရွက် နေခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖိနှိပ်အရေးယူခြင်းများကြောင့် ပြည်သူလူထုအနေဖြင့် လာမည့်ကာလတွင် ပိုမိုဆိုးရွားဖွယ်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ဒီထက်မက ကြုံတွေ့ခံစားရမည်ကို မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အထူးစိုးရိမ်မိပါသည်။
ကမ္ဘာတစ်ဝှမ်းလုံးမှ ကိုဗစ်-၁၉ ကပ်ဘေးကို ခါးသီးစွာကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တခြားသောတိုင်းရင်းသားဒေသများရှိ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပြီး မြန်မာနိုင်ငံမှ လက်မှတ်ထိုးထားသော ဂျီနီဗာ သဘောတူစာချုပ်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရုံသာမက လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများကိုပါ ကျူးလွန်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အရပ်ဘက်လူထု အဖွဲ့အစည်းများအနေဖြင့် မြန်မာစစ်တပ်မှ ကျူးလွန်နေသာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရရှိစေရေး အလေးအနက်ထား လုပ်ဆောင်ရန် လူ့အခွင့်အရေးကောင်စီအား အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆို အပ်ပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ထောက်ခံလက်မှတ်ရေးထိုးထားသော (၃၆၄) ဖွဲ့မှာ –
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.