24 August 2020
KBZ နှင့် Max Myanmar တို့၏ နိုင်ငံတကာ စီးပွားမိတ်ဖက်များအနေဖြင့် တရားမျှတမှု ဖော်ဆောင်ရမည်။
သြဂုတ် ၂၄ ၂၀၂၀။ မြန်မာနိုင်ငံ
မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ်ကျူးလွန်သော လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေး သုံးနှစ်ပြည့်ချိန်တွင် Justice For Myanmar မှ ခရိုနီလုပ်ငန်းစုများဖြစ်သည့် KBZ နှင့် Max Myanmar တို့အား နိုင်ငံတကာတရားဥပဒေနှင့်အညီ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန်တောင်းဆိုလိုက်သည်။ အဆိုပါ လုပ်ငန်းကြီးနှစ်ခုလုံးသည် ကုလသမဂ္ဂ၏စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များအရ တရားမျှတမှုနှင့်၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှုမှ နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများကို ကုစားမှုပေးရန် တာဝန်ရှိသည့် နိုင်ငံတကာစီးပွားမိတ်ဖက်များနှ
KBZ နှင့် Max Myanmar တို့၏ စီးပွားမိတ်ဖက်များသည် နစ်နာသူများ နှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန်အတွက် ချက်ချင်းဆောင်ရွက်ရပါမည်။ လက်ရှိအချိန်ထိမူ ၎င်းတို့သည် လူ့အခွင့်အရေးဆိုင်ရာ သေချာစေရေး လုပ်ဆောင်ရမည့် တာဝန်ရှိမှုများကို ပျက်ကွက်နေဆဲပင်ဖြစ်ပါသည်။ အဆိုပါ စီးပွားမိတ်ဖက်များတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဆွစ်ဇာလန် နှင့် ဂျပန်တို့မှ ကုမ္ပဏီကြီး များဖြစ်သည့် Shell ၊ AIA ၊ Accor ၊ Sumitomo Mitsui Banking Corporation ၊ Hughes Network Systems နှင့် Kempinski AG တို့ပါဝင်နေပါသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ဟာ စစ်တပ်နဲ့ခရိုနီစီးပွားရေးလုပ်
ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂို
၂၀၁၉ သြဂုတ်လတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) က အထက်ဖော်ပြပါ လှူဒါန်းမှုများကို စုံစမ်းစစ်ဆေးပြီးနောက် “မစ်ရှင်အနေနှင့် KBZ နှင့် Max Myanmar တို့၏ တာဝန်ရှိသူများအား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့်ပြီး၊ လိုအပ်ပါက လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှု တွင်ပါဝင်သည့် “အခြားလူမဆန်သောလုပ်ရပ်များ” ကျူးလွန်ရန် ငွေအများအပြားဖြင့် တိုက်ရိုက်ထောက်ပံ့ပေးသည့်အပေါ် ရာဇဝတ်ကြောင်းအရ အရေးယူမှုများ ပြုလုပ်နိုင်ရန် ခိုင်လုံသောအချက်အလက်များလည်း ရရှိထားပြီ” ဟု သုံးသပ် ပြောကြားထားပါသည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်
KBZ နှင့် Max Myanmar တို့၏ စီးပွားရေးမိတ်ဖက်များအား ၎င်းတို့တာဝန်ရှိမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးရန် Justice For Myanmar မှ တောင်းဆိုလိုက်သည်။
၁။ စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သော ရာဇဝတ်မှုများအား ကူညီထောက်ပံ့နေသော (ဝါ) အားပေး အားမြှောက် ပြုနေသော ကော်ပိုရေးရှင်းများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမပြုပါ
၂။ KBZ နှင့် Max Myanmar မှ မြန်မာစစ်တပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများအားလုံး၊ မြန်မာစစ်တပ်နှင့် UEHRD အား လှူဒါန်းထားမှုများအားလုံးကို အများပြည်သူသိစေရန် ထုတ်ပြန်ပေးရန်။ အကယ်၍ KBZ နှင့် Max Myanmar တို့မှ လိုက်နာရန် ပျက်ကွက်ပါက စီးပွားရေးအရ ပတ်သက်မှုအားလုံးကို ဖြတ်တောက် ရပ်ဆိုင်းပစ်ပါရန်။
၃။ KBZ နှင့် Max Myanmar တို့အနေဖြင့် လက်ရှိအချိန် (ဝါ) နောင်အနာဂါတ်တွင် မြန်မာစစ်တပ်နှင့် မည်သည့် စီးပွားရေးအရဆက်ဆံမှုမျိုးမှ မရှိတော့ကြောင်း၊ လက်ရှိအချိန် (ဝါ) နောင်အနာဂါတ်ကာလတွင် မြန်မာစစ်တပ်သို့ ထောက်ပံ့လှုဒါန်းခြင်း မပြုလုပ်တော့ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်မချင်း စီးပွားရေးအရ ဆက်ဆံရေးများအား ဖြတ်တောက်ပစ်ရန်။
မရတနာမောင်က “KBZ နဲ့ Max Myanmar တို့ဟာ အပြစ်ပေးအရေးယူခြင်းမခံရဘဲ လုပ်ငန်းဆက်ပြီးလည်ပတ်နေတာဟာ လက်သင့်ခံဖွယ်မရှိပါဘူး။ ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ ၈၀၀,၀၀၀ သော အသက်ရှင်ကျန်လွတ်မြောက်သူ ရိုဟင်ဂျာတွေအတွက် သာမက၊ မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အမြောက်အများ
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိ
လူမျိုးတုန်းသတ်ဖြတ်မှုများအား ထောက်ပံ့လှူဒါန်းမှုများအပေါ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ စုံစမ်းစစ်ဆေးမှုများနှင့် အကြံပြုတိုက်တွန်းချက်များကို အသေးစိတ်သိရှိလိုလျှင်- ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်
ထပ်မံသိရှိလိုပါက –
ရတနာမောင်
အီးမေးလ် – [email protected]
ဝဘ်ဆိုဒ် – https://www.justiceformyanmar.
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/
PDF ဖိုင်ကိုမြန်မာဘာသာဖြင့်ယူရန်။
PDF ဖိုင်ကိုအင်္ဂလိပ်ဘာသာဖြင့်ယူရန်။
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.