15 September 2020
ရက်စွဲ။ စက်တင်ဘာလ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တိုက်ပွဲများ ဖြစ်ပွားနေစဥ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြောင်းလဲဘဲ တိုးပွားလာနေကြောင်း ND-Burma မှ ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ အစီ ရင်ခံသည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အဖြစ်အပျက် ၄၀၁ ခုမှတ်တမ်းတင်နိုင်ခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှု ၄၄၆ ခုရှိသည်။ တိုက်ပွဲများမှာ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများအပြား ဖြစ်ပွား ပြီး ကရင်၊ မွန်နှင့် ကချင်ပြည်နယ်တို့တွင်လည်း မကြာခန ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိသည်။
မြန်မာ့တပ်မတော်မှ လူသားဖြစ်တည်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန် သည့် သက်သေအထောက်အထားများ ရှိသော်လည်း တာဝန်ယူ တာဝန်ခံမှုကို ငြင်းဆိုသည့် ပုံစံများ ဆက်ရှိ နေသည်ကို ND-Burma အဖွဲ့ဝင်များမှ လေ့လာမိသည်။ လူ့အခွင့်အရေးချိုးဖောက်သူများအား တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရန် အတွက် မှတ်တမ်းတင်ရာတွင် မိမိတို့အဖွဲ့ဝင်များအနေဖြင့် ခြွင်းချက်မရှိ အန္တရာယ်များ ကြားမှ ဆောင်ရွက်ရသည်။ အဖွဲ့ဝင်များ၏ သတင်းအချက်အလက်များမှ ရရှိသည့် သက်သေအထောက်အ ထားနှင့် အခြေအနေအပေါ် သုံးသပ်ချက်များအရ လက်နက်ကိုင် ပဋိပက္ခသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ကျူး လွန်မှုအမြောက်အများဖြစ်စေသော အန္တရာယ်ရှိသည့် သံသရာစက်ဝန်းပမာဖြစ်နေသည် ဟု နိဂုံးချုပ်သည်။
မိမိတို့၏ တွေ့ရှိချက်များအရ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်နစ်နာသူ ၁,၀၄၇ ဦး ရှိကြောင်း လေ့လာမိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နှင့် ချင်းပြည်တို့ရှိ ပြည်သူအများစုမှာ တိုက်ပွဲအများအပြား နှင့် ကြုံရပြီး သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းခံရခြင်းနှင့် ညှဥ်းပန်းနှိပ်စက်မှုတို့ကို ခံကြရသည်။ အဆိုပါချိုးဖောက်မှုများကြောင့် လုံခြုံရေးအခြေအနေကို မတည်မ ငြိမ်ဖြစ်စေကာ ပိုမိုးဆိုးရွားစေသည်။ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှု ရထားသော်လည်း အကြမ်းဖက်မှုများ အပစ်အခတ်ရပ်စဲရေးဒေသများတွင်ပင် ဖြစ်ပွားနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရိက္ခာ၊ ရံပုံငွေ၊ လူသစ်နှင့် သတင်းအချက်အလက်မရရှိစေရန် လုပ် ဆောင်သည့် ဖြတ်လေးဖြတ် ဗျူဟာ အပါအဝင် သွေးခွဲအုပ်ချုပ်ရေးကို မြန်မာ့တပ်မတော်မှ အရပ်သား များအပေါ် စနစ်တကျ ပစ်မှတ်ထား ကျင့်သုံးနေကြောင်းလည်း ND-Burma အဖွဲ့ဝင်များ၏ မှတ်တမ်းများမှ ဖော်ပြနေသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများအား စစ်တပ်မှ ပိတ်ဆို့ထားသည့်အတွက် လူသားချင်းစာနာ သည့် အကူအညီများ အရေးပါ်ပေးပို့ရန် နှောင့်နှေးစေပြီး စစ်ရှောင်ဒုက္ခသည်များအတွက် စိုးရိမ်ဖွယ်အခြေ အနေကို ဖြစ်စေသည်။ ထို့အပြင် တင်းကြပ်သည့် စာပေစိစစ်ရေးအခြေအနေအောက်တွင် သတင်းသမား များအတွက် ရေးသားတင်ပြရန် အခြေအနေမှာ ဆက်လက်ကျဥ်းမြောင်းနေဆဲဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ကျူးလွန်မှုအပေါ် တာဝန်ယူ တာဝန်ခံရန်နှင့် တရားမျှတမှု အတွက် ND-Burma မှ ထပ်မံတောင်းဆိုပါသည်။ အကယ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေး အနက်ထား လုပ်ဆောင်မည်ဆိုပါက ဖြစ်စဥ်တွင် ပါဝင်သူအားလုံးသည် အားလုံးပါဝင်သည့် ညှိနှိုင်းဆွေးနွေး ပွဲများနှင့်အတူ တိုက်ပွဲများကြောင့် ထိခိုက်နစ်နာရသူများ၏ လိုအပ်ချက်ကိုပါ ထည့်သွင်းစဥ်းစား၍ အပစ်အ ခတ်ရပ်စဲရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် အတင်း အကြပ်ရွှေ့ပြောင်းခံရမှုနှင့်အတူ အကြမ်းဖက်မှုကို အဆိုးရွားဆုံးခံရသည့် လူ့အသိုင်းအဝိုင်းအနေဖြင့် အယုံ အကြည်ကင်းမဲ့လျှက်ရှိသည်။ ပြန်လည်ကုစားပေးလျော်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုများရရှိရန် အချိန်လင့် နေပြီး မြန်မာပြည်ရှိ ပြည်သူများမှာ တရားမျှတမှုနှင့် ထိုက်တန်သည်မှာ အမှန်ပင်ဖြစ်သည်။
ဆက်သွယ်ရန်
ကိုတိန်ဦး (AASYC)
+၆၆ ၈၁-၅၉၅-၆၁၃၈၊ +၉၅ ၉၈၉ ၁၄၂၄၂၀၁
လိုည်းပို;စေ (TSYU)
+၉၅ ၉၂၆၄၁ ၆၂၂၉
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)
၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)
၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)
၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)
၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)
၄။ ရှေ့ပြေးအသံအဖွဲ့ (PV)
သတင်းထုတ်ပြန်ချက်ကိုမူလနေရာတွင်ဖတ်ရန်။
၎
င
၎
၎
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.